Sunday, September 4, 2016

မျက်ဝန်းညို ....


ချစ်သူကပြောတယ်
မင်းရဲ့မျက်ဝနုးညိုကညှိ့ချက်ပြင်းပြင်းတွေအောက်
ငါဒူးထောက်ခဲ့ရတာပါ တဲ့

မင်းရဲ့ မျက်ဝန်းက ကျိန်စာတွေ ဘာသာပြန်ရင်း
ချစ်ခြင်းကို သံစဉ်ဖွဲ့ခဲ့တာပါ တဲ့

တခါတရံစိမ်းကားတဲ့ မျက်ဝန်းအကြည့်
နှလုံးသားကိုထိလို့ ဦးနှောက်နဲ့ နှလုံးသား အမုန်းပွားခဲ့ရတာလဲ ခဏ ခဏပါ တဲ့

မင်းကိုချစ်တဲ့ ငါ့ဒိုင်ယာရီမှတ်တမ်း အလွမ်းခန်းတွေကို
မင်းမျက်ဝန်းစိမ်းနဲ့ရှာကြည့် ရင်ထိအောင်ခါးသွားလိမ့်မယ် တဲ့

အင်းပေါ့လေ. . .
ကျမမျက်ဝန်း အဖြေရှာ အမွှန်းတင်ရင်း
လေပေါ်တင်တဲ့ မိုးစက်လေ သီချင်း ညည်းချင်းနဲ့တောင်မဆိုချင်ဘူး

အဆာပလာတွေပြည့်နှက် ပြောတတ်တဲ့ ချစ်သူတရား
ဘာသာစကားကို နားလည်စပြုချိန်
သူ့ရင်ခုန်သံက ကျမအတွက်
ဆော့နေကျ COC လောက်မှ အရေးမကြီး
အချစ်ဆိုတာ ဆယ်ရှံစ်နှစ်အထက် ကစားစရာ တဲ့လေ။

ကဲ. . . ဘာပြောမလဲ မျက်ဝန်းညို. . ?
ရွှေပန်းချီmdy

ဒီအရွယ်. . . ရွှေတင့်တို့အရွယ် . . . ကျမ ကျမ တို့အရွယ်""

ဒီအရွယ်. . . ရွှေတင့်တို့အရွယ် . . .
ကျမ ကျမ  တို့အရွယ်""

ပြောပြမည်
ပန်းချီအရွယ် အထင်မသေးနဲ့
ငယ်သေးလို့တဲ့ မဆိုချင်။

*ဇရာအရွယ်ကို ကာကွယ်ကာ
ပြောခြင်းမဟုတ်
''မသာရှင် သေမင်းကြားမည် စိုးတာမို့''
အသာကွယ် မလွယ်တံခါးကြားကနေ
မှာသေးရဲ့ တီးတိုးပင်။

လွန်ခဲ့ပေါ့ နှစ်သုံးဆယ်
လေးဆယ်ကွယ်
မကျော်ခဲ့။

တမြန်နေ့က
အမှန်တွေ့ကြလို့
ငယ်ပေါင်းဆွေ ရွှေတင့် ကိုပြောတာက
အမယ်ဟယ် လူပုံမိပြန်ပေါ့
''အသက်ကြီးလေ နုလေပါတကား'' တဲ့။ :) :)
ရွှေပန်းချီmdy

အဆင်မပြေပါက သည်းခံခွင့်လွှတ်ဖတ်စေချင်ရဲ့နော်
ပြုံးရုံလေးတော့ ပြုံးမယ်ဆိုရင်ကို ကျေနပ်ပါတယ်ရှ
င့်

ရတနာ သူ


့ ရတနာ သူ

ရိုးရာလေ့ စဉ်မမေ့
ခင်မွေ့သူလေး
ဖြစ်ပါစေ။

သိက္ခာကို မိုးကာထား
ယဉ်ပါးသူလေး
ဖြစ်ပါစေ။

ရိုးရာမခင် သိက္ခာမဆင်က
ဖိုးရသ အကုန်ပြေ
မရေမရော့ လှတကွက်။

မြင်မိသူ ဘဝင်မအေးပေ
လှကျက်သရေ သူမပေး
မလေးမနက်။

ရွှေပန်းချီmdy
ဓလေ့၊ သိက္ခာပြည့်စုံစွာဖြင့် လှဆုံးသောမူ ရတနာသူ
ညီမလေးများဖြစ်ပါစေရှင့်

ရတနာ ထိုက်သော သား


ရတနာ ထိုက်သော သား

မိဘအားထား ကျားလေးလဲ
ဖြစ်ပါစေ။

များလူတကာကြား အမှားများလဲ
ကင်းပါစေ။

နိုင်ငံကိုငြား စောင့်ရှောက်ထား
ဇာနည်သား အားတကွက်။

ဘာမထီဘွား စိတ်အားထက်ပ
လမ်းသည်မမှား အလေးအနက်။
ရွှေပန်းချီmdy

ရိုးဖြောင့်စိတ်ထား သတ္တိများနဲ့ အားကိုးလေးစား
ဇာနည်ဘွား မောင်လေးများ ဖြစ်ပါစေရှင်

