လူကလေးရဲ့
စိတ် ဂုဏ်ရှိန်
များလူသူ သာမန်သိက...
ဖိနပ်များ နေရာမှန်
လူ့အောက်နိမ့်ပြန်
မသတီစရာတွေး
ထင်ရက်ကြသေး။
လူသားငယ် အမှုမထားရွယ်
စိတ်ဖြူစင်သမို့
နေရာညီ ထွေစီသပ်ရပ်အောင်
ကျင့်ဆောင်ပုံ တမူထူးပါပ
လူသူမင်းကို ဂုဏ်ပြိုင်တယ်
နိုင်ပါစေ့လေး။
(အင်္လကာ)
----------------
တွေးမယ်ကွဲ့ တွေးမယ်
(ကလေး)ငယ် စိတ်တွေး။
ဘာသာအသိ ရင်မှာညှိတယ်
ကြည့် ကြကွဲ့လေး။
(ဒွေးချိုး)
----------------
လူလေးငယ်
ကြွယ်တဲ့သိ
ရှိသည့်ဥာဏ်
မှန်စွာသုံး
ဆုံးမခံ
စံယူထိုက်
လိုက်နာကျင့်
ဆင့်ပွားစိတ်
ဖိတ်ဝေဖြူ
ဇမ္မူမှာရှား
ထားစိတ်အား
တရားအသိကြွယ် လူလေးငယ်။
(ဝဲရိုက်ဝဲသွင်း)
ရွှေပန်းချီ(Mdy)
မူရင်းဓာတ်ပုံရှင်အား ကျေးဇူးတင်ပါသည်။ယဉ်ကျေးလိမ္မာ သင်တန်းကျောင်းမှ ကလေးငယ်လေးတစ်ဦး သင်တန်းသားများ၏ ဖိနပ်လေးများစနစ်တကျ စီပေးနေပုံလေးကို ဂုဏ်ပြုလျက် ကဗျာ ပုံစံ ၃ မျိုးဖြင့် ရေးဖွဲ့ပါသည်
Thursday, June 23, 2016
သိက္ခာကိုမျှားတဲ့ အချစ်မိုး 2016 မိုးကဗျာ ၈
**မိုးရာသီ 2016 အမှတ်စဉ် ၈
သိက္ခာမျှားတဲ့.. . . အချစ်မိုး
တကယ့်ကို အမှတ်တရလေးပါ. .ကို
နှလုံးသားက တန်ဖိုးထာ့း ရိုးသားမြတ်နိုးစွာ ဖွဲ့နွဲ့ခဲ့တဲ့
ကဗျာသယ်လေး ကျမ
ချစ်သူထံ ဦးညွှတ်ကြည်နှုးမိခိုက်
ဟိုးးး မာနတိမ်တိုက်နောက်က
ပျော်ရွှင်ခြင်း ကြယ်ပွင့်ကလေးဟာ မျှော်လင့်ခြင်းအလင်းတွေ မှုန်ဝါး
စိမ်းကားတဲ့ အတ္တအပြည့် ပါးလျနေတဲ့နားလည်မှု နဲ့
ပိုင်ဆိုင်ခဲ့တဲ့ အချစ်ဆိုတာ ကဗျာတပုဒ်သာ ဖြစ်ခဲ့လေရဲ့. . .
ချစ်ဆုံးပါတဲ့ "အခါလွန်မိုး" စကား
မုန်သုန်ရာသီမှာ ရင်ခုန်သံတွေ တိမ်ထုဖြစ်ပေမယ့် ရွာမချဖြစ်ခဲ့ဘူး
စကားပွင့်တစ်ပွင့်တစ်လေတောင်နော်. . . .
ရာသီဥတုဖမ်းစားမှုအောက်
ငုတ်တုတ်ပျောက်ခဲ့တဲ့
ကျမ ရဲ့စွန်ငယ်လေးကိုတော့ အလွမ်းရစ်ဘီးမှာ ပြန်လည်ရစ်ပတ်လို့
ညပေါင်းများစွာတေးသီခဲ့တဲ့ အချစ် မာနနဲ့ ဂုဏ်သိက္ခာအတွက်
ကြေကွဲစကားတွေနဲ့ လဲခဲ့ရတယ်
မျက်ဝန်းတွေမှုန်မှိုင်းတဲ့အလွမ်းဘူတာအမှတ် ၁၅၀၀ အလွန်မှာ ရာသီတွေ ရပ်ဆိုင်းပစ်ခဲ့တယ်. . . .
