Tuesday, March 31, 2015

ဘဝလှေရဲ့...ပဲ့ကိုင်ရှင် 194


ဘဝလှေရဲ့...ပဲ့ကိုင်ရှင်

ဒေါင်းဖန်ဝါ
ယဉ်တကျော့ရယ်က
တမင်သော့လို့
အပြေးကို...နှင် ။

မလေးခင်
မောင်တို့တသိုက်
ဝေလေမလိုက်နဲ့
သတိလေး..ဝင် ။

မနှေးပင်
ကိလေသာတပိုက်
လှေကြုံမကြိုက်နဲ့
အရေး..ရယ်ဆင်။

သုံးဆယ်တစ်ဘုံ
နေရာစုံဝယ်
တနယ်စီကူးကာ
မသေဖူးရယ်
ဘယ်မရှိမို့
ရွယ်စူးကာ နန်းအမတ(နိဗ္ဗာန်)
ဖန်ကြမယ်လေး။ ။
ရွှေပန်းချီ


No comments:

Post a Comment