ရွှေနန်းတော် သာမြေဘုံခန်း
လှမ်းလာခဲ့ပါ
မန်းတောင်ဘွေ ၊ သာစခန်းမှာ
ကျုံးဘောင်ခွေ ၊ကလျာထပ်ပါလို့
ရွှေနန်းပြသာဒ် ၊ တံတိုင်းဆင်
နှိုင်းယှဉ်စရာ ၊ပမာပြောရရင်
သာယာပေါတဲ့ ၊တာဝတိံသာ
နတ်ဒေဝတာ ဖန်ဆင်းသို့ လေး။
အရှေ့တခို ၊ မှိုင်းစို့တဲ့ညို့ 
ဆိုင်းမို့မို့ကျင်းစေဆောင်
ရန်ကင်းတောင် ၊ပိတ်လှောင်ခပါလို့
စိမ့်မှောင်ကာ ပြန့်ပြော
အောင်ပင်လယ် မြေတကြောရယ်နဲ့
သာမောစရာပေါင်း ပန်းကြာစုံချောင်း။
အနောက်တခို ၊မင်းဝံညိုတို့
သွေစည်မကွာ ၊တပြေညီညာလှတဲ့
မင်းဧရာမဒီမြစ်က ၊ဝိုင်းပတ်လို့ရံ
ကိုင်းလက်သဏ္ဍန်စစ်ပင်မြို့ရယ်ကြောင့်
မင်းနှစ်မွှာ ခရီးပင်ဆက်ရတဲ့
အင်းဝ ရွှေတံတား ...။
တောင်ဖက်မှာ ၊ ဆောင်စက်ရာ
ဘုံကြငှန်းနဲ့ ၊စံမြန်းတဲ့ မုနိမဟာ
မြတ်ဘုရားရှင် ၊ကိုယ်ငွေ့သင်းတာမို့
သည်လူ့ပြည် ဘယ်နေရာဘုံဌာနနဲ့
နှိုင်းတင်စရာ ရှာမတွေ့ကွဲ့လေး။
ရွှေပန်းချီ
တတ်သိနားလည်သလောက်လေး
ရေးနေတာပါ လိုအပ်မှုတွေသည်းခံပေးပါနော်
— with Za Ya, Moesandar Shwemdy, အလင်း ခါး and 39 others.လှမ်းလာခဲ့ပါ
မန်းတောင်ဘွေ ၊ သာစခန်းမှာ
ကျုံးဘောင်ခွေ ၊ကလျာထပ်ပါလို့
ရွှေနန်းပြသာဒ် ၊ တံတိုင်းဆင်
နှိုင်းယှဉ်စရာ ၊ပမာပြောရရင်
သာယာပေါတဲ့ ၊တာဝတိံသာ
နတ်ဒေဝတာ ဖန်ဆင်းသို့ လေး။
အရှေ့တခို ၊ မှိုင်းစို့တဲ့ညို့ 
ဆိုင်းမို့မို့ကျင်းစေဆောင်
ရန်ကင်းတောင် ၊ပိတ်လှောင်ခပါလို့
စိမ့်မှောင်ကာ ပြန့်ပြော
အောင်ပင်လယ် မြေတကြောရယ်နဲ့
သာမောစရာပေါင်း ပန်းကြာစုံချောင်း။
အနောက်တခို ၊မင်းဝံညိုတို့
သွေစည်မကွာ ၊တပြေညီညာလှတဲ့
မင်းဧရာမဒီမြစ်က ၊ဝိုင်းပတ်လို့ရံ
ကိုင်းလက်သဏ္ဍန်စစ်ပင်မြို့ရယ
မင်းနှစ်မွှာ ခရီးပင်ဆက်ရတဲ့
အင်းဝ ရွှေတံတား ...။
တောင်ဖက်မှာ ၊ ဆောင်စက်ရာ
ဘုံကြငှန်းနဲ့ ၊စံမြန်းတဲ့ မုနိမဟာ
မြတ်ဘုရားရှင် ၊ကိုယ်ငွေ့သင်းတာမို့
သည်လူ့ပြည် ဘယ်နေရာဘုံဌာနနဲ့
နှိုင်းတင်စရာ ရှာမတွေ့ကွဲ့လေး။
ရွှေပန်းချီ
တတ်သိနားလည်သလောက်လေး
ရေးနေတာပါ လိုအပ်မှုတွေသည်းခံပေးပါနော်
Like · · Stop Notifications · Share
- မိုးစက် ပွင့်, Sinthant Maung, Linn Htet and 443 others like this.
- 6 of 62
No comments:
Post a Comment