Sunday, December 28, 2014

((ရွှေရောင်အလွမ်းကို ဖမ်းတဲ့သူ))


့(( နေညိုချိန်........ရွှေရောင်အလွမ်း))

မျက်ဝန်းကလေး ခဏပိတ်
တိတ်တဆိတ်လေးထိုင်
အလွမ်းတိမ်ဆိုင် မင်းဆီရောက်ပေါ့..............

ဘယ်မမှီတဲ့ အလွမ်း
့ပင်ပန်းတယ်တောင်မထင်ဘူး.....

ရူးလောက်အောင် မင်းစွမ်းဆောင်
မြင်ယောင်ကာတွေးမိ
ဆွေးကြည့်ပေါ့ တခါတရံ
တေးသံတောင် ပျောက်လောက်ပါရဲ့............

နေညိုချိန် ရွှေရောင်အလွမ်းကို
လှမ်းဖမ်းကာရင်ထဲထည့်တော့
အသဲတစိုင်က အငွေ့ပျံ
မျက်ရည်တာတမံကျိုး
ဘယ်အညှိးနဲ့ စွန့်ပစ်ခွာ
ချစ်တာတွေ သင်ပုန်းချေမရလို့
မင်းကို မုန်းအောင်သင်လှဲ့ပါ................။
ရွှေပန်းချီ

့((ချစ်သူ့ .....ပါရမီဖြည့်ဖက်ကလေး))

့((ချစ်သူ့ .....ပါရမီဖြည့်ဖက်ကလေး))


 

ချစ်သူရေ........

ချစ်ခရီးလမ်းလေး.....
အတူထွေးလို့
ပန်းမွှေးသောလမ်းလဲ
လျှောက်ပါ့မယ်

ဘဝကြမ်းခရီး........
ဆူးတွေပြီးလည်း
မငြီးသဘော.....
အားမာန်နှောဖို့ 
ရင်ဆိုင်နွဲလို့လျှောက်ပါ့မယ်

ကံကြမ္မာဆိုးကောင်း....
သွဲ့သွဲ့ပြောင်းလည်း
မနှောင်းနောင်တ
ရင်မှာခလို့
မောင့် လက်ကိုတွဲ လိုက်ပါ့မယ်

မယိုင်ကျောက်တိုင်.......
စိုက်ထူနိုင်ဖို့
တူညီတွဲဖက်......
ပြုံးထားလျက်နဲ့လိုက်ပါ့မယ်

မောင်ကအဖြူဆို.....
ဘယ်မငြူသေး
ဘော်သာခွာဖွေး....
ထပ်တူတွေးလို့ထားပါ့မယ်

ဘယ်သောင် ဘယ်ကမ်း
ဘယ်သို့လှမ်းစေ
ကြင်နာမြတ်နိုး.....
ဆယ်ဆတိုး
သစ္စာနွယ်ယှက်....
မေတ္တာဖက်လို့
မခွဲတမ်းသာ လျှောက်မယ်...နော်။
ရွှေပန်းချီ

့.ဓားသွားပေါ်ကပျားရည်စက်

့.ဓားသွားပေါ်ကပျားရည်စက်


တိတ်ဆိတ်နေတဲ့ည
ကြယ်လေးတွေလဲ အိပ်တဲ့ည.....

မီးမှိန်ကလေးမလင်းတလင်း အခန်းငယ်ထဲ
ကိုယ့်အသက်ရူသံ စည်းချက် ကိုယ်ပြန်တွက်
စိတ်အခက်ခဲက ရင်ဘတ်ရိုက်နေတယ်......

ဟို..မဝေးတဝေးလေးမှာရှိတဲ့ ဘူတာရုံအဟောင်းလေးရဲ့ လမ်းဆီက အသံကြားလို့ ပြူတင်းပေါက်ကနေ လှမ်းကြည့်
မချိတရိလေး အသာခုတ် မီးရထားခေါင်းအုပ်တွဲ တစီးထည်း အသံအိုလေးဆွဲလို့ အမှောင်ထုတဲ တိုးဝင်သွားတယ်........

