Tuesday, October 21, 2014

(ကမ္ဘာကြီးလည်နေသရွေ့ .....ဆုံကြမယ်))

့(ကမ္ဘာကြီးလည်နေသရွေ့ .....ဆုံကြမယ်))
ချစ်သူအတွက်
အကြင်နာတရား နှလုံးသားရဲ့အတွင်းပိုင်း အနက်ရှိုင်းဆုံးကစီးဆင်းလို့
 နရီစည်းတက် အသဲခုန်ချက်က မျက်တောင်တစ်ခတ်
အသက်ရှုတောင်ရပ်ရပ် သွားတယ်
တို့နှစ်ယောက်ရဲ့ဆုံစည်းမှု အိမ်မက်တခုလို ပန်းချီဆွဲရရင်
မင်း...မျက်ဝန်းတွေ ပြုံးနေတယ်
မင်း....နှုတ်ခမ်းတွေ နွေးနေတယ်
မင်းအကြင်နာပန်းခင်းလေပြေတွေလဲသင်းနေတယ်

အိမ်မက်ကနိုးထ ကံကြမ္မာကမလှမပဝင်ကတော့
ပျော်တာတွေပျောက်ရှ နာကျင်ခဲ့ကြရလို့
ချစ်ရာသီလေးတောင် သက်တမ်းကုန်သွားတယ်
ဒါပေမယ့်လေ........
ဒီကမ္ဘာကြီးလှည့်လည်နေသရွေ့တော့
မင်းရယ်.......တို့ရယ်
ချစ်ရယ်....မုန်းရယ်
အပြုံးရယ်....အရှုံးရယ်
ထပ် ထပ်ဆုံနေကြမယ်နော်.............မောင်။။
ရွှေပန်းချီ့
— with မင်းမြတ် သူရ and 48 others.
  • Shwepan Chi မင်္ဂလာပါ
    ရွှေချစ်ခင်ရသော ဆရာ အကိုအမ
    များနဲ့သယ်ချင်းတို့ရေ
    ရွှေ ဒိနေ့တနင်္ဂနွေနေ့လေးမှာ မိဘမဲ့ကျောင်းမှာ တပတ်စာသန့်ရှင်းရေးသွားလုပ်တာလိုက်သွားမှာမို့ like နဲ့ ကော်မန့် ပေးကြတဲ့ သူတွေကို အပြန်မှ ကျေးဇူးစကားပြောပါရစေနော်
    ပျော်ရွှင်သော နေ့ကလေးများ
    ထပ် ထပ်ဆုံနိုင်ကြပါစေရှင်

No comments:

Post a Comment