Tuesday, March 20, 2018
အရီးလေး..မယ်သင်ရဲ့ ပုံပြင်
#အရီးလေး မယ်သင်ရဲ့...ပုံပြင်#
ပြောရမယ်ပ..ကျုပ် မြေးမရယ်....
"သားကိုသခင်၊ လင်ကိုဘုရား" မို့
အရိုးသားထဲ အသဲ စွဲထား
ကိုးစားခဲ့ရ ကျုပ်က မယ်သင်...လေ
"ပုဝါပါးကို ကြက်သားထုပ်၊ တစ်ရွာသားကို
ရည်းစားလုပ်"မိတော့
ု "ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ
တောင်ဘို့မှန်းသိ"
အတွင်းစိတ်ထား "ခြံခုန်နေကျနွား"နဲ့ လင်...
"သားဆိုတာ အား၊သမီးဆိုတာ ထီး"လို့
ရည်စူးငြားလည်း သောက်စားတဲ့ သား
ပျော်ပါးတဲ့ သမီးကြောင့်..
"ငုံးဆူ လူမသိ" တဲ့ ကျုပ် ဘဝ...
"တောင်းဆိုးပုလုံးဆိုး ပစ်၊
သားဆိုးသမီးဆိုး ချစ်" ပ..
"တစ်လင်မကောင်း၊ တစ်လင်ပြောင်း"ရန်...
အကြောင်းရယ် မကြံအားပါ ဘု
"သည်ပတ်မနဲ့ သည်လင်ကွင်း ၊
မိုးလင်းအောင် ခွင်း" ပါရစေတော့...
"အိမ်ထောင်ဦး ဘုရားတည်၊
ဆေးမှင်ရည် စုတ်ထိုး" သလိုပ
"တည်မိတဲ့ဘုရား၊ လင်းဒနား" စေ
သို့ကလို..ပေမယ့်
" သူများလင် သူများသား
ကျားကိုက်လို့သေသေ။
ပျိုတို့မောင် ရွှေရောင်ရစ်
မင်းဖြစ်ပါစေ။" ဆုတောင်းရင်း....
အင်းးး....
ကျုပ်ကလေ..ရှေးထုံးကို *ပစားတဲ့..
မြန်မာ မိန်းမသား..တော့။ 😁😁
*ပ စားသည်=လိုက်နာသည်။ဦးစားပေးအလေးထားသည်။
ရွှေပန်းချီmdy
မူရင်းပုံပိုင်ရှင်များအားခွင့်ပြုပေးပါရန် နှင့်
မြန်မာစကားပုံ အထားအသိုဝါကျ လွဲမှားပါက ရွှေရဲ့ ကဗျာစိတ်ကူးအတိုင်းပုံဖော်မိပါသဖြင့် ခွင့်လွှတ်ဖို့ တောင်းခံပါတယ်ရှင်။ ကြည်နူးပြုံးပျော်ကြပါစေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment