
နိဒါန်းတော်
လောကသုံးလူ ဘုရားတဆူ
ဖြစ်တော်မူလည်း ဆင်ခြင်သုံးသပ်
ထားရှိအပ်သည် ဆရာမည်သမို့
ရွှေဥာဏ်ကွန့်ဖြန့် အဖန်ဖန်ထပ်ရှာ
မြတ်ဘုရားထက်သာ မြတ်ဆရာမရှိ
ပြန်စီစစ်ထား တရားသားကို
ရှိထားအပ်စေ မျှဘုန်းဝေသည်
ဂုဏ်တော် ၆ပါး တရားများကို
ရွှေတို့ ပူဇော်ကြပါစို့.......ရှင့်
၁။သွက္ခာတော
ကိလေသာဆိုသော အပူမီး
ငြီးငြီးတောက်လောင်
ဆူအောင်တိုက်စား ဘဝများအား
ငြိမ်းအေးစေအောင် ဖေါ်ဆောင်ဟောပြ
မှန်ကန်လှသည့် မြတ်တရား
တပါးအခေါ်"သွက္ခာတော"...ရှင့်
၂။ သန္ဒိဋ္ဌိကော
ကောင်းမြတ်သော အသိ
မှန်ကန်ကျင့်ကြံ
အားထုတ်မှန်က
ကိုယ်တိုင်ခံစား
မြင်သိငြားသော"သန္ဒိဋ္ဌိကော"
တရားတော်တပါး ဦးချထားရှင့်။

၃။ အကာလိကော
မှန်ကန်သစ္စာ မြတ်ဒေသနာ
ယုံစွာလက်ခံ ယခုကျင့်ပြန်က
အချိန်ခွင့်မဆိုင်း လက်ငှင်းတိုင်းပင်
မြန်ဆန်ကျိုးစံ
ဖြစ်စေမှန်သော"အကာလိကော"တရာ

အမှန်သစ္စာ မြတ်ဒေသနာကို
ကိုယ်တိုင်အသိ ရင်ဝယ်ညှိလျက်
လာပါရှုကြည့် ထိုးထွင်းရှိအောင်
ဖိတ်ခေါ်တိုက်တွန်း
အစွန်းမရှိသော"ဧဟိပဿိကော"
တရားတော်တပါး ဦးချထား.....ရှင့်။

မှန်ကန်သစ္စာ မြတ်ဒေသနာကို
်မိမိ စိတ်သဏ္ဍန်ကိန်းအောင်
ကောင်းစွာကျင့်ဆောင်
ထားစေထိုက်သော"သြပနေဟိတော"
တရားတော်မြတ်အား ဦးချထား....ရှင့်။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ
မှန်ကန်သစ္စာ မြတ်ဒေသနာကို
တရားသိမြင်ထား မဂ္ဂင်ရှစ်ပါး
အရိယာများသာ ကိုယ့်တရားကိုယ်
ခံစားထားစေထိုက်အသိ
့" ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ "
တရားတော်မြတ်အား ဦးချထား....ရှင့်

မြတ်စွာဘုရား၏ တရားဂုဏ်တော် ၆ ပါး
နိဂုံးတော်ကို ပူဇော်ခြင်း
သွက္ခတာ အစ ပစ္စတ္တံဝေဒိ အဆုံး
တရားဂုဏ်တော် ခြောက်သွယ်ဘုန်းရှိ
မှန်ကန်သစ္စာ မြတ်ဒေသနာနှင့်
မဂ်ဖိုလ်လေးပါး ပရိယတ်အားဖြင့်
ဆယ်ပါးစုစုံ အဖုံဖုံ ကို
မြတ်နိုးဦးခိုက် ရှစ်ခိုးလိုက်ကြပါစို့.....
No comments:
Post a Comment