မြတ်စွာဘုရား၏ အနှိုင်းမဲ့ဂုဏ်တော်
            ၉ ပါး နိဒါန်းတော်
 ဗုဒ္ဓအလောင်းအလျာ သုမေဓာဘဝ
 နိယတဗျာဒိတ်ခံယူ နောင်ဇမ္ဗူတွင်
 သဗ္ဗညုတမြတ်ဘုရားစစ်
 ဧကန်ဖြစ်ရန် မျိုးစေ့မှန်အား
 လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
 မိုးလုံးကြိမ်းမျှ သောင်းသောင်းထအောင်
 အဖန်ဖန်စိုက်ပျိုး    ပါရမီတိုးသည်
 အသက်သွေးပေါင်း  မနည်းတည်း။
 ဖြည့်ကျင့်ပါရမီ    အလွန်ဝေစည်သမို့
 ဂုဏ်ရည်အပေါင်း   အလွန်ခညောင်း
 မနှိုင်းယှဉ်သာ  ကိုးပါးအဖြာအား
 ပန်းပဒုံကြာထား လက်ဆယ်ပါးဖြင့် မြတ်နိုးရှစ်ခိုးကြပါစို့........ရှင့်။
 ၁းး အရဟံ
 ဂုဏ်တော်ထုံလွှမ်း  ပထမပန်းမှာ
 တစ်ထောင့်ငါးရာ ကိလေသာ
 ဝေးကွာမစပ်ယှက် သံသရာစက်မှ
 ပယ်ဖျက်ချိုးဖောက် ငြိမ်းအေးရောက်
 လူနတ် ဗြဟ္မာ အသူသူ ပူဇော်ယူ
 အထူးထူးခံသည် အရဟံမည်.....သရှင့်။
 ၂။ သမ္မာသမ္ဗုဒ္ဓ
 ဂုဏ်တော် ဒုတိယ မြတ်ဗုဒ္ဓ၏
 လွန်စွာထူးသား သယမ္ဘူဥာဏ်တပါး
်ဤကားတရားစစ်မှန် ကိုယ်ပိုင်ဥာဏ်နှင့်
 သိကြောင်းဖန်သမို့""သမ္မာသမ္ဗုဒ္ဓ""ဘွဲ့ တော်သ.....ရှင့်။
 ၃။ ဝိဇ္ဇာစရဏ သမ္ပန္န
 မြတ်ဘုရားရှင်သည် စရဏအပြား
 တဆယ့်ငါး သုံးပါးရှစ်ဖြာ ဥာဏ်ဝိဇ္ဇာ
 ကောင်းမွန်ရလျက် ထူးခြားချက်ကြောင့်
 ဝိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်တပါး
 ဦးထိပ်ထား......ရှင့်။
 ၄။ သုဂတ ဂုဏ်တော်
 မြတ်ဘုရားရှင် ကောင်းစွာကျင့်အပ်
 မဇ္ဈိမ ပဋိပတ် အလယ်အလပ်လမ်း
 မဂ္ဂင်ပန်းဖြင့် ရွှေနန်းနိဗ္ဗာန်ကြွချီမှန်လို့
 အစဉ်ဦးချထာ်း""သုဂတ""ဂုဏ်တော်တပါး...ရှင့်
၅။ လောကဝိဒူ
 လောကသုံးပါး တရားများကို
 အကြွင်းမရှိ ကဝိတဆူ
 ဥာဏ်တော်ရှိထား 
 မြတ်ဘုရား၏ူ""လောကဝိဒူ""ဂုဏ်တော်တည်းး။
 သတ္တလောက
 သင်္ခါရလောက
 သြကာသလောက
 
၆။ အနုတ္တရောပုရိသဓမ္မသာရထိ
 မိုးစွန်ထိခိုက် ငါစွဲမိုက်သည့်
 မာနခက်ထား နတ်နဂါးနှင့်
 အင်္ဂုလိမာလ သစ္စက
 ဗကဗြဟ္မာ ဆင်နာဠာ
  လူနတ်တိရစ္ဆာန် မေတ္တာမှန်ဖြင့်
 ယဉ်ကျေးအောင်ပြု ဆုံးမမှုဝယ်
 စံပြုနှိုင်းမရှိ""အနုတ္တရောပုရိသဓမ္မသာရထိ""
 ဂုဏ်တော်တပါး ဦးချထားသရှင့်။ 
 ၇။ သတ္တာဒေဝ မနုဿနံ
 ဗြဟ္မာနတ်လူ သုံးဘုံလူ
 ဆရာတဆူ ဥာဏ်တော်ကူလို့
 သတ္တာသ ဘုံကိုးဝ၏
 တုပနှိုင်းထား မရှိငြားမို့
 ဂုဏ်တော်ဖွင့်စံ""သတ္တာဒေဝ မနုဿနံ" ...ရှင့်။
၈။ ဗုဒ္ဓ ဂုဏ်တော်
 လောကအမှန်တရား သစ္စာလေးပါး
  ပိုင်းခြားဝေဘန်သိ မြတ်ကဝိ
 ကိုယ်တိုင်ပိုင်းခြား မြတ်တရားမို့
 ဗုဒ္ဓဂုဏ်တော် ပြည့်စုံဖော်လို့
 ဦးချညွတ်ထား ဂုဏ်တော်တပါး......ရှင်
 ဒုက္ခသစ္စာ=ဆင်းရဲကျိုးအမှန်တရား
 သမုဒယသစ္စာ=ဆင်းရဲကြောင်းအမှန်တရား
 မဂ္ဂသစ္စာ=ဆင်းရဲမှလွတ်ရာကျင့်သောအသိတရား
 နိရောဓသစ္စာ=ဆင်းရဲမှလွတ်ကင်းရာမြတ်နိဗ္ဗာန်
 ၉။ ဘဂဝါ ဂုဏ်တော်
 ဣဿရိယ ဓမ္မရဿ 
 သိရိကာမ ပတ
 ဘုန်းတော်ခြောက်စုံ
 ဂုဏ်တော်အဟုန်ကြောင့်
 ဘဂဝါ မြတ်ဘုရား ဦးထိပ်ထား....ရှင့်။
မြတ်စွာဘုရား၏ အနှိုင်းမဲ့ဂုဏ်တော်၉ ပါး 
    ပူဇော်ကန်တော့ခြင်းနှင့် ဆုတောင်း
 
 အရဟံ အစ  ဘဂဝါအဆုံး
 ဘဝဂ်ချူံးမျှ ဘုန်းရှိန်ကြီးမား
 ဂုဏ်ကိုးပါး မြတ်ဘုရားအား
 စေတနာဇောဆူ  မနောဖြူလို့
 ကြည်နှုးသဒ္ဒါ ရိုသေစွာ
 ပန်ထွာမြတ်နိုး  လက်စုံမိုး
 ရှိခိုးဦးချ ထိုတဝအတွက်
 ခန္ဓာဝဋ်ဒုက္ခ လွတ်ရာအမှန်
 မြတ်နိဗ္ဗာန်သို့ ရလွယ် 
 ရောက်လွယ်သောသူ ဖြစ်ပါရစေ ဆုတောင်းချွေသည် နတ်လူ သာဓုခေါ်ပါစေ....ရှင့်
                                                 ရွှေပန်းချီ်