*****ဖူးသည့်တစ်ငုံ
ထုံသည့်တစ်ပွင့်. . .
နမ်းခွင့်တရှိုက်
ရသည့်ခိုက်မှာ. . . ****
မောင်
ကျမကလေ. . .
နှင်းဆီဆိုက သင်းကြည်မွှေးမြ
စွေးစွေးနီမှ. . .
စိန်ပန်းဆိုလဲ နွေနေနန်းမှာ
ပွင့်မာန်ကဲမှ. . .
သဇင်လိုချင်ချူ
ခတ္တာလိုချင်ခူး
သစ္စာတော်ဦး တစ်ဖွင့်ဖူးမှ
သဘောကျ. . သရှင့်
အခုတော့ . . . ဒီသရုပ် သူမဟုတ်ပြီ်
မနီသလို နီသလို . .
မချူသလို ကလူသလို. .
မလှမ်းဝင့်ဝင့် မကမ်းဆင့်မို့
ဇကောတင် ဇကာရွှေး
မောင် တွေးနေရင်
အချစ်ပန်း ဈေးနဲ့ ဝေးဝေးနေ. . .ရှင့်။
ရွှေပန်းချီ mdy
ဆရာမောင်စိန်ဝင်း၏ ချစ်သူသိစေ ကဗျာထဲမှ သိပ်လှတဲ့စာလေးနဲ့အတူ ဆင့်ပွား ခံစားရေးထားခြင်းဖြစ်ပါတယ်နော်။
No comments:
Post a Comment