ပေးဆပ်ခဲ့တဲ့အချစ်ကို ပြန်တွေးတိုင်း ခရေပွင့်တွေ ဝင်ပုန်းတဲ့မိုးရင်ခွင်နဲ့အတူ ကျမရဲ့ ချစ်ခြင်းကို တိတ်တဆိတ်မြှပ်နှံလိုက်ပါပြီ. .
ချစ်သူပြုံးရင် ပန်းအားလုံးပွင့်ပါစေ နော်
ရွှေပန်းချီMdy
်
ရွှေကြာမိုးခ 2016 မိုးကဗျာ ၇
* မိုးကဗျာ 2016 အမှတ်စဉ် ၇
ရွှေကြာမိုးခ
ငွေ့ရည်သွန်း၍. . . .
တိမ်မိုးလျှံပ ၊ အာကာသမှ
သွန်းခလေဆင် ၊ လျှပ်ပြင်.. ပြင်. . .ရှင့်။
လေနွယ်ဖျန်း၍. . .
မေလေးပျိုစင် ၊ ချမ်းစိတ်ဝင်သည်
်ထွေးပွေ့သခင် ၊ လွမ်းလျင်..လျင်. . .ရှင့်။
ရွှေလည်မှန်း၍. . .
မျှော်ခန်းအတတ်၊မောင့်တွက်ညွှတ်သည်
ခူးဆွတ်စိတ်လျှင် ၊ စောချင် ချင်. . .ရှင့်။
ရွှေပန်းချီmdy
Tuesday, June 14, 2016
အိပ်ဖွင့်ကဗျာ စေပါမိုး 2016 မိုးကဗျာ ၃
မိုးကဗျာ 2016 အမှတ်စဉ် (၃)
ဒီတခါတော့ ရင်၌ဖြစိသောကဗျာလေးပါ
အိပ်ဖွင့်ကဗျာ. . စေပါမိုး
နေထိုင်မှုသက်တမ်းတွေများလာတာနဲ့အမျှ
ှစိတ်တွေရဲ့သိပ်သည်းဆက အဓိကနဲ့
သာမည မှာနေရာတွေပြောင်းလာခဲ့တယ်. . . မိုး
(တကယ်ဆိုရင်)
ရာသီလေအမှန်နဲ့ မုန်သုန်ချိန်မှာ
ဝင်လာသင့်ပေမယ့်
နရီစောတာထွက်ခဲ့လို့ အခုချိန်မှာ တံစဉ်ကိုင်ရမယ်ဆိုရင်
မင်းရွာတာစောလွန်း နေပီ
စေတနာလား ဝေဒနာလား. . . . မိုး
တော်တန်ရုံ ရွာတာလောက်နဲ့တော့
ဝဿန်မိုး အမည်မခံပါနဲ့
ရင်မြေဝဠာမှာ အပူဝင်ကာအခြေနေဆိုး အလွမ်းမြူခိုးတွေ သွန်းတုန်းကတောင် မင်းရုန်းထွက်သွားသေးတာပဲ. . .
တစ်ခုတော့ စဉ်းစားမိတယ်. . .
ခရေတွေကြွေလို့. . . .မင်းငိုတာလား
ရာသီစေလို့ . . . .မင်းပြိုတာလား
မင်းကိုယ်တိုင်ပဲ ရွာစေချင်လို့ ...ရွာသွန်းတာလား
မင်းရဲ့မူမမှန်အချစ်
အိပ်ဖွင့်လို့ပေးလိုက်ပါ မိုးကဗျာ. . . . .
ရွှေပန်းချီ(Mdy)
ဒီတခါတော့ ရင်၌ဖြစိသောကဗျာလေးပါ
အိပ်ဖွင့်ကဗျာ. . စေပါမိုး
နေထိုင်မှုသက်တမ်းတွေများလာတာနဲ့အမျှ
ှစိတ်တွေရဲ့သိပ်သည်းဆက အဓိကနဲ့
သာမည မှာနေရာတွေပြောင်းလာခဲ့တယ်. . . မိုး
(တကယ်ဆိုရင်)
ရာသီလေအမှန်နဲ့ မုန်သုန်ချိန်မှာ
ဝင်လာသင့်ပေမယ့်
နရီစောတာထွက်ခဲ့လို့ အခုချိန်မှာ တံစဉ်ကိုင်ရမယ်ဆိုရင်
မင်းရွာတာစောလွန်း နေပီ
စေတနာလား ဝေဒနာလား. . . . မိုး
တော်တန်ရုံ ရွာတာလောက်နဲ့တော့
ဝဿန်မိုး အမည်မခံပါနဲ့
ရင်မြေဝဠာမှာ အပူဝင်ကာအခြေနေဆိုး အလွမ်းမြူခိုးတွေ သွန်းတုန်းကတောင် မင်းရုန်းထွက်သွားသေးတာပဲ. . .