ညဥ့်နက်ထဲ ပျံ့လွင့်လာတဲ့ လေနဲ့အတူ
ခွေးအူသံ သဲ့သဲ့ကြောင့် စိမ့်တက်လာတဲ့ အေးစက်မှုက လက်ဖျားအထိစုလာတယ်...

အနွေးထည်ကလေးကိုတင်းတင်းဆုတ်ဖို့ 
လက်ကလေးကို အိပ်ထဲတိုးဝှေ့မိတော့
ထိမိတဲ့ဖုန်းကလေး တိတ်ဆိပ်ငြိမ်သက်
်နေသေးတယ်......

ည ၁၁းဝဝ ဆိုမည်နေကျ ဖုန်းသံလေး ချစ်သူ လိပ်ပြာ ငါ့နားပျံ့ပြေးကထဲက တပါတည်းလိုက်ပါ သွားတာနှစ်တဝက်ကျိုးရာသီလေတောင်
်ပျိုးသွားပြီလေ....

တချို့လူတွေကပြောကြတယ်....
ပုံမှန်ရယ်မောခြင်းထက် ပိုရယ်နေရင် ငိုချင်လို့တဲ့
ပုံမှန်ပျော်ရွှင်တာထက်ပိုပျော်နေရင်အထီးကျန်လို့တဲ့
ပုံမှန်အိပ်စက်ခြင်းထက်ပိုအိပ်စက်နေရင် အသဲကွဲနေလို့တဲ့.....

မသိတော့ပါဘူး ချစ်သူရယ်....
အခုဆို ငါအိပ်ခန်းလေးထဲမှာ တိတ်တိတ်ကလေး နေလာခဲ့တာ ရက်ပေါင်းများစွာကြာခဲ့ပြီလေ....

နင်ပျော်ပါစေ ဆုတောင်းပေးနေမယ်......
ရွှေပန်းချီ

ရွှေကြိုက်နှစ်သက်တဲ့ အဆိုတော်ကြီးလေးဖြူရဲ့ စိတ်ပူတယ် သီချင်းလေးကို့ ခံစားရေးမိပါသည်ရှင့်

့((((ချစ်သူ.......ခွင့်ပြုပေးပါနော်)))


့((((ချစ်သူ.......ခွင့်ပြုပေးပါနော်)))

ချစ်သူရေ.....
နားလည်မှုပျောက်
ငြိုးမာန်ရောက်လို့
အချစ်ကြေမွ ရူးသွပ်ရလဲ
မိုက်မဲစွာနဲ့ လွမ်းနေတယ်...........

 
်မကြင်နာစွန့်ခွာလဲ
မောင့်.....ရင်ခွင်ညှာ
မသိစိတ်ကလေးမှာ
ပုန်းအိပ်ဖို့တော့ ခွင့်ပေးပါ.........

ဒီဘဝမဆုံ သံသရာကြုံရင်
တို့ရင်ခွင်ထဲ မင်းအရိပ်ကလေး
ထွေးသိပ်နွေးဖို့ ကတိပေးမယ်

ချစ်သူရေ........
တစ်ယောက်ကချစ်တာ
တစ်ယောက်သိ ခံစားမိမှ
အမှတ်တရဖြစ်စရာ
ဘာမှမရှိပါလို့
ဟန်ဆောင်ပြောထွက်
လှည့်စားချက်မှာ
မင်းမျက်ဝန်းတစ်စုံ မလုံခြုံဘူး
နှစ်လုံးသားချင်းတော့ သိနေတယ်....။
ရွှေပန်းချီ်
— with Minye Thway, Chit Oo Mg, Ko Naing Pma and 77 others.

မြတ်စွာဘုရား၏ ဂုဏ်တော် ၉ ပါး












 မြတ်စွာဘုရား၏ အနှိုင်းမဲ့ဂုဏ်တော်
၉ ပါး နိဒါန်းတော်
ဗုဒ္ဓအလောင်းအလျာ သုမေဓာဘဝ
နိယတဗျာဒိတ်ခံယူ နောင်ဇမ္ဗူတွင်
သဗ္ဗညုတမြတ်ဘုရားစစ်
ဧကန်ဖြစ်ရန် မျိုးစေ့မှန်အား
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
မိုးလုံးကြိမ်းမျှ သောင်းသောင်းထအောင်
အဖန်ဖန်စိုက်ပျိုး ပါရမီတိုးသည်
အသက်သွေးပေါင်း မနည်းတည်း။
ဖြည့်ကျင့်ပါရမီ အလွန်ဝေစည်သမို့
ဂုဏ်ရည်အပေါင်း အလွန်ခညောင်း
မနှိုင်းယှဉ်သာ ကိုးပါးအဖြာအား
ပန်းပဒုံကြာထား လက်ဆယ်ပါးဖြင့် မြတ်နိုးရှစ်ခိုးကြပါစို့........ရှင့်။

