Monday, January 18, 2016

ဆောင်းကဗျာ ၅ ပန်းသဇင်နဲ့ မရွှေခင်

့ ဆောင်းကဗျာ ၅                          
ပန်းသဇင်နဲ့ မရွှေခင်

မာန်မသွေးပါနဲ့
ယဉ်ကျေးသူ ရွှေရွှေခင်ရယ့့် 

 မာန်ဆိုသည် ဟန်ကဲရင်ဖြင့်
ကျလဲလျှင် အလွန်ခက်တာမို့
ရှေ့တွေးကာ ဥာဏ်တရားရယ်နှင့်
ထားသိဖို့ အချိန်တန့့် 

ပမာပြုရရင်
အခုလှစွာ ခင်ပန်ဆင်တဲ့
ပန်းသဇင် နုနုထွဋ်ဟာဖြင့်  
ပျိုဆွတ်ချိန် အလွန်လန်းသော်လည်း
ခါနွမ်း အချိန်တန်တော့
ခွေယိုင်ကာ ကေသာဖျားမှာလ
မမြဲသင်္ခါ တရားပြသလိုပ
လဲကျ မစွမ်းမှန့့် 

ပန်းလိုလှ ရွှေခင်ရယ်
တနေ့သော် ဇရာဝင်ရင်တော့
ခင်လဲလေ သည်လိုပဲရယ်မို့ 
စိတ်ကြီးဝင် မာန်မတက်ပါနဲ့
နုလှသည့် ကိုယ်ခန္ဓာထက်
စိတ်လှစွာ နေသင့်သည်သို့
မှတ်ထင်ကွဲ့လေး။ ။
                         ရွှေပန်းချီ
ရှေးသီချင်းတပုဒ်အား ခံစားလျက် ရာသီနှင့်လိုက်ဖက် သဇင်ခက်နှင့်ပုံလေးတွဲဖက်၍ရေးပါတယ်ရှင့်

No comments:

Post a Comment