တစ်ခုတော့ စဉ်းစားမိတယ်. . .
ခရေတွေကြွေလို့. . . .မင်းငိုတာလား
ရာသီစေလို့ . . . .မင်းပြိုတာလား
မင်းကိုယ်တိုင်ပဲ ရွာစေချင်လို့ ...ရွာသွန်းတာလား
မင်းရဲ့မူမမှန်အချစ်
အိပ်ဖွင့်လို့ပေးလိုက်ပါ မိုးကဗျာ. . . . .
ရွှေပန်းချီ(Mdy)
ရွှေအမ္ဗုန်ရယ် ကွယ်ပါနဲ့လား မိုးကဗျာ(2016)အမှတ်စဉ် ၎
မိုးကဗျာ(2016)အမှတ်စဉ် ၎
ရွှေက ဒီကဗျာလေးကတော့ အချိုးလေးနဲ့ ဗဟုသုတလေးရောရေးထားပါတယ် လေ့လာ သင်ယူဆဲမို့ နားလည်တတ်ကျွမ်းသော ဆရာဆရာမများအနေဖြင့်ခွင့်လွတ်သည်းခံပေးပါရှင်။
ရွှေအမ္ဗုန်ရယ်. . . ကွယ်ပါနဲ့လား
*သုံးကျွန်းလင်းခိုက် တကျွန်းမိုက်။
သင်တိုင်းနက်လွင်နဲ့
ရှစ်ရပ်ခွင် အာကာတိုင်းကို
မှိုင်းရစ်လို့ ဆိုက်။
ဘယ်နေဘယ်ရာ တမ်းကာပ
လွမ်းပါရ ရွှေအမ္ဗုန်ရယ်
(မာန်ဟုန်)ဖွဲ့ သူလား။
မယ်လေးပျို ဆွေးရင်ကို ဖြေဆည်ဖျောက်နိုင်ဖို့
မျှော်ထောက်ကယ် *ဇာအိမ်နဲ့
မှေးမှိန်ကာ မောင်.လာမယ့်လမ်းကို
ကြိုရောက်နေသား။
ရွှေပန်းချီ(Mdy)
##သုံးကျွန်းလင်းခိုက် တကျွန်းမိုက်။
(ဇဗ္ဗူဒီပါကျွန်း ၊ ပုဗ္ဗဝိဒေဟကျွန်း၊ဥတ္တရကုရုကျွန်း၊ အပရဂေါယာနကျွန်း စသည့်လေးကျွန်း တစ်မြင့်မိုရ် သည်တကမ္ဘာဖြစ်လျက် ထိုကျွန်းများတွင် နေထွက်စကျွန်း နေမွန်းတည့်ကျွန်း နေဝင်ခါနီးကျွန်း နင့် ကျန်တကျွန်းတွင် ထိုအချိန် သန်းခေါင်အခါဖြစ်ပါသည်။)
အရှင်ဇဝန(မြစေတီ)၏မာဃဒေဝလကာင်္သစ် ခက်ဆစ်အဖြေ စာအုပ်မှ ကူးယူအသုံးပြု မျှဝေပါတယ်ရှင့်။
%%% ဇာအိမ် = မီးဇာမှန်အိမ်
ရွှေက ဒီကဗျာလေးကတော့ အချိုးလေးနဲ့ ဗဟုသုတလေးရောရေးထားပါတယ် လေ့လာ သင်ယူဆဲမို့ နားလည်တတ်ကျွမ်းသော ဆရာဆရာမများအနေဖြင့်ခွင့်လွတ်သည်းခံပေးပါရှင်။
ရွှေအမ္ဗုန်ရယ်. . . ကွယ်ပါနဲ့လား
*သုံးကျွန်းလင်းခိုက် တကျွန်းမိုက်။
သင်တိုင်းနက်လွင်နဲ့
ရှစ်ရပ်ခွင် အာကာတိုင်းကို
မှိုင်းရစ်လို့ ဆိုက်။
ဘယ်နေဘယ်ရာ တမ်းကာပ
လွမ်းပါရ ရွှေအမ္ဗုန်ရယ်
(မာန်ဟုန်)ဖွဲ့ သူလား။
မယ်လေးပျို ဆွေးရင်ကို ဖြေဆည်ဖျောက်နိုင်ဖို့
မျှော်ထောက်ကယ် *ဇာအိမ်နဲ့
