ဘုရားဖူးရင်း ကဗျာလေးရေးချင်လာလိုရေးတင်လ
့ လွမ်းစေတီ....
နေရီမှေးမှေး ၊တိမ်ရေးရေးဝယ်
ဖွေးဖွေးခံဆင် ၊ ငွေခြည်တင်လျက်
ရွှေမင်ခြယ်တင့် ၊ ရောင်စုံပွင့်သား
ရှုတိုင်းဝင့်ကြွား ၊ လေပြေကြားမှာ
မြတ်ဘုရားစေတီ ၊ သပ္ပါယ်ညီသည်
ဥပ္ပါတသန္တိ ၊ ဘွဲ့တော်ရှိ၏
လွမ်းများစေတီ.....
ဆုတောင်းယူသူ ၊ ထီးထီးရွတ်ကျူ
ပီပီမငံ့ ၊ ဆည်မတန့်ဘဲ
ညွှတ်နှုးမရွှင်၊ ထွတ်ဦးတင်၍
့""သခင်နှင့်သာ တူဖူးရာ"" ဟု
ကလျာရွှေယွန်း၊ ဆုမွန်သွန်းသည်
လွမ်းများစေတီ....လွမ်းစေတီ
ရွှေပန်းချီ
နေပြည်တော်က
ဥပ္ပါတသန္တိဘုရားကြီးအား ဖူးမျှော်ရင်း FBက ချစ်ခင်သော အကိုအမ သူငယ်ချင်းများအတွကိ
No comments:
Post a Comment