် ရွှေစစ်ကိုင်း အလှဘွဲ့
မြစ်ဧရာ ဟိုဖက်ကမ