မှေးမှိန်ကာ မောင်.လာမယ့်လမ်းကို
ကြိုရောက်နေသား။
ရွှေပန်းချီ(Mdy)
##သုံးကျွန်းလင်းခိုက် တကျွန်းမိုက်။
(ဇဗ္ဗူဒီပါကျွန်း ၊ ပုဗ္ဗဝိဒေဟကျွန်း၊ဥတ္တရကုရုကျွန်း၊ အပရဂေါယာနကျွန်း စသည့်လေးကျွန်း တစ်မြင့်မိုရ် သည်တကမ္ဘာဖြစ်လျက် ထိုကျွန်းများတွင် နေထွက်စကျွန်း နေမွန်းတည့်ကျွန်း နေဝင်ခါနီးကျွန်း နင့် ကျန်တကျွန်းတွင် ထိုအချိန် သန်းခေါင်အခါဖြစ်ပါသည်။)
အရှင်ဇဝန(မြစေတီ)၏မာဃဒေဝလကာင်္သစ် ခက်ဆစ်အဖြေ စာအုပ်မှ ကူးယူအသုံးပြု မျှဝေပါတယ်ရှင့်။
%%% ဇာအိမ် = မီးဇာမှန်အိမ်
မိုးပုလဲပန်း 2016 မိုးကဗျာ ၅
မိုးကဗျာ(2016)အမှတ်စဉ် ၅
မိုး. .ပုလဲပန်း
ဆင်းဖြူဖြူ. . .အသွင်လှပါဘိ
ဝင်းသူသူ. . . ယဉ်စစလေးပေမို့
သင်းကြူကြူ . . တကယ်မွှေးမဲ့
မမလေးရယ်တဲ့
ပန်ဆင်စရာ။
ဟို..တောင်ရိုးမှာလ
မို့မို့သီ. . . ငွေ့ရည်ကြောင့်
ညှို့ညှို့စီ. . . မှောင်ရီမင်းအမ္ဗုာန်ရယ်က
သို့သို့ညီ. . . ကဆုန်မဆင်းမီပ
တံချူကိုးလို့ရယ်
ချိုးဆွတ်လို့လာ။
စံဌာနီ ခေါင်ထွဋ်မှုးရယ်
မြန်မကြာမီ ရနံပျံ့သင်းပါလှဲ့
အဖန်ဖန်ခါသီ် မြွက်ဖော်ကြားသည်
လှအားသည့် ပန်း။
ပန်တော်မီ. . . ကြည်သာညွှတ်ပုံက
*မာယာကာရီ. . . သဘောမျှသည်အလား
လှကာရံညီ . . . ဆင်ပန်သူအတွက်
ညှာလည်တံ မြရည်လိမ်းလို့ရယ်
(အော်ကွယ်)
မိုး. .
မိုးပုလဲပန်း။
ရွှေပန်းချီ(Mdy)
*မာယာကာရီ =လှည့်ပတ်မှုဥာဏ်ကစားသူ
မိုး. .ပုလဲပန်း
ဆင်းဖြူဖြူ. . .အသွင်လှပါဘိ
ဝင်းသူသူ. . . ယဉ်စစလေးပေမို့
သင်းကြူကြူ . . တကယ်မွှေးမဲ့
မမလေးရယ်တဲ့
ပန်ဆင်စရာ။
ဟို..တောင်ရိုးမှာလ
မို့မို့သီ. . . ငွေ့ရည်ကြောင့်
ညှို့ညှို့စီ. . . မှောင်ရီမင်းအမ္ဗုာန်ရယ်က
သို့သို့ညီ. . . ကဆုန်မဆင်းမီပ
တံချူကိုးလို့ရယ်
ချိုးဆွတ်လို့လာ။
စံဌာနီ ခေါင်ထွဋ်မှုးရယ်
မြန်မကြာမီ ရနံပျံ့သင်းပါလှဲ့
အဖန်ဖန်ခါသီ် မြွက်ဖော်ကြားသည်
လှအားသည့် ပန်း။
ပန်တော်မီ. . . ကြည်သာညွှတ်ပုံက
*မာယာကာရီ. . . သဘောမျှသည်အလား
လှကာရံညီ . . . ဆင်ပန်သူအတွက်
ညှာလည်တံ မြရည်လိမ်းလို့ရယ်
(အော်ကွယ်)
မိုး. .
မိုးပုလဲပန်း။
ရွှေပန်းချီ(Mdy)
*မာယာကာရီ =လှည့်ပတ်မှုဥာဏ်ကစားသူ
မိုးကျောင်းကလေး 2016 မိုး ၂
မိုးကဗျာ အမှတ်စဉ်(၂)2016 လေးကို ရွှေက ဘဝပုံရိပ်ဖမ်းလို့ ဖြစ်ရပ်မှန်ကဗျာလေး ရေးပြချင်လို့ပါနော်။ပုံကတော့ အစစ်မဟုတ်ဘူးနော် မရိုက်ရက်လို့ပါ။
မိုး.ကျောင်းကလေးတက်နေပီ. . .အဖေ
ရိုးပြတ်လယ်ကသင်းကန်ရိုးတလျှောက်
် ရေတွေဖွေးဖွေးကြား ခေါင်းလောင်းသံများနဲ့
မိုးကျောင်းကလေး
ဟိုး အဝေးက မြင်နိုင်တယ်လေ
တမြန်နေ့တွေဆီတုန်းက
အုန်းအုန်းထ ဖုံလမ်းမမှာ
သူတို့တတွေနဲ့ကျနော်
အတူပျော်ခဲ့ဘူးတာပေါ့
လယ်ထဲချောင်းထဲ တသွေးသားမြဲ
ငါးပက်ဖားရှာ စားစရာတွေဝေငှရင်း
တောတန်းထိပ်က ညောင်ညိုပင်ရိပ်နဲ့ စိုက်ခင်းစိုစို ယိုင်ဆွေးပြိုလယ်တဲကလေးထဲ
အတူအိပ်ခဲ့ ကြဘူးတယ်
ဟော. . . အခုတော့ သားတယောက်
ပျောက်သောအဖေ မမာအမေနဲ့
ငိုအီညီမထွေး အသေးလေးရယ်
ရွာလည်အိမ်ပေါက် ရှာစားမလောက်ငှ
နုံလှတဲ့ ဘဝပေး လွယ်အိပ်ဆိုတာဝေးပါသေးရဲ့
သား. ကျောင်းမတက်နိုင်ဘူး. . အဖေ
ဖြူစိမ်းဝတ်ထား ပျော်ပါးနေတဲ့ သားသူငယ်ချင်း ရောင်းရင်းတွေကို အသာချောင်းကြည့် မျက်ရည်အိရင်း
သားလဲ. .
မိုး. . . ကျောင်းကလေးတက်ချင်တယ် အဖေ။
ရွှေပန်းချီ(Mdy)
မိုး.ကျောင်းကလေးတက်နေပီ. . .အဖေ
ရိုးပြတ်လယ်ကသင်းကန်ရိုးတလျှောက်
် ရေတွေဖွေးဖွေးကြား ခေါင်းလောင်းသံများနဲ့
မိုးကျောင်းကလေး
ဟိုး အဝေးက မြင်နိုင်တယ်လေ
တမြန်နေ့တွေဆီတုန်းက
အုန်းအုန်းထ ဖုံလမ်းမမှာ
သူတို့တတွေနဲ့ကျနော်
အတူပျော်ခဲ့ဘူးတာပေါ့
လယ်ထဲချောင်းထဲ တသွေးသားမြဲ
ငါးပက်ဖားရှာ စားစရာတွေဝေငှရင်း
တောတန်းထိပ်က ညောင်ညိုပင်ရိပ်နဲ့ စိုက်ခင်းစိုစို ယိုင်ဆွေးပြိုလယ်တဲကလေးထဲ
အတူအိပ်ခဲ့ ကြဘူးတယ်
ဟော. . . အခုတော့ သားတယောက်
ပျောက်သောအဖေ မမာအမေနဲ့
ငိုအီညီမထွေး အသေးလေးရယ်
ရွာလည်အိမ်ပေါက် ရှာစားမလောက်ငှ
နုံလှတဲ့ ဘဝပေး လွယ်အိပ်ဆိုတာဝေးပါသေးရဲ့
သား. ကျောင်းမတက်နိုင်ဘူး. . အဖေ
ဖြူစိမ်းဝတ်ထား ပျော်ပါးနေတဲ့ သားသူငယ်ချင်း ရောင်းရင်းတွေကို အသာချောင်းကြည့် မျက်ရည်အိရင်း
သားလဲ. .
မိုး. . . ကျောင်းကလေးတက်ချင်တယ် အဖေ။
ရွှေပန်းချီ(Mdy)
If I put on my glasses
If I put on my glasses
ဒုက္ခကို
အနီးကြည့်မျက်မှန် တပ်ကြည့်
သုခကို
အဝေးကြည့်မျက်မှန်တပ်ကြည့်
ညီမျှခြင်းတခုကို
မင်းတွေ့ရလိမ့်မယ်
သူ. ,ဆိုတာ
မျက်မှန်တပ်ကြည့်
ငါ . ဆိုတာ
မျက်မှန်ချွတ်ကြည့်
ငါတို့နှစ်ယောက်
အတူတူဖြစ်နေလိမ့်မယ်
မင်းပြုခဲ့ကောင်းမှု၊ မကောင်းမှု
ငါပြုခဲ့တဲ့ မကောင်းမှု ၊ ကောင်းမှု
တူညီတာတခု ရှိခဲ့လို့သာ
ဒီဘဝသံသရာ အတူဆုံကြတာပါပဲ
မင်း. . လာတဲ့ခရီး ကနေ အဆုံးခရီး
ငါ. . လာတဲ့ ခရီး စ/ဆုံး
အနီးကြည့် အဝေးကြည့်မျက်မှန်မလိုဘူး
အတူတူပဲ ဆိုတာ သိလိမ့်မယ်
ဤဘဝခရီး လာ/ပြန် အထွက်မှာ
လက်ဗလာတွေပဲ ငါမြင်နေလို့
(အင်း)မင်းအမြင်မှာ ပိုနေလို့လား မာန်မာနတွေများနေတာ
ဒီတော့ သူငယ်ချင်းရေ
ငါ့မျက်မှန် ပဲပါဝါညှိ့ဖို့ လိုနေပြီလား
မင်းမျက်မှန်ပဲ ပါဝါညှိဖို့ လိုနေသလား
တကယ်တော့ စိတ်အမြင်ကြည်လင်ဖို့ အဓိကပါသူငယ်ချင်း. . .
ရွှေပန်းချီ(Mdy)
ရွှေဒီကဗျာလေးကိုမနေ့ကဥပုသ်ကျောင်းမှာမျက်မှန်လေးကျကွဲသွားလို့ မှုန်ဝါးနေတုန်းသူငယ်ချင်းတယောက်လာရန်တွေ့ခံရတယ် ငါကလှမ်းပြုံးပြနေတာ ဘာမာနကြီးနေသလဲ တဲ့ :) :)
ရွှေက ပါဝါ အနီး ၃၀၀ တပ်ရပါတယ်
ဆက်တွေးမိတဲ့ အတွေးတခုပါနော့်
ဒုက္ခကို
အနီးကြည့်မျက်မှန် တပ်ကြည့်
သုခကို
အဝေးကြည့်မျက်မှန်တပ်ကြည့်
ညီမျှခြင်းတခုကို
မင်းတွေ့ရလိမ့်မယ်
သူ. ,ဆိုတာ
မျက်မှန်တပ်ကြည့်
ငါ . ဆိုတာ
မျက်မှန်ချွတ်ကြည့်
ငါတို့နှစ်ယောက်
အတူတူဖြစ်နေလိမ့်မယ်
မင်းပြုခဲ့ကောင်းမှု၊ မကောင်းမှု
ငါပြုခဲ့တဲ့ မကောင်းမှု ၊ ကောင်းမှု
တူညီတာတခု ရှိခဲ့လို့သာ
ဒီဘဝသံသရာ အတူဆုံကြတာပါပဲ
မင်း. . လာတဲ့ခရီး ကနေ အဆုံးခရီး
ငါ. . လာတဲ့ ခရီး စ/ဆုံး
အနီးကြည့် အဝေးကြည့်မျက်မှန်မလိုဘူး
အတူတူပဲ ဆိုတာ သိလိမ့်မယ်
ဤဘဝခရီး လာ/ပြန် အထွက်မှာ
လက်ဗလာတွေပဲ ငါမြင်နေလို့
(အင်း)မင်းအမြင်မှာ ပိုနေလို့လား မာန်မာနတွေများနေတာ
ဒီတော့ သူငယ်ချင်းရေ
ငါ့မျက်မှန် ပဲပါဝါညှိ့ဖို့ လိုနေပြီလား
မင်းမျက်မှန်ပဲ ပါဝါညှိဖို့ လိုနေသလား
တကယ်တော့ စိတ်အမြင်ကြည်လင်ဖို့ အဓိကပါသူငယ်ချင်း. . .
ရွှေပန်းချီ(Mdy)
ရွှေဒီကဗျာလေးကိုမနေ့ကဥပုသ်ကျောင်းမှာမျက်မှန်လေးကျကွဲသွားလို့ မှုန်ဝါးနေတုန်းသူငယ်ချင်းတယောက်လာရန်တွေ့ခံရတယ် ငါကလှမ်းပြုံးပြနေတာ ဘာမာနကြီးနေသလဲ တဲ့ :) :)
ရွှေက ပါဝါ အနီး ၃၀၀ တပ်ရပါတယ်
ဆက်တွေးမိတဲ့ အတွေးတခုပါနော့်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။ 2016 မိုးကဗျာ ၆
့ မိုးကဗျာ 2016အမှတ်စဉ် (၆)
မိုးနတ်ဣန္ဒာခင်
ခြောက်ရွာနတ်ထံ၊ ဘုံကျမှန်သို့
ရည်လျှံဝင်းနု ၊ ကျွန့် မျက်ရှုအား
ဟေမမိုးခါ ၊ ဖူးဆုံလာ၍
မသိ နေ့ည ၊ မကြုံ ဘွဲ့ထူး
ထွဋ်ခေါင်မှုးသည်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။
ဝဿန်ပက်ခွင်း၊ မာန်ကြိုးညှင်းသော်
ဆူထန်ပူငွေ့ ၊ သက်လျှင်ကြွေ့သို့
ညှိးသွေ့ရီရော်၊ စက်မပျော်ပ
ရွှေပေါ်မြတင် ၊ ပြာသာဒ်ပင်ထက်
ဝတ်ဆင်ဖူးခက် ၊ ထူးထူးလက်သည်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။
မိုးကျွန်းဟေမန်၊ တန်ခိုးလျှံသာ
မူယာထက်ခင်း ၊ ပပဝင်း၏
သည်းထန်မဆဲ၊ ဖြိုးဖြိုးဝဲသော်
ချစ်မဲ့ဗျာပါ၊ ပြေစိမ့်ငှာလျှင်
ချိုသာမြသီ ၊ နှုတ်ဖူးဆီမှ
ရိပ်ခြည်မြချူ ၊ ဖေးမကူသည်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။
ရွှေပန်းချီ. . .mdy
မိုးနတ်ဣန္ဒာခင်
ခြောက်ရွာနတ်ထံ၊ ဘုံကျမှန်သို့
ရည်လျှံဝင်းနု ၊ ကျွန့် မျက်ရှုအား
ဟေမမိုးခါ ၊ ဖူးဆုံလာ၍
မသိ နေ့ည ၊ မကြုံ ဘွဲ့ထူး
ထွဋ်ခေါင်မှုးသည်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။
ဝဿန်ပက်ခွင်း၊ မာန်ကြိုးညှင်းသော်
ဆူထန်ပူငွေ့ ၊ သက်လျှင်ကြွေ့သို့
ညှိးသွေ့ရီရော်၊ စက်မပျော်ပ
ရွှေပေါ်မြတင် ၊ ပြာသာဒ်ပင်ထက်
ဝတ်ဆင်ဖူးခက် ၊ ထူးထူးလက်သည်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။
မိုးကျွန်းဟေမန်၊ တန်ခိုးလျှံသာ
မူယာထက်ခင်း ၊ ပပဝင်း၏
သည်းထန်မဆဲ၊ ဖြိုးဖြိုးဝဲသော်
ချစ်မဲ့ဗျာပါ၊ ပြေစိမ့်ငှာလျှင်
ချိုသာမြသီ ၊ နှုတ်ဖူးဆီမှ
ရိပ်ခြည်မြချူ ၊ ဖေးမကူသည်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။
ရွှေပန်းချီ. . .mdy
Subscribe to:
Posts (Atom)