Sunday, November 8, 2015

No. 257 ကြွေရုပ်ကလေး..


ကြွေရုပ်ကလေး..

ကြန်အင်ထူးစွာနဲ့
ညွတ်နူးဖွယ် ကိုယ်ယဉ်သပါရဲ့
မူရာပုံ မြို့သူရှုံးပြန်တော့
ဆံရစ်ငုံ စပယ်ပန်းငယ်က
သွင်ဆင်ပုံ ဖြူရောင်စွန်းကိုဖြင့်
သရဖူဆန် ဝေ့ဝိုက်ပါလို့
ပျိုခင်ရယ်
မယ်ဥမ္မာ မမီဘူး။

ချိုသာစီ နှုတ်တွင်အေးပါတဲ့
ဆိုတေး ဝေဝေမြိုင်ငဲ့ပြင်
့"မယားတောသူ ဘယ်သူပြိုင်မှာလဲ့"
မျက်နှာပေးက အသာချီ
ကြည်လင်စွာ နှုတ်ရွှေခွန်းတွေနဲ့
တုကင်းအောင် တီတာလွန်းသူမို့
ကြွေရုပ်လေး မြန်မာခင်
တင်စားပင် ခေါ်လိုက်ချင်ရဲ့
ထူးပါကွဲ့လေး....။
ရွှေပန်းချီ
— with Waiphyo Htet, နှင်း စက် မိုး, သမိုင်း သစ် and 30 others.

No comments:

Post a Comment