''ညီမလေး..သို့''
ချစ်ခြင်း မုန်းခြင်း သံစဉ်ဝန်းကြား
ဖြူစင်ခြင်းသာ အလေးထားခဲ့သူပါ...
မေတ္တာတရားတွေ အုပ်စုဖွဲမိုးအဖြစ်
ရွာကျတိုင်း
စေတနာ ဥယျာဉ်က ပန်းစုံပွင့်နေခဲတာပါ..
နှလုံးသားက ရိုးသားစွာ ဖွဲ့နွဲ့ခဲ့တဲ့ အနုပညာနဲ့ ရင်းနှီးစွာ ဦးညွှတ်ကြည်နူးမိခိုက်
ဟိုး..တိမ်တိုက်တွေနောက်က ကြားလေတိုက်ခိုက်လို့ ချစ်ခင်ခြင်းတွေ ဖျက်ပစ်လိုက်တော့မှာလား...
ဘာပဲဖြစ်ဖြစ်ပေါ့လေ...
အကင်းမသေသေးတဲ့ သံသယတွေနဲ့
ခြုံပုဝါရက်ပြီး ပုံပမာတွေပြထားတဲ့
အနာဂတ်ဆိုတာ ပျော်စရာတော့ မကောင်းတာ အမှန်ပါပဲ...လေ။
ရွှေပန်းချီmd
No comments:
Post a Comment