သုခုမရဲ့ သီးသန့်ပိုင်ရှင်လေး



သုခုမရဲ့ သီးသန့်ပိုင်ရှင်လေး


 ငွေရည်သွန်း၍
ကြယ်ဝန်းရံခ
တိမ်လွှာသမှ
ရွှန်းပ လလျှင် သန့််စင်စင်တည့်။

လေပြေသန်း၍
ညခန်းဆီမှ
ပြွေသံမြသည်
နားဝကြည်လင် ပျံ့လွင်လွင်တည့်။
လွမ်းသည်မှန်း၍
ဖြေဆန်းမတတ်
(သခင့် )အတွက်ညွတ်သည်
ထွဋ်လျက်စိတ်လျှင် ကြား ရှင် ရှင် တည့်။
ရွှေပန်းချီmdy
ညဖက်ညဖက် လထွက်ချိနိတိုင်းမှာ သူဆိုနေကျ
သူ့ကြောင့်တတ်တဲ့ သီခ်ျင်းလေးတွေမဆိုရတော့
ထိုင်နေရုံပေါ့. . . . . . တားမြစ်ထားတဲ့သီချင်းလေးတွေသီဆိုကာငို. . .
သုခုမရဲ့ သီးသန့်ပိုင်ရှင်လေးရေပျော်ပါရဲ့လား
(ဆရာ စောဘွဲ့မှုး သီချင်းလေးပါ)
ချယ်ရီFM ဒီမနက်လာနေတယ်
ဒါမို့ ရွှေ ခံစားလျက် ခေတ်ဟောင်းကဗျာပုံစံနဲ့တွဲလိုက်တယ်နော်

နှင်းဆီဖြူ၏ မြှုပ်နှံရာ

နှင်းဆီဖြူ၏ မြှုပ်နှံရာ

ချစ်သူရေ
ကျမကလေ အညတရစိုက်ခင်းထဲက
ပန်းတပွင့်တော့ မဟုတ်ဘူးနော်

ကိုယ်ပိုင်ရာ နယ်မြေကွင်းမှာ ဖန်ဆင်းနိုင်စွမ်းရှိတဲ့ ရောင်စဉ်မသန်းတဲ့ နှင်းဆီဖြူပန်းတပွင့်ပါ
ကျမရဲ့ အလှရှိသလို မာနဆူးလဲရှိပါရဲ့
ဒါပေမယ့်လေ. .
ဟောဒီရင်ဘတ်ထဲကနေရာတခုမှာ
အချစ်ဆိုတဲ့အမြူတေကို ဘယ်သူတွေ လာရိုက်ချိုးနိုင်မလဲ . . .
နှင်းဆီဖြူရဲ့ အလှနဲ့ အရည်အချင်း ကို
လမင်းသိတယ်
လေညှင်းသိတယ်
ပျားလေးသိတယ်
လိပ်ပြာလေး သိတယ်
ချစ်သူလဲ သိပါတယ်လေ. . . .
ပိုင်ဆိုင်မှုတစ်ခုအတွက်
ကျမပေးဆပ်နိုင်တာကတော့
စံချိန်မှီတဲ့ အချစ်စစ်တစ်ခုပါပဲ. . .
မာယာလက်နက် စကားလုံးအသစ်စက်စက်တွေနဲ့ နှင်းဆီဖြူနား မမျှားချင်ပါနဲ့
ကျမ ကျောက်ဖြစ်ရုပ်ကြွင်း မဖြစ်ချင်ဘူးလေ.. . .
ရွှေပန်းချီmdy
ရွှေချစ်ခင်သော ဧကရီလေးပျော်ရွှင်ပါစေနော်

ညွှန်းဖွဲ့. . . ဆုတောင်း မိုးကဗျာ 10 ,2016

မိုးကဗျာ 10 ,2016
ညွှန်းဖွဲ့. . . ဆုတောင်း
သဲထက်ကဲရယ်နှင့် မစဲတဲ့ သိဟ်ရာသီ။
ဇလာကွင်း-ကန်သင်း ရေကျော်လို့
တို့တောင်သူ ထောင်တဲ့ပျိုး
မိုးဝတ်ခဲ့ ပြီ။
ကံမထောက်ရော့ထင်
ပြည်ဖောက်ကာ ရေတွေလွှမ်းတာမို့်
လူသူအများ ကူညီညာပါ့
ထူသာ မယ့်ရေး။
သဟာဆွေ မိတ်ချစ်အပေါင်းတို့
ဘေးကောင်းဖြာ ဝေဆီသာဖို့
စာကဗျာရှင် ဆုယူမွှန်းကာပါ့
ညွှန်းတော့ မယ်လေး။
ရွှေပန်းချီmdy
ဝါခေါင်လ= သိဟ်ရာသီ
ဗဟုသုတအဖြစ် ဝါခေါင်လအတွက် စာဆိုရှိတာက မိုး ၁၂လစာချိုးတွင်. . .
ဝါခေါင်တကြောင်း ထနောင်းကြောင်ခြစ် ဆူးရစ်ပွင့်ကာ
မိုးမရွာ ရွာပါသော်လည်း မိုးမစဲ . . တဲ့