အိတ်ပိတ် ကဗျာ
့(သို) သိုက်မြုံပျက်တဲ့ နေ့
အေးစက်မှုတွေထဲ
ကဗျာ ရင်ခုန်သံတွေရပ်နေတယ်
မွန်းကျပ်မှုတွေထဲ
ကဗျာ ရင်ခုန်သံတွေရပ်နေတယ်
်
ဟိုး အဝေးက. . . . ကလေးငယ်ရေ
ဘဝ ရဲ့သိပ်သည်းမှုတွေကြားမှာ မင်းဘာကိုချိန်တွယ် အိမ်မက် မက်နေလဲ
ဒါကို'ကံ'လမ်းလို့သတ်မှတ်ချင်မှတ်မယ်
ချေဖျက်လို့ ပြေပျက်မယ်ဆို
ငါဒီလိုထိုင်ပြီး စိတ်ညစ်နေမလား
ငါ့အတွေးတွေနှိပ်စက် ညဥ့်နက်တဲ့ ညနာရီသံ တချက်ချက်နဲ့
နှလုံးခုန်မှုရော ပုံသေနည်း မဟာဗျူဟာနည်း အယူအဆတွေပေါ တဲ့ ဦးနှောဏ်တခုလုံး အမှောင်တွေပိန်းပိတ်အောင်
ခေါင်းငုံလိုက်ရတော့မလား
ဟိုး အဝေးက . . . . .ငါ့ကလေးလေးရေ ဒီလောက် မမိုက်မဲခဲ့ပါဘဲနဲ့ ရင်နင်စွာမြင်ခွင့်ရတဲ့'အခင်းအကျင်း'တွေ ကို ငယ်ငယ်တုန်းက'ညောင်ပင်တစ္ဆေ 'လို
'ဝေလေလေ' လုပ်ပစ်ခွင့်ရချင်ပါရဲ့
သွားဦးပေါ့ကွယ်
ကံဆရာရဲ့ ပန်းချီကားတချပ်ထဲ
ပြုံးယဲ့ယဲ့နဲ့ ဆေးတင်ခွင့်တောင်မရချင်ဘူး
မင်းတို့ရဲ့ သိုက်မြုံအိမ်ကလေး
ဘယ်ကမ္ဘာလေးဆီ
''အမှတ်မဲ့ ''ထွက်ခွာသွားတယ်
အဲဒါ 'တစ်ခဏ'တာလား
အဲဒါ 'တစ်သက်စာ'လား
ဒါမဟုတ် 'နောက်ထပ်. . . 'လာအုန်းမလား
အဲဒီမှာ. . . . မင်းတွေ့ချင်တဲ့ ခြေရာတွေ ရှိနေမလား ကလေးရယ်
ငါ့ကဗျာရင်ထဲမှာတော့ အပြင်ဖက်မှာကျပ်ခဲသလောက် အထဲမှာဘောင်ဘင်ခတ်
ချော်ရည်မြုံမီးတောင်တခုရဲ့အား ''''ငါ့နှလုံးသားကို ဝါးစား'''နေတယ်။
ရွှေပန်းချီ်(Mdy)
No comments:
Post a Comment