Tuesday, August 4, 2015

242 မယ်တင်



ရွှေချစ်ခင်သော သူငယ်ချင်းတိုရေ စနေနေ့လက် ဆောင်နော် ပျော်ရွှင်ပါစေရှင့်

မယ်တင်...

သူငယ်ချင်းကောင်း
ယောက်မတို့ရေ...

အချိတ် အဝါဆင် အလွန်ဆန်းလို့
မယ်တင်ရက္ကန်း ရစ်ဖောက်ငှင်ရဲ့...

အဝါဆစ်မှာ အနီဖောက်တော့
ပြေပြေစို မယ်တင့်အသားနဲ့
တအားကိုကွယ် လိုက်ဖက်တယ်တဲ့

သို့ကလို......
ပြောဖူးတယ့် ကျုပ်မောင်ကြီး
မြို့ခရီးပြန်တော့ မယ်တင်ကိုမြင်
ပင်ပန်းသမျှတွေ ပြေစေချင်သတော့...

ဟဲ့.....ရွှေယောက်မရယ် မျက်နှာမမဲ့နဲ့
ကျုပ်တို့ချစ်ခြင်း အားကျဖွယ်ပေါ့......
တကိုယ်တည်းရယ် ကြိတ်ဆွေးပါနဲ့
ဒီတဝါမဝင်ခင် တူယှဉ်ပြိုင်ရအောင်
ထွေးရင်ရယ်
ညည်းဒီတကျော့တော စိုင်မော့ကာ
အားထည့်လိုက်ပါ့လေး...။
ရွှေပန်းချီ
ရွှေအိုင်ချင်းပုံစံလေး သင်ရေးလေ့ကျင့်နေပါတယ်နော် အမှားပါက ဆရာ ဆရာမ အကို အမများခွင့်လွှတ်ပါရှင့်
— with ရင်ငြိမ်းပွင့် စလင်း, Naybhone Lwim, စူး နစ် and 73 others.
Unlike · Comment · Stop Notifications · Share

No comments:

Post a Comment