ကန်တော့လျက်ပါ အမေ. . .
ဂန္တဝင် အမေ
ဂရုဏာ အမေ
ကောင်းကင် အမေ
မြင့်မိုရ် အမေ
အနှိုင်းမဲ့ အမေ
ရတနာ အမေ
မေတ္တာ အမေ
ချစ်စရာ အမေ. . . လို့
ဘယ်လိုပင် အညွှန်းတတ်
ကိန်းခန်းတွေသတ် လဲ
နှိုင်းစရာ နထ္တိ တုပမရှိ တဲ့
အမေ ဟာ အမေ ပါပဲ. . .
သေးသွယ်လက်ကလေး
သွေးအတွက်ရင်းရင်
ကမ္ဘာကို ကိုင်လှုပ်
စွမ်းအားထုတ်မြဲ
ပျော့ညံ့စိတ်ကလေး
သွေးအတွက်ရေးရင်
မရဏမင်းနဲ့စစ်ခင်းချင်တဲ့
အမေ ဟာ အမေ ပါပဲ. . ..
အမေ ဆိုသည့် ခေါ်စကား
နှုတ်ဖျားသိပ်ချို
နားဝင်ပီဆိမ့်
အားတသိမ့်သိမ့် မို့
ခေါ်ခွင့် နာမ်စား အကြွင်းမထားတဲ့
အမေ ဟာ အမေ ပါပဲ. . .
ဒါကြောင့်
သတ္တလောကဘုရား
အမေများ အတွက်
ဦးထိပ်တင်စိုး လက်ဖြာအုပ်မိုး
ကြာမျိုးဆယ်လီ ကန်တော့ချီလျက်
အခါသမနေ့အလှ ပြာသိုညမှာ
အထူး အဉ္စလီ ဖူးထွဋ်စီသည်
အမေ . . .
အမေများ . . ကျန်းမာ လှပ အေးမြ ပါစေရှင်. . . ။
ရွှေပန်းချီ(Mdy)
No comments:
Post a Comment