အဖြည့်ခံပန်းတပွင့်ရဲ့ ချစ်ခြင်း
့(သမ္မူလ မင်းသမီး)
နှလုံးသားနဲ့ နာတော်မူပါ
ချစ်သောသခင် ထီးလှိုင်ရှင်....
ပုဂံမှာပျော် ကြောင်ဖြူခေါ် မြိုင်ချေရပ်က
ရှင်မထီးတူမ သမ္မူလပါ မင်းကျန်စစ်ရယ်...
တောရိပ်တောင်ခန်း အေးချမ်းသာယာ
ဘဝအမော ဘယ်သောဘယ်ခါ
ပူလောင်အသိ တကယ်မရှိခဲ့
ပကတိအဖြူသက်သက် သမ္မူလရဲ့ နှလုံးသားက အသစ်စက်စက်ပါ မောင်တော်......
ကံကြမ္မာတချက်စမ်းအရိန္ဒမာလှံ ထမ်း
သမုဒယချစ်ငြမ်းတင် ကျွမ်းဝင်ကာ ဆင်မိ
ပုဂံသူ သမ္မူလ ပေထက်စာဝင် ဦးဆောက်ပန်းသခင်....လို့
မင်းကြီးထီးလှိုင်ရှင် ဘုန်းတော်ဘွဲ့သ
ရာဇဝင်က မိဘုရားတစ်ပါး ပါ် ကျန်စစ်ဘုရင်ရယ်..
မေတ္တာတော် ဂဟေဆက်
ရွှေလက်တော် ထွေဖက်ပေမဲ့
ချစ်သခင်က အဝေးသို့နှင်
လွမ်းလို့ပင် ကျန်ရစ်ချေပေါ့
မျက်ရည်တို့ရဲ့အဖော် လက်ဝတ်တော်
ရတနာတကွင်းနဲ့ နှစ်ပါးမျှတဲ့သံယောဇဉ်အကြွင့်း "မယ်မင်း...သားဖော်လက်တော်ကိုဆွဲ
နန်းပုဂံထဲ ဝင်လာစေသား" မှာကြားစကားကြောင့်ရူး.. မြတ်စိန္တေဦးမှာ ဆုတောင်းအလီလီ သားတောင်းသည်ဘဝ အမောင်မြင်ရပါရဲ့လား သခင်....
့
သားတော်နဲ့အတူ နန်းဦးဆီသို့
ဦးတိုက်ခစား မော်မဖူးသာဘူး
စီးကျထွေထွေ မယ့်မျက်ရည်က ဝမ်းသာဝမ်းနဲ ငိုမစဲရင်း
ဘယ်သင်း ဘယ်တောက နန်းမသို့ဝင် ငါထီးလှိုင်ရှင် အသေရေပျက်ရ အမျက်တော်များရှခဲ့လေမလား မောင်တော်ဘုရား ရယ်....
ပုဂံပြည့်ရှင် သမုဒယသခင်က
မော်ဖူးစေသား အကြည့်တော်ထားမှ
သမ္မူလမျက်နှာ ငွေနှင်းကြာ....သိ
ဒီမိန်းမငယ်ကျေးဇူး အထူးထူးရှိမို့
သားဦးနဲ့ သက်လျာကို ကမ်းဆက်
ဦးဆောက်ပန်းတော် အမည်သက်လို့ သီရိဘုဝနအာဒိစ္စရာဇာဘွဲ့ခံ ကျန်စစ်မင်းရဲ့ မိဘုရားမဟေသီ တြိလောက ဝဋံသကာ သမ္ဗူလ ဒေဝီတပါးခစားလျက်ပါ မောင်မောင်...
သို့ပေမယ်ငဲ့....
လန်းမရွှင်သာ မောင့်မဟေသီများကြား
တွေးရင်းသာ ရင်နာရပြန်ပ ဥဿာသူခင်ဦးအချစ်ပွဲ
သခင်သစ္စာနဲ့လဲခဲ့လို့ အဝေးလွင့်
အဆိပ်သင့်တဲ့""အမောင့်နှလုံးသား သမ္မူလကိုအစားထားသတဲ""့
ကုစားစရာ အဖြည့်ခံ အလွမ်းပြေတောင် သက်သေခံထား ဘုရားနှမတစ်ပါးပါလား မောင်တော်ရယ်...
ပုဂံပြည်တခွင် သာသနာပွင့်လန်း
အနုပညာပန်းတွေလှ အံ့မခန်းစွာသ့
ဘုရားစေတီအနန္ဒာတော်က မဏိစန္ဒာအပေါ်သစ္စာထားပြ တည်ထားရသလို
အပယ်ရတနာမိဘုရားငယ်ငယ် စိတ်တော်ရယ်ဖြေစေဖို့ အပယ်ရတနာဘုရားတစ်ဆူ တည်ပေးတော်မူခဲ့လေသတဲ့လား မောင်တော်ရယ်....
သံသယရဲ့သားကောင်ငယ်က အကျွန့်ရင်ကို အငှားကိုး အစားထိုးခံ အလွမ်းပြေအသိနဲ့
ပုဂံဘုရားအဆူဆူ ဖူးသော်မပြေလျ
ပြည့်စုံလှတဲ့ ပုဂံနန်းတော်
မယ်သမ္မူမပျော်ပိုက် ခံစားချက်ထွေထွေက ရင်ဝခိုက်တာမို့ နှလုံးတော်မှာအနာရ
ချစ်သူနဲ့တကွ သားမောင်ပယ်
မျက်တော်ရယ်ကွယ်ကာပြု
သေရွာသို့စုတေခဲ့ပြီ မောင်တော်........
မင်းကျန်စစ်ရယ်....
့"ချစ်တတ်လွန်းသူရဲ့ ရောင့်ရဲခြင်း
စည်းစိမ်သက်နှင်းများ မဟုတ်ရပါဘူး"
့ချစ်ရသူရင်ခွင်ညှာနန်းထိပ် ပုန်းအိပ်လို့ပိုင်စိုး သက်ပိုင်ရွယ်ကိုးခြင်းမို့. ..
မယ်သမ္မူ ချစ်ခြင်းစကား
နှလုံးသားနဲ့ ကြားနာတော်မူပါ...
့""နောင်သံသရာ ဘဝအဆက်ဆက် အဖြည့်ခံပန်းသက်သက် ဖြစ်ရခြင်းထက် မဆုံလေဆုတောင်း.....
မယ်သမ္မူ တောင်းကောင်းပါသလား""
ချစ်သော သခင်...
ထီးလှိုင်ရှင်ရယ်..။ ။
ရွှေပန်းချီ
ရာဇဝင်သမိုင်းအထင်ကရှိတာမို့  ရွှေစိတ်ကူး စာပန်းချီလေးကအမှားပါရင်ခွင့်လွှတ်ပေးပါနော်။
— with ရင်ငြိမ်းပွင့် စလင်း, Thu Hlaing, Saythu Shin and 83 others.့(သမ္မူလ မင်းသမီး)
နှလုံးသားနဲ့ နာတော်မူပါ
ချစ်သောသခင် ထီးလှိုင်ရှင်....
ပုဂံမှာပျော် ကြောင်ဖြူခေါ် မြိုင်ချေရပ်က
ရှင်မထီးတူမ သမ္မူလပါ မင်းကျန်စစ်ရယ်...
တောရိပ်တောင်ခန်း အေးချမ်းသာယာ
ဘဝအမော ဘယ်သောဘယ်ခါ
ပူလောင်အသိ တကယ်မရှိခဲ့
ပကတိအဖြူသက်သက် သမ္မူလရဲ့ နှလုံးသားက အသစ်စက်စက်ပါ မောင်တော်......
ကံကြမ္မာတချက်စမ်းအရိန္ဒမာလှံ
သမုဒယချစ်ငြမ်းတင် ကျွမ်းဝင်ကာ ဆင်မိ
ပုဂံသူ သမ္မူလ ပေထက်စာဝင် ဦးဆောက်ပန်းသခင်....လို့
မင်းကြီးထီးလှိုင်ရှင် ဘုန်းတော်ဘွဲ့သ
ရာဇဝင်က မိဘုရားတစ်ပါး ပါ် ကျန်စစ်ဘုရင်ရယ်..
မေတ္တာတော် ဂဟေဆက်
ရွှေလက်တော် ထွေဖက်ပေမဲ့
ချစ်သခင်က အဝေးသို့နှင်
လွမ်းလို့ပင် ကျန်ရစ်ချေပေါ့
မျက်ရည်တို့ရဲ့အဖော် လက်ဝတ်တော်
ရတနာတကွင်းနဲ့ နှစ်ပါးမျှတဲ့သံယောဇဉ်အကြွင
နန်းပုဂံထဲ ဝင်လာစေသား" မှာကြားစကားကြောင့်ရူး.. မြတ်စိန္တေဦးမှာ ဆုတောင်းအလီလီ သားတောင်းသည်ဘဝ အမောင်မြင်ရပါရဲ့လား သခင်....
့
သားတော်နဲ့အတူ နန်းဦးဆီသို့
ဦးတိုက်ခစား မော်မဖူးသာဘူး
စီးကျထွေထွေ မယ့်မျက်ရည်က ဝမ်းသာဝမ်းနဲ ငိုမစဲရင်း
ဘယ်သင်း ဘယ်တောက နန်းမသို့ဝင် ငါထီးလှိုင်ရှင် အသေရေပျက်ရ အမျက်တော်များရှခဲ့လေမလား မောင်တော်ဘုရား ရယ်....
ပုဂံပြည့်ရှင် သမုဒယသခင်က
မော်ဖူးစေသား အကြည့်တော်ထားမှ
သမ္မူလမျက်နှာ ငွေနှင်းကြာ....သိ
ဒီမိန်းမငယ်ကျေးဇူး အထူးထူးရှိမို့
သားဦးနဲ့ သက်လျာကို ကမ်းဆက်
ဦးဆောက်ပန်းတော် အမည်သက်လို့ သီရိဘုဝနအာဒိစ္စရာဇာဘွဲ့ခံ ကျန်စစ်မင်းရဲ့ မိဘုရားမဟေသီ တြိလောက ဝဋံသကာ သမ္ဗူလ ဒေဝီတပါးခစားလျက်ပါ မောင်မောင်...
သို့ပေမယ်ငဲ့....
လန်းမရွှင်သာ မောင့်မဟေသီများကြား
တွေးရင်းသာ ရင်နာရပြန်ပ ဥဿာသူခင်ဦးအချစ်ပွဲ
သခင်သစ္စာနဲ့လဲခဲ့လို့ အဝေးလွင့်
အဆိပ်သင့်တဲ့""အမောင့်နှလုံ
ကုစားစရာ အဖြည့်ခံ အလွမ်းပြေတောင် သက်သေခံထား ဘုရားနှမတစ်ပါးပါလား မောင်တော်ရယ်...
ပုဂံပြည်တခွင် သာသနာပွင့်လန်း
အနုပညာပန်းတွေလှ အံ့မခန်းစွာသ့
ဘုရားစေတီအနန္ဒာတော်က မဏိစန္ဒာအပေါ်သစ္စာထားပြ တည်ထားရသလို
အပယ်ရတနာမိဘုရားငယ်ငယ် စိတ်တော်ရယ်ဖြေစေဖို့ အပယ်ရတနာဘုရားတစ်ဆူ တည်ပေးတော်မူခဲ့လေသတဲ့လား မောင်တော်ရယ်....
သံသယရဲ့သားကောင်ငယ်က အကျွန့်ရင်ကို အငှားကိုး အစားထိုးခံ အလွမ်းပြေအသိနဲ့
ပုဂံဘုရားအဆူဆူ ဖူးသော်မပြေလျ
ပြည့်စုံလှတဲ့ ပုဂံနန်းတော်
မယ်သမ္မူမပျော်ပိုက် ခံစားချက်ထွေထွေက ရင်ဝခိုက်တာမို့ နှလုံးတော်မှာအနာရ
ချစ်သူနဲ့တကွ သားမောင်ပယ်
မျက်တော်ရယ်ကွယ်ကာပြု
သေရွာသို့စုတေခဲ့ပြီ မောင်တော်........
မင်းကျန်စစ်ရယ်....
့"ချစ်တတ်လွန်းသူရဲ့ ရောင့်ရဲခြင်း
စည်းစိမ်သက်နှင်းများ မဟုတ်ရပါဘူး"
့ချစ်ရသူရင်ခွင်ညှာနန်းထိပ်
မယ်သမ္မူ ချစ်ခြင်းစကား
နှလုံးသားနဲ့ ကြားနာတော်မူပါ...
့""နောင်သံသရာ ဘဝအဆက်ဆက် အဖြည့်ခံပန်းသက်သက် ဖြစ်ရခြင်းထက် မဆုံလေဆုတောင်း.....
မယ်သမ္မူ တောင်းကောင်းပါသလား""
ချစ်သော သခင်...
ထီးလှိုင်ရှင်ရယ်..။ ။
ရွှေပန်းချီ
ရာဇဝင်သမိုင်းအထင်ကရှိတာမို
Like · Comment · Stop Notifications · Share
- Yatkan Chitthu, Min Kyan Sic, မိုး ဦး ယံ and 503 others like this.
- 6 of 155
No comments:
Post a Comment