Monday, February 19, 2018

ရေတပွက်​မျှသာ


#​ရေတစ်​ပွက်​မျှသာ...

တွေဆုံကြ တစ်​ခဏသာ
စိတ်.​ခန္ဓာ တည်​ခြင်းရယ်​မှ...

ရေပွက်​အလား အချက်​မှန်​ရယ်
အသက်​ဆိုတာ ငါပိုင်​မဟုတ်
ယိမ်းယိုင်​နာမ်​ရုပ်​ သမုတ်​​ခေါ်တွင်
ခြေတလှမ်းပင်​ တွက်​ဆမရ....
သတ္တ​လောက။

သတိတရား မစွဲထားလျှင်
အချင်းချင်းတွင်​ သီလမကြား
သူအားငါကြံ ငါ့သူကြံဖြင့်
အခါခါဆီ အဖန်​ဖန်​လီလီ
သံသရာရဟတ်
အဆုံးမသတ်​နိုင်​ အရှုံးဆိုင်​ကာရယ်
တကယ်​တမ်းသွားကြတာက
အပ္ပါယ်​​လေးလမ်း.....။

ရခဲကြုံရ ဒုလ္လဘမို့
ဆုံကြတခွင်​ ​နေမညိုခင်
ငါ့ကိုယ်​ခန္ဓာ ငါစွမ်းရာဖြင့်
အတ္တပိတ်​ဖုန်း စိတ်​နှလုံးကို
ချုပ်​ငြိမ်းဗုဒ္ဓ ​ဟောညွှန်​သသည့်
ဓမ္မသစ္စာ ​ဒေသနာနှင့်
နတ်​ရွာမဂ်​လမ်း နိဗ္ဗာန်​နန်းသို့
ရောက်​လှမ်းဖို့ရာ ​ဆွေသဟာရယ်
အော်​ကွယ်​...မြန်းစို့စခန်း။
ရွှေပန်းချီ(mdy)


No comments:

Post a Comment