Sunday, March 8, 2015

((ရွှေနဖူးစာကံရယ်...ဖန်ပါတော့ကွယ်)) no 184


((ရွှေနဖူးစာကံရယ်...ဖန်ပါတော့ကွယ်))

မောင့်...မမရွှေစင်အိရယ်

ရွှေလှိုင် ငွေလှိုင် ၊ မဉ္ဇူခိုင်နှယ်
ဝင်းကြိုင် ဝင်းကြိုင် ၊ ကလျာပိုင်၍
အလှစုသစ် ၊ နုထွဋ်စစ်မှာ
ခြောက်ပစ်ကင်းကွာ၊ ဟန်ပန်ဖြာစု
ု ပုလဲဥသို့ ၊ မြင်ရှုလွန်မော
မြကြောစိမ်းစိမ်း ၊ ရှိမ်းရှိမ်းလန်းလန်း
ပန်းလှသဇင် ၊ တော်ဝင်ခင်သ
မဒီအလှနှင့် ၊ အတူမကွာပေါင်း
ကိန်းအောင်းစုံညီ ၊ ဘယ်စေတီဝယ်
ကြည်ဖြူမြတ်နိုး ၊ ဘယ်ပုထိုးဝယ်
ရိုသေသမှု ၊ ဘယ်ဆင်းတုဝယ်
ဆုယူဆုကောင်း ၊ ပြုပါတောင်းမှ
လှမျိုးသက်လှယ် ၊ မောင့် မ...ရယ်နှင့်
ရွှေလက်ဆွဲဆွဲ၊ ရွှေလည်တွဲ၍
တပြည်လဲ မကွာ၊ နေရာမကွဲ
နွဲလည်း တူပြိုင်၊ ချစ်နံလှိုင်တည်
သက်လုံး သေတိုင်၊ ဖူးစာခိုင်မည်
ကြည်သာတူနိုင် ၊ ချစ်တင်းပြိုင်မည်
မောင်..နေချင်သည်၊ မျှော်မှိုင် ချစ်သူ...မ ကိုလည်း။ ။
ရွှေပန်းချီ

ကဗျာဆရာကြီး စောရန်နောင်(ဇန်နဝါရီ ၁၉၃၃)ရေးသား ခဲ့သော မယ်ဘွဲ့ပိုဒ်စုံစင်္ကြာရတု အားမှတ်သားလေ့လာလျက် မှီငြမ်းအတုယူပြီး စကားလုံးအကွဲများနှင့် တပိုဒ်သာ အစမ်းရေးသားခြင်းဖြစ်ပါသဖြင့် အမှားအလွဲများပါပါက ခွင့်လွှတ်သည်းခံပေးပါရန်တောင်းပန်အပ်ပါသည်ရှင့်

No comments:

Post a Comment