Tuesday, June 23, 2015

220့ ((အနိုင်မယူလိုသူပါ...မောင်))



့((အနိုင်မယူလိုသူပါ...မောင်))


မောင်....
မင်းအချစ်ကိုလေ
တစ်ကောင်ကျွေးလို့ တစ်ချက်ခုန်
အလှည့်ကြုံရင် စားစတမ်းလို့
မေတ္တာမဲ့သူတွေ လက်ကမ်းတဲ့ ကျားကွက်ဆန်းဆန်းတွေကြောင့်
ရင်ခုန်ရပ်ဝန်းကို ထွေမခင်းပါနဲ့...နော်

တကယ်ချစ်ရင် အရှုံးပေး
နှလုံးသွေးနဲ့ရင်း......
စစ်မင်းဆိုတဲ့ နပိုလီယန်ကစ မောင်...ချစ်တဲ့ဖေဖေထိ
ချစ်သူရှေ့မှောက်ဒူးထောက် ဖူးရောက်ခဲ့ရသူတွေပါပဲ....

အနိုင်ယူသူ သခင်တဆူက
ရင်ခွင်သရဖူမှာ ထီးဆောင်းမင်းပေမယ့်
ီမီးမောင်းတွေထိုးကာ မင်းပြန်ကြည့်
ရာဇဝင်ကစ အခုထိ
တကယ်ချစ်သူကို တကယ်ချစ်ခဲ့တဲ့သူက အနိုင်မယူဘူး
မဆိုင်သူပြောစကား မင်း..ယုံစားပါနဲ့

ချစ်သူအပေါ် အနိုင်ကလေးတဆစ် ပြောမဖြစ်ပေမယ့်
တန်ဖိုးထားချစ်အသိ ရင်ဝယ်ငြိလို့ 
ပီတိခ ချစ်မျက်ရည်တစ်စက်
ရင်ခွင်နန်းထက် တလက်လက်နဲ့ 
နိုင်တော်မူခဲ့ခြင်း...မဟုတ်ရပါ မောင်။

ရွှေပန်းချီ
— with အမည် မသိ, မင်္ဂလာ ကဗျာ, မင်း ဒဿ and 63 others.
Like · Comment · Stop Notifications · Share

No comments:

Post a Comment