ဘဝဆိုတာ ချောမွေ့ကြည်လင်ဖန်သားပြင် ကျောက်သလင်းရဲ့ ကစားကွင်းလဲ မဟုတ်ပါကွယ်
ဘဝခရီးလမ်း အတက်အဆင်းကြမ်း
သံပန်းဆူးခက် ထွေခတ်နေတဲ့ လှေကားထစ်တွေရှိလေရဲ့......
ဘဝနဲ့ အောင်မြင်ခြင်းများ ကူးဆက်ထားတဲ့
တံတားအခင်း ပျဉ်ချပ်တွေက တခါထပ်မကပဲ ဆွေးမြေ့လိုလဲနေတတ်တယ်.....
တခါတရံ ရှုံးနိမ့်ခြင်းများ မင်းအတွက်ထားတယ် မထင်ပါနဲ့ နောက်တခါ ကြိုးစား အောင်မြင်ခြင်းတံခါး ပွင့်သွားတာလဲ ဖြစ်ပါတယ်
ဒါပေမယ့်ကွယ်
မောလှတယ်လို့ ဘယ်သောအခါမျှ မတွေးနဲ့
အမေလက်နဲ့ ထုဆစ်ကာသွန်း
အားအင်တခွန်းက အမြဲတန်းပဲ ရှိနေမယ်
းးးးအမေက သိပ်ချစ်ပါတယ်ကွယ်းးးးး
လောကဓံ ကစားကွင်း လဲလျှောက်ရမယ်
အောင်မြင်မှု တံတားလဲ ဖြတ်ရမယ်
မေမေ သားကောင်း လူအပေါင်းကအသိမှတ်ပြု
လူမှုတွင်ကျယ် စေပါကွယ်
ရွှေပန်းချီ
ရွှေ့ချစ်ရပါသော
မေမေနဲ့ အမေအားလုံးကိုဂုဏ်ပြုလေးစား