Sunday, November 8, 2015

No. 249 အချစ်..ချို


ရွှေချစ်ခင်သောသူငယ်ချင်းများအတွက်
အချစ်ကဗျာ လန်းလန်းလေးနော်
အချစ်..ချို

ဟေ့...
ချစ်သူရေ
ဥတုရာသီ တခါစီပြောင်းလဲ
နင့်အတွက် ငါ့အချစ်
မပြောင်းနိုင်...

ဟိုမူ ဒီမူ ဝိဝါဒကွဲလဲ
နင်ကလွဲရင် ငါ့ဘဝမှာ
မပေါင်းနိုင်...

အိုင်ဖုန်း အိုင်ပက်
မော်ဒယ်ကောင်းလဲ
ငါ့အချစ်ကနင့်အတွက်
မဟောင်းနိုင်....

စိန် ရွှေဆယ်တင်း
တိုက်တာအခင်းလဲ
နင့်ရင်ခွင်ကလွဲရင်
မအောင်းနိုင်.......

ကမ္ဘာကျော်အချစ်သမား
ဘယ်သူတွေများလည်း
ငါလောက် နင့်အပေါ့်
မကောင်းနိုင်..

နင်ပေးအချစ် ငါ့အတွက်ဖြစ်လို့
Discount % နဲ့
မရောင်းနိုင်...

ငါ့ရင်ဘတ်ထိ
နင်ဝင်ကြည့်
ငြိနေတာတွေ တွေ့လိမ့်မယ်...။
ရွှေပန်းချီ
သုံးလုံးစပ် ကာရန် ပုံဆန်းလေး ရေးကြည့်တာပါနော်

Unlike · Comment · Turn Off Notifications · Share
You, Kyelsin Moe, Swan Yee, Song Hamen and 275 others like this.
Comments
Shwepan Chi
Shwepan Chi ko Sanay Mg
ကလေးကဗျာလေးလို့ သဘောထားဖတ်ပါနော် တစ်ခါတစ်လေ အပျော်လေးပေါ့
ဒါပေမယ့် သုံးလုံးစပ် ကာရန်အဆန်းလေးလဲ ဖြစ်ပါတယ်နော်



No comments:

Post a Comment