Tuesday, May 22, 2018

ဘဝတန်​ဆာ...စာအလင်္ကာ


#ဘဝ တန်​ဆာ..စာ​အလင်္ကာ

စာအုပ်​စာ​ပေထဲရှိ ဗဟု သုတ များကို
တကယ်​လက်​​တွေ့ လူ​လောကတွင်
အသုံးချတတ်​မှသာလျှင်
တကယ့်​ပညာ ဖြစ်​တယ်​။
(ဗိုလ်​ချုပ်​​အောင်​ဆန်း)
===============
စာကိုဖတ်​မှ
ဖတ်​သူရင်​ထက်​၊လျှပ်​စုံပြက်
လက်​တိုင်းမဲသစ်​ မြင့်​​ပေလိမ့်​။
စာကိုဖတ်​မှ
ဖတ်​သူရင်​ထက်​၊သက်​တံဆက်
လက်​တိုင်း​တွေးသစ်​ ဆင့်​​ပေချိမ့်​။
(ဆရာ ဗန်း​မော်​ညိုနွဲ့)
====+=======

ထိ​တွေ့​စေရာ...အလင်္ကာ
လက်​ဖျားနှိုက်​ပင်​၊ နုသည့်​သွင်​တည့်
မြင်​ရခိုက်​ခါ၊မျက်​လွှာသည်​လည်း
မှုန်​ဝါမထင်​၊ဖြူသန့်​စင်​သည်
ကြာနွယ်​ကြာပန်း၊ အသွင်​တင့်​ဆန်း
ပွင့်​လန်း​မွှေးမြသာ​လေသတည်း။

လေ့လာစရာ..စာ​ပေသာ
တုပွားလိုက်​နာ၊ မှတ်​သညာ
ရှေ့သွားကြီးသူ၊ ​တွေ့ကြုံယူ
ဆင်​ခြင်​ဥာဏ်​သတ်​၊ ထပ်​ဆင့်​ခတ်
မငိုက်​မတိမ်း၊ဘယ်​မယိမ်းဘဲ
ထိမ်းသိမ်းလှပ မည်​သာတည်း။

ဝိဇ္ဇာသိပ္ပံ၊ တန်​ခိုးစံနှင့်
အလျှံကြီးထ၊ လူ့​လောကမူ
မုဒိတာလွှဲ၊ ငါသာစွဲပြီး
တက်​​ခေတ်​ကျမ်း၊ စက်​အသစ်​စမ်း​တော့
ကိုင်​ကြွထိုး​ဖောက်​၊​လောဘ​ဆောက်​လို့
တစ်​​ယောက်​တက်​၊တစ်​​ယောက်​ဖျက်
လေးနက်​ဆင်​ခြင်​၊မာန်​​စုံဝင်​​တော့
အာရုံ​မမွှေးမြနိုင်​​လေသတည်း။

ရွှေပန်းချီmdy
စာ​ပေ ကဗျာ အလင်္ကာ အနုပညာသုခုမက ဘဝရဲ့​ဖျော်​​ဖြေ​ရေးအတွက်​သာမဟုတ်​ပါဘူးဆိုတာ ​ရွှေအမျိုး​တွေ နဲ့ ​မောင်​ငယ်​ညီမငယိတို​တ​တွေ အသိဝင်​ဖို့ ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ မှတ်​တမ်းအတို​လေးနဲ့ ဆရာကြီးဗန်း​မော်​ညိုနွဲ့ရဲ့ စာဖတ်​ပါ ကဗျာအပိုင်းအစ​လေးကို ထည့်​သွင်း​ဖော်​ပြလိုက်​ပါတယ်​ရှင်​။





No comments:

Post a Comment