 ၁းး အရဟံ
ဂုဏ်တော်ထုံလွှမ်း ပထမပန်းမှာ
တစ်ထောင့်ငါးရာ ကိလေသာ
ဝေးကွာမစပ်ယှက် သံသရာစက်မှ
ပယ်ဖျက်ချိုးဖောက် ငြိမ်းအေးရောက်
လူနတ် ဗြဟ္မာ အသူသူ ပူဇော်ယူ
အထူးထူးခံသည် အရဟံမည်.....သရှင့်။

 ၂။ သမ္မာသမ္ဗုဒ္ဓ
ဂုဏ်တော် ဒုတိယ မြတ်ဗုဒ္ဓ၏
လွန်စွာထူးသား သယမ္ဘူဥာဏ်တပါး
်ဤကားတရားစစ်မှန် ကိုယ်ပိုင်ဥာဏ်နှင့်
သိကြောင်းဖန်သမို့""သမ္မာသမ္ဗုဒ္ဓ""ဘွဲ့ တော်သ.....ရှင့်။

 ၃။ ဝိဇ္ဇာစရဏ သမ္ပန္န
မြတ်ဘုရားရှင်သည် စရဏအပြား
တဆယ့်ငါး သုံးပါးရှစ်ဖြာ ဥာဏ်ဝိဇ္ဇာ
ကောင်းမွန်ရလျက် ထူးခြားချက်ကြောင့်
ဝိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်တပါး
ဦးထိပ်ထား......ရှင့်။

 ၄။ သုဂတ ဂုဏ်တော်
မြတ်ဘုရားရှင် ကောင်းစွာကျင့်အပ်
မဇ္ဈိမ ပဋိပတ် အလယ်အလပ်လမ်း
မဂ္ဂင်ပန်းဖြင့် ရွှေနန်းနိဗ္ဗာန်ကြွချီမှန်လို့
အစဉ်ဦးချထာ်း""သုဂတ""ဂုဏ်တော်တပါး...ရှင့်


၅။ လောကဝိဒူ
လောကသုံးပါး တရားများကို
အကြွင်းမရှိ ကဝိတဆူ
ဥာဏ်တော်ရှိထား
မြတ်ဘုရား၏ူ""လောကဝိဒူ""ဂုဏ်တော်တည်းး။
သတ္တလောက
သင်္ခါရလောက
သြကာသလောက

၆။ အနုတ္တရောပုရိသဓမ္မသာရထိ
မိုးစွန်ထိခိုက် ငါစွဲမိုက်သည့်
မာနခက်ထား နတ်နဂါးနှင့်
အင်္ဂုလိမာလ သစ္စက
ဗကဗြဟ္မာ ဆင်နာဠာ
လူနတ်တိရစ္ဆာန် မေတ္တာမှန်ဖြင့်
ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ်
စံပြုနှိုင်းမရှိ""အနုတ္တရောပုရိသဓမ္မသာရထိ""
ဂုဏ်တော်တပါး ဦးချထားသရှင့်။

 ၇။ သတ္တာဒေဝ မနုဿနံ
ဗြဟ္မာနတ်လူ သုံးဘုံလူ
ဆရာတဆူ ဥာဏ်တော်ကူလို့
သတ္တာသ ဘုံကိုးဝ၏
တုပနှိုင်းထား မရှိငြားမို့
ဂုဏ်တော်ဖွင့်စံ""သတ္တာဒေဝ မနုဿနံ" ...ရှင့်။

၈။ ဗုဒ္ဓ ဂုဏ်တော်
လောကအမှန်တရား သစ္စာလေးပါး
ပိုင်းခြားဝေဘန်သိ မြတ်ကဝိ
ကိုယ်တိုင်ပိုင်းခြား မြတ်တရားမို့
ဗုဒ္ဓဂုဏ်တော် ပြည့်စုံဖော်လို့
ဦးချညွတ်ထား ဂုဏ်တော်တပါး......ရှင်
ဒုက္ခသစ္စာ=ဆင်းရဲကျိုးအမှန်တရား
သမုဒယသစ္စာ=ဆင်းရဲကြောင်းအမှန်တရား
မဂ္ဂသစ္စာ=ဆင်းရဲမှလွတ်ရာကျင့်သောအသိတရား
နိရောဓသစ္စာ=ဆင်းရဲမှလွတ်ကင်းရာမြတ်နိဗ္ဗာန်

 ၉။ ဘဂဝါ ဂုဏ်တော်
ဣဿရိယ ဓမ္မရဿ
သိရိကာမ ပတ
ဘုန်းတော်ခြောက်စုံ
ဂုဏ်တော်အဟုန်ကြောင့်
ဘဂဝါ မြတ်ဘုရား ဦးထိပ်ထား....ရှင့်။


မြတ်စွာဘုရား၏ အနှိုင်းမဲ့ဂုဏ်တော်၉ ပါး
ပူဇော်ကန်တော့ခြင်းနှင့် ဆုတောင်း

အရဟံ အစ ဘဂဝါအဆုံး
ဘဝဂ်ချူံးမျှ ဘုန်းရှိန်ကြီးမား
ဂုဏ်ကိုးပါး မြတ်ဘုရားအား
စေတနာဇောဆူ မနောဖြူလို့
ကြည်နှုးသဒ္ဒါ ရိုသေစွာ
ပန်ထွာမြတ်နိုး လက်စုံမိုး
ရှိခိုးဦးချ ထိုတဝအတွက်
ခန္ဓာဝဋ်ဒုက္ခ လွတ်ရာအမှန်
မြတ်နိဗ္ဗာန်သို့ ရလွယ်
ရောက်လွယ်သောသူ ဖြစ်ပါရစေ ဆုတောင်းချွေသည် နတ်လူ သာဓုခေါ်ပါစေ....ရှင့်
ရွှေပန်းချီ်

မြတ်စွာဘုရား၏ တရားဂုဏ်တော် ၆ ပါး





မြတ်စွာဘုရား၏ တရားဂုဏ်တောာ်၆ ပါး 
နိဒါန်းတော်
လောကသုံးလူ ဘုရားတဆူ
ဖြစ်တော်မူလည်း ဆင်ခြင်သုံးသပ်
ထားရှိအပ်သည် ဆရာမည်သမို့
ရွှေဥာဏ်ကွန့်ဖြန့် အဖန်ဖန်ထပ်ရှာ
မြတ်ဘုရားထက်သာ မြတ်ဆရာမရှိ
ပြန်စီစစ်ထား တရားသားကို
ရှိထားအပ်စေ မျှဘုန်းဝေသည်
ဂုဏ်တော် ၆ပါး တရားများကို
ရွှေတို့ ပူဇော်ကြပါစို့.......ရှင့်


၁။သွက္ခာတော
ကိလေသာဆိုသော အပူမီး
ငြီးငြီးတောက်လောင်
ဆူအောင်တိုက်စား ဘဝများအား
ငြိမ်းအေးစေအောင် ဖေါ်ဆောင်ဟောပြ
မှန်ကန်လှသည့် မြတ်တရား
တပါးအခေါ်"သွက္ခာတော"...ရှင့်

   

၂။ သန္ဒိဋ္ဌိကော
ကောင်းမြတ်သော အသိ
မှန်ကန်ကျင့်ကြံ
အားထုတ်မှန်က
ကိုယ်တိုင်ခံစား
မြင်သိငြားသော"သန္ဒိဋ္ဌိကော"
တရားတော်တပါး ဦးချထားရှင့်။


  

၃။ အကာလိကော
မှန်ကန်သစ္စာ မြတ်ဒေသနာ
ယုံစွာလက်ခံ ယခုကျင့်ပြန်က
အချိန်ခွင့်မဆိုင်း လက်ငှင်းတိုင်းပင်
မြန်ဆန်ကျိုးစံ
ဖြစ်စေမှန်သော"အကာလိကော"တရားတော်မြတ်အား ဦးချထား....ရှင့်။


   
၎။ ဧဟိပဿိကော
အမှန်သစ္စာ မြတ်ဒေသနာကို
ကိုယ်တိုင်အသိ ရင်ဝယ်ညှိလျက်
လာပါရှုကြည့် ထိုးထွင်းရှိအောင်
ဖိတ်ခေါ်တိုက်တွန်း
အစွန်းမရှိသော"ဧဟိပဿိကော"
တရားတော်တပါး ဦးချထား.....ရှင့်။



 ၅။ သြပနေဟိတော
မှန်ကန်သစ္စာ မြတ်ဒေသနာကို
်မိမိ စိတ်သဏ္ဍန်ကိန်းအောင်
ကောင်းစွာကျင့်ဆောင်
ထားစေထိုက်သော"သြပနေဟိတော"
တရားတော်မြတ်အား ဦးချထား....ရှင့်။



 
 ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ
မှန်ကန်သစ္စာ မြတ်ဒေသနာကို
တရားသိမြင်ထား မဂ္ဂင်ရှစ်ပါး
အရိယာများသာ ကိုယ့်တရားကိုယ်
ခံစားထားစေထိုက်အသိ
့" ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ "
တရားတော်မြတ်အား ဦးချထား....ရှင့်

 

 မြတ်စွာဘုရား၏ တရားဂုဏ်တော် ၆ ပါး
နိဂုံးတော်ကို ပူဇော်ခြင်း

သွက္ခတာ အစ ပစ္စတ္တံဝေဒိ အဆုံး
တရားဂုဏ်တော် ခြောက်သွယ်ဘုန်းရှိ
မှန်ကန်သစ္စာ မြတ်ဒေသနာနှင့်
မဂ်ဖိုလ်လေးပါး ပရိယတ်အားဖြင့်
ဆယ်ပါးစုစုံ အဖုံဖုံ ကို
မြတ်နိုးဦးခိုက် ရှစ်ခိုးလိုက်ကြပါစို့.....ရှင့်။






((မောင့်ချစ်သူ.....မြန်မာမလေးပါနော်)))



့((မောင့်ချစ်သူ.....မြန်မာမလေးပါနော်)))

မြန်မာမလေး အလှပို
တေးကဗျာသကာဆိုမယ်...ရှင့်

မြန်မာမိဘ ဆိုဆုံးမထား
မြတ်စကားကို နားဝယ်မကျ
ပန်ဆင်သလို့ မြင့်မိုရ်ကျေးဇူး
ဂုဏ်အင်ထူးသည့်
ငါးဖြာ တော်ဝင် ကျေးဇူးရှင်အား
နေ့စဉ်ရိုကျိုး ရှစ်ခိုးသူ....ပေါ့

အိမ်မှုအလုပ် သိမ်းထုတ်သေချာ
အဖြာဖြာလည်း စိတ်မှာစွဲလို့
အိနြေ္ဒခင် အပျိုစင်တို့
တန်ဖိုးလည်းတက် အလှဖက်အောင်
ပြုမူနေထိုင် လှပန်းခိုင်လေ့း
ဥာဏ်ရည်ဥာဏ်သွေး
ဦးမလေးအောင်
စာပေစာဖတ် အမြဲမပြတ်
သင်ကြားလေ့လာ ဆုံးမစာအား
အသိသတိ ရင်ဝယ်ညှိအောင်
ရိုကျိုးနာခံ လိမ္မာပြန်သရှင့်.............

ချိုသာနှုတ်ခွန်း စကားသုံးလျက်
တည်ငြိမ် အပြုံး အမြဲသုံး
ဝန်တိုမိစ္ဆာ ကိုယ်နှင့်ခွာလို့
သတ္တဝါအပေါင်း အေးစေကြောင်း
ဆုတောင်းသဝဏ်လွှာ
ပို့မေတ္တာက မြန်မာမလေး
ပိုလှသေး......နော့်

အမရာ ကိန္နရီ မဒီ သဗ္ဗူလ
တော်လေးဝ.........
မိန်းမမြတ်စာရင်းဝင် အိမ်ထောင်ရှင်မို့
သားကိုသခင် လင်ကိုဘုရား
ဦးစားထားလို့ ......
ကြင်နာတတ်သူ အေးမျှပူတို့ ပေးယူသက်ဆုံး
ယောင်နောက်ဆံတုံးလို
လိမ္မာတတ်သူ မောင့် ချစ်သူလေး
မြန်မာမလေး...ရှင့်။
ရွှေပန်းချီ

Saturday, December 27, 2014

((မြန်မာနှလုံးသားထဲ့က ...ပုဂံပြည်)))

((မြန်မာနှလုံးသားထဲ့က ...ပုဂံပြည်)))
့  ((သာစွဌာနေ.....မြန်မာ့ပုဂံပြည်)))့



 










မျိုးဂုဏ်ပြခွင်း ပုဂံရှုခင်း
ရောင်ဝါထွန်းပ ပုဂံအလှ
မြန်မာလို့သိ ပုဂံပြည်ရှိသည်
ငါတို့ မင်းသာကီနွယ်ပါ သူငယ်ချင်း.......

အနောက်ကစီး ဧရာမြစ်ကြီး
အရှေ့တောင်တူးဖော် မြကန်တော်နဲ့
ပြန့်ပြူးသဲခင်း ရွှေတလင်းမို့
သာယာစည်ပင် ပုဂံမြေတခွင်ပေါ့ .......

သာသနာစည်တီး မြည်ဟီးခွင့်ပ
မင်းမြတ်ကစ သူဆင်းရဲမအထိ
သဒ္ဒါကျိုးပေါက် နေမထိုးလောက်အောင်
ပုထိုးစေတီမှန် လှည်းဝင်ရိုးသံတညံညံ လို့
သောင်းသောင်းဖျအောင် တည်ခဲ့သည်

မြန်မာစိတ်ရှိ မြန်မာအသိက
ဖြူစွာစိတ်ရင်း အေးချမ်းခြင်းမို့
လိုလောဘမရှိ ပေးလှူသိလည်း
ကိုယ့်မြေထိညား ပုဂံသားအားမာန်
ဘဝဂ်ညံခဲ့ ချိမ့်ချိမ့်လျှမ်းမျှရှိခဲ့သည်

ပုဂံအသွေးအသား အရင်းတည်ထားတဲ့
ငါတို့မြန်မာသား ဘာမထီဘွားမို့
ငါတို့အားမာန် တွန်းလှန်ရဲကြည့်
ငါတို့အသက် စွန့်တတ်သည်

ပုဂံပြည်ကစ မျိုးချစ်အမွေ
ရှင်သန်စေလို့ ဘယ်ချိန်ဘယ်ရောက်
သွေးသောက်ပမာ မြန်မာဆိုရင်
တို့ချစ်လျက် ရင်နှီးခက်ဝေကြပါသည်

ဒါကြောင့်လေ......
မြင့်မြတ်ဌာနေ ပုဂံပြည်
မဟာဆန်ပေ ပုဂံပြည်
မြန်မာတို့အမွေ ပုဂံပြည် ဟေ့ ....သူငယ်ချင်း။
ရွှေပန်းချီ

Wednesday, October 22, 2014

့ (((အမေက......မှာခဲ့တယ်.))

့ (((အမေက......မှာခဲ့တယ်.))

ဘဝဆိုတာ ချောမွေ့ကြည်လင်ဖန်သားပြင် ကျောက်သလင်းရဲ့ ကစားကွင်းလဲ မဟုတ်ပါကွယ်

ဘဝခရီးလမ်း အတက်အဆင်းကြမ်း
သံပန်းဆူးခက် ထွေခတ်နေတဲ့ လှေကားထစ်တွေရှိလေရဲ့.............

ဘဝနဲ့ အောင်မြင်ခြင်းများ ကူးဆက်ထားတဲ့
တံတားအခင်း ပျဉ်ချပ်တွေက တခါထပ်မကပဲ ဆွေးမြေ့လိုလဲနေတတ်တယ်......

တခါတရံ ရှုံးနိမ့်ခြင်းများ မင်းအတွက်ထားတယ် မထင်ပါနဲ့ နောက်တခါ ကြိုးစား အောင်မြင်ခြင်းတံခါး ပွင့်သွားတာလဲ ဖြစ်ပါတယ်

ဒါပေမယ့်ကွယ်
မောလှတယ်လို့ ဘယ်သောအခါမျှ မတွေးနဲ့
အမေလက်နဲ့ ထုဆစ်ကာသွန်း
အားအင်တခွန်းက အမြဲတန်းပဲ ရှိနေမယ်
းးးးအမေက သိပ်ချစ်ပါတယ်ကွယ်းးးးး

လောကဓံ ကစားကွင်း လဲလျှောက်ရမယ်
အောင်မြင်မှု တံတားလဲ ဖြတ်ရမယ်
မေမေ သားကောင်း လူအပေါင်းကအသိမှတ်ပြု
လူမှုတွင်ကျယ် စေပါကွယ်
ရွှေပန်းချီ

ရွှေ့ချစ်ရပါသော
မေမေနဲ့ အမေအားလုံးကိုဂုဏ်ပြုလေးစား ဂါရဝထားလျက်ဦးခိုက်လိုက်ပါတယ်ရှင်

Tuesday, October 21, 2014

့ (( မပြီးသေးသော .... ချစ်ပန်းချီ))


့ (( မပြီးသေးသော .... ချစ်ပန်းချီ))

ချစ်ခဲ့ရသူရေ.........
အိုဟောင်းကာဆွေးမြေ့ နာကြည်းစရာ
ဆောင်းညပန်းချီကားတစ်ချပ်
ကျမ ရင်မှာ ဘာကြောင့်အပြီးမသတ်လဲလို့
ခဏ ခဏ မေးလာကြတယ်နော်......

ဟုတ်ပါတယ်လေ.....
အမြင်မှာမလှ အဆင်တန်ဆာလဲမကျ
ဒဏ်ရာတွေက ပလပွနဲ့
စုတ်ချက်က ခပ်ပြင်းပြင်း
ဆေးသားကလဲ မလင်းတလင်း
မြင်သူအပေါင်းမနှစ်သက်
ပျော်စရာကောင်းနေတဲ့
ပန်းချီကားတစ်ချပ်မှ မဟုတ်တာဘဲနော်

ဒါပေမယ့်လေ..........
ဖြူစင်တဲ့ ရင်ခွင်ကိုကားတင်
နှစ်လုံးသားရင်ကိုထိုးဖောက်
ကျမ သစ္စာရေသောက်လို့ ချစ်သူပုံတူဆွဲ
ကမ္ဘာမကျော်ခဲ့လဲ ကျေနပ်နေခဲ့တာပါပဲ
ချစ်သူကကျောခိုင်း စကားရိုင်းရိုင်းတွေပြောလဲ
နာကျည်းခြင်းတပိုင်း သံယောဇဉ်ဆိုင်းသေးတာမို့
မလှပတဲ့ ဆောင်းချစ်သူပန်းချီကားတစ်ချပ်
ကျမဝိညာဉ်ပြတ်မှပဲ ဖြုတ်သိမ်းပါရစေတော့..............မောင်။
ရွှေပန်းချီ
— with တိမ်လွှာမိုးရိပ် မိုးရိပ်, Baryar Natthi, Nay Moe and 42 others.

ညချမ်းနတ်ဆက် -၁

ပျော်ရွှင်စွာ အိပ်စက်နိုင်ပါစေရှင် ......... ညချမ်းချိန်သော်
ရေကြည်တော်နှင့်
ဆီမီးထိန်ပ
လင်းလက်ခ လို့
အေးချမ်းစိတ်ကြည် ရွှေ့ ဘုရားခန်းဆီမှ
ပို့သမေတ္တာ အေးစေပါရှင့်
— with Lin Yar Zar and 50 others.

မင်္ဂလာနုတ်ဆက်--၃

အရုဏ်တဖြာ နေခြည်သာ
အေချမ်းသာယာ
ပြည်မြန်မာနဲ့
ကမ္ဘာလောက ရှိရှိသတ္တဝါ
ဝေနေယျာတို့ မင်္ဂလာအပေါင်း
အစဉ်ခညောင်းစေ မေတ္တာဝေ၏
ချမ်းမြေ့ပျော်ရွှင် ကြပါစေ.... ရှင်။
ရွှေပန်းချီ
— with Nay Moe and 49 others.

(( ချစ်သူနဲ့.......စိတ်ကောက်ခဲ့ရင်))

(( ချစ်သူနဲ့.......စိတ်ကောက်ခဲ့ရင်))
ချစ်တဲ့သူရယ်
စိတ်တွေကောက်
တို့နှစ်ယောက် မခေါ်ဖြစ်ကြတုန်းကပေါ့.......
တရက်တရက်
လက်ရေချိုး သက်သေကိုးစရာ
..Phone Bill တွေလဲ မတိုးတာပေါ့......
့  Internet ခေတ် တို့လူလာဖြစ်လို့
နေရှိတိုင်းထိုင်ဆွေး
တို့အတွေးထဲ မငိုသေးဘူးနော်.......
တခါတလေတော့လဲ
အလိုက်မသိတဲ့လက်
ချစ်သူအကောင့်ဘက်လှည့်
မင်းရေးထားတဲ့ ကဗျာစာတွေငေး
like လဲမလုပ် comment မထုတ်ပဲ တိတ်တိတ်ကလေးလှည့်ပြန်တယ်
နောက်ဆုံးတော့
့  facebook ပေါ်တက်ပုန်း
Ordeoo နဲ့ Telenor free timeသုံး
Mpt လက်ဆောင်ကဒ် ကုန်ဆုံးရင်
ဖုန်းကိုပိတ် ပြုံးပြုံးလေး အိပ်ပြစ်လိုက်တာပါပဲကွယ်........ချစ်သူရယ်။
ရွှေပန်းချီ လေးစားချစ်ခင်ရသော သူငယ်ချင်းလေးများအတွက် ပါရှင်
ရွှေပန်းချီကို အပျော်ဖတ်လေးရေးပေးပါ ဆိုလို့ပါနော်ီ
— with Ey Es and 33 others.

မင်္ဂလာနုတ်ခွန်းဆက် --၂

မင်္ဂလာမနက်ခင်းလေးပါရှင်
ရွှေချစ်ခင်လေးစားရပါသော ဆရာအကိုအမများနဲ့
မောင်လေး ညီမလေးတို့ရေ
ဒိနေ့ကလေးက သီတင်းကျွတ်လပြည့်ကျော် ၈ ရက် ကြာသာပတေးနေ့ ဥပုဒ်နေ့ကလေး ဖြစ်ပါတယ် ပါတယ်ရှင်......
ဒါကြောင့် သီလ ဒါန ဘာဝနာ တရားတွေ နှလုံးသွင်းလျက် စိတ်ချမ်းသာကိုယ်ကျန်းမာလို့ လိုရာဆန္ဒ တွေပြည့်စုံပါစေလို့ ............
See More
— with ဝင်းမင်း နိုင် and 29 others.

မင်္ဂလာနုတ်ခွန်းဆက်

ရောင်နီလာနံနက်
မေတ္တာဆက်
စေတနာလက်
တသက်သစ္စာ
ရွှေ့သူငယ်ချင်းတိုရေ......မင်္ဂလာပါရှင့်...
See More
— with Pho Chit and 20 others.

့((သဇင်တခက်.....စပယ်တသက်))

Shwepan Chi added 2 new photos.












့ ((သဇင်တခက်.....စပယ်တသက်))
သည်ဆောင်းအကူး
သဇင်ဖူးကို
မောင် ခူးသွားပြီနော် ...။
မဆုံနိုင်မှန်း
မမြင်စွမ်းသမို့
မေလွမ်းတတ်အောင် သင်တာလား......???
သဇင်မတွေ့ခင်
စပယ်ပွေ့လို့
ရင်သွေ့ရမ်းအောင် ရက်စက်တာလား.....???
မိုးမြင့်စံပန်း
လက်ရယ်ကမ်းဖို့
အစမ်းလေ့ကျင့်ခဲ့တာလား.......???
အော်
သည်ဆောင်းအကူး
သဇင်ဖူးကို
မောင် ....တကယ်ခူးသွားခဲ့ပါပြီ နော။်
ရွှေပန်းချီ