Saturday, May 9, 2015

((နွေတဲ့လား...... မမှုပေါင်..ရှင်))) 210


ရွှေချစ်သော သူငယ်ချင်းတို့ရေ မန္တလေးက နွေအပူ ရင်ကိုဆူစေလို့ ကဗျာတပုဒ် ရေးထွက်လာ တယ်နော့

((နွေတဲ့လား......
          မမှုပေါင်..ရှင်)))

ကြွေရွက်တွေက
နွေရက်မှာ ဝေဝေ
သက်သေစေထား
မျက်ဖြေစကားနဲ့
ပန်းပိတောက်ကိုလဲ
လွမ်းလောက်စရာမရှိတော့
့နွေပန်းချီလေးမခိုင်
မှိုင်ငေးစရာပေါ့။

သို့သော်လည်းလေ....

အရွက်တွေကြွေချပေမဲ့
အခက်တွေ တဝေဝေနဲ့
လေအချွေ နွေမကြောက့်
ပိတောက်လို ယာယီမနွမ်း
ပူလောင်စမ်းပါစေ
ပင်နန်းမှာ ရဲရဲလှမ်းတဲ့
နွေမှာပျော်ပန်း
မိ စိန်ပန်း...ရှင့်။
ရွှေပန်းချီ
— with Mahuyar ST, ပန်းတို့ပွင့်ရာ စကားဝါမြေ, Aung Khine Hein and 42 others.

သံသယအချစ်မီးသင့် သစ္စာပန့်း (သို့)်ဒုတိယအကြိမ် အမုန်းသစ္စာဆိုပွဲ no. 209


သံသယအချစ်မီးသင့် သစ္စာပန်း
့(သို့)်ဒုတိယအကြိမ် အမုန်းသစ္စာဆိုပွဲ
့############$########

ဖူးလျှောက်ပါရစေ မောင်တော်မင်းရာမဘုရား...

မြသားစိမ်းရောင်နဲ့ ဘုန်းသမ္ဘာခေါင်ထွဋ်
လှလွန်းမွတ်လို့ သီတာဒေဝီရင်ထဲ
နှောင်ဖွဲ့တွဲတဲ့ နှမချစ်မိသူ မင်းတဆူရယ်ပါ မောင်တော်ရယ်.....

ဖူးစာဖက်မှန် တူပေါင်းရန်တဝ ဆုပန်သရတာလဲ
်ရွှေသားဘဝင် ကတုန်ကရင်နဲ့ သက်မတော်အခါခါချ
ရာဇအိနြေ္ဒပျက်ခဲ့ရပေါ့...မောင်မောင်

ချစ်သူအပါး တဖဝါးမခွာ
နေချင်သူလေး နောက်တော်ဖေးမ
မှော်ရုံတောတန်း သမင်ဖမ်းတော့
သုံးတန်စည်းခြား နေကာထားလည်း
သဒ္ဒါစိတ်ဖြိုး လက်စုံမိုးလို့
ဆွမ်းကွမ်းလောင်းတင် လိမ်မိဆင်တာ
ခံခဲ့ရလို့ မချစ်သူထံလိုက်ပါစံရ
သီတာဘဝ အပြစ်ခပါသလား မော်တော်ရယ်.....

မုန်းသူတိုင်းပြည် မီးရှို့တည်ပြီး
ပြန်လည်ဆောင်သွင်
လူသူမင်းကြား ပမာထားဖို့
ပထမသစ္စာဆို ဖြူစင်လိုသမို့ မီးပုံသက်ဆင်း ယုံကြည်ခြင်းက ကြာပန်းခရင်း မီးငြိမ်းနှင်းတာ
သီတာအချစ်စစ် အနှစ် အနှစ်တွေပါ
မောင်တော် ရာမရယ်.....

ချစ်သားညီနောင် သန္ဓေဆောင်တော့
သားသည်မညီ မယုံကြည်လို့
နန်းတော်ကဆင်း အိမ်နိမ့်ခင်းမှာ
နေစေမိန့်ကြား ရက်စက်အားတဲ့ သံသယငြိုးစွဲ သီတာရင်ကိုကွဲစေခဲ့တာ
ချစ်ကြီးသူ မင်းရာမလို့တွင်
မောင်တော်သခင် သိပါလေစ....

သားညီနောင်လှ ဗီဇစွမ်းမှ
ငါ၏ရင်သွေး အထင်မသေးလဲ
ဒုတိယအကြိမ်မြောက်
သစ္စာဆိုရ သီတာရင်ဝ
သံသယလှံအစင်းစင်း ထုတ်ချင်းချင်းခခဲ့ရပြီမောင်တော်ရယ်....
ပထမသစ္စာ......
မီးပုံခုန်ဆင်း ဆိုခဲ့ခြင်းက
ချစ်သစ္စာဖြူစင်ပါက မီးမခစေလို့
တောင်းဆုတဖြာ ကြာမိုးရွာခဲ့..........

ဒုတိယသစ္စာ.....ရင်တွင်းနာလို့ သစ္စာတော်မှန်
မီးခစေရန် ရင်မှာဆုတောင်း မီးစွဲကြောင်းမို့
ချစ်မုန်းမီးတစ ပြာကျပါရစေ.....
ချစ်မီးလျှံခွင်း မုန်းခြင်းမီးတောက် ပိုကြီးတောက်ပါစေ.......
အသက်ဇီဝိန် ပြတ်စင်း နောက်ဆုံးနှုတ်ဆက်ခြင်းမို့
သံသယရွှေနန်းတော်ထက် ပျော်ရွှင်စွာစံစား ပြုံးရစ်ပါစေသား...

သီတာဒေဝီချစ်သော ရာမသခင်
မောင်အရှင်ရယ်........။
ရွှေပန်းချီ
— with Naing Naing, Ma Ma Lay, Nge Nge and 85 others.

သခင် no. 208


ရွှေပန်းချီ ချစ်သောသူငယ်ချင်းများ ပျော်ရွှင်စေဖို့
ကဗျာလှလှလေးနော်

သခင်

သခင် သခင်...မေ့ သခင်ရေ
တည်ကြည် ခန့်ထူး
မျက်နှာဦးကို
လွန်ဖူးချင်လှ စိတ်တောင့်တ....

သခင် သခင်...မေ့ သခင်ရေ
ကြင်နာချိုသာ
နှုတ်ပျူငှာကို
လွန်နာလိုလှ စိတ်တောင့်တ.....

သခင် သခင်...မေ့ သခင်ရေ
ကဗျာသီကုံး
ချစ်စာလုံးကို
မမုန်းချယ်သ စိတ်တောင့်တ....

မေ့...တောင့်တစိတ် တဖိတ်ဖိတ်မို့
တိတ်ဆိတ်ကွယ်ရာ ဟန်ဆောင်မညာနဲ့
့(့မြ)ပဒေသာပင်ပေါ စိမ်းရောင်ရွှင်တောက
သခင်...ရေ
မင်းပြန်လာလှဲ့........လို့
ရွှေပန်းချီ
— with MyoTint Aung, မယ်သီတာမုန်းတဲ့ ဒဿ, လှ ပျိုဖြူ and 90 others.

(((မြတ်နိုးရာ ကဗျာ))) no. 207


့(((မြတ်နိုးရာ ကဗျာ)))

ရွှေကလောင် ငွေပုရပိုက်နဲ့
တော်ထိုက်တဲ့ ကဗျာမာန်
ရေးစီမယ့် ဟန်။

မြတ်နိုးခက်သန်၊ ဆန်ဆန်ပ ကြံတွေး။

စိတ်ကူးမပီကလာနဲ့ ကဗျာတော်
ငါမဖြစ်လို့ မှိုင်ရစ်ဖွယ်လေး။
ရွှေပန်းချီ
— with Nge Nge, Moemyint Thukha, မယ်သီတာမုန်းတဲ့ ဒဿ and 81 others.

သတိ သေတတ် တယ်နော် 206


ကဆုန်လပြည့် ဗုဒ္ဓနေ့မို့ ရွှေအမှတ်တရ သံဝေဂကဗျာလေး ရေးတင်ပါရစေနော်

သေတတ် တယ်နော်

ရုပ်နာမ်အစု ငါးမှုပါညီ
ဤခန္ဓာသည်
ဘယ်ချိန်ဘယ်ခါ ဘယ်နေရာ
ဘယ်ရောဂါသစ် ဘယ်လိုဖြစ်က
တားဆီးမလှ အစိုးမရ
သေတတ်ပါတယ် သူငယ်ချင်း.....

လောကစည်းစိမ် ပြည့်စုံထိန်လဲ
သေတတ်ပါတယ် သူငယ်ချင်း.....

မဝအစာ မောပန်းရှာလဲ
သေတတ်ပါတယ် သူငယ်ချင်း......

မြဲသောတရား အမှန်တပါး
ကိုယ်တွင်းပါလာ အဖြစ်သာမို့
မြေကပေါက်မှို မြေပြန်မျိုသလို
သေမှုမျိုးဆွေ မလွဲမသွေ သေတတ်ပါတယ်သူငယ်ချင်း......

ဒါမို့လေ
တမနက်ခင်း ရောင်ခြည်လင်း
တနေညိုဆင်း မှောင်ရီသင်းတိုင်း
ပြန်လည်သုံးသပ် တနေ့ဆပ်ဖို့
တရက်ကယ်နီး သေခရီးကို
အမှန်ရှိကြောင်း အသိလောင်းပြီး
ငါရုပ်ငါ့နာမ် မြဲသေဖို့ဖန်
တချိန်ကုန်ရစ် အသစ်မဖြစ်ဖူး
ဤခန္ဓာကြီးထွား အပွားစီးကား
အကုသိုလ်မဖြစ် ကုသိုလ်ဖြစ်ဖို့
ကြိုးစားကြမှ ခုလဲအေးသား
နောင်လမ်းမမှားမယ်
အသေတတ်ဖို့ နေတတ်ကြမယ်
သေတတ် တယ်နော် သူငယ်ချင်း......။
ရွှေပန်းချီ
— with နှင်းဆီ ကဗျာ, အဓိပတိဖွား စနေ သား, Kayin Lay and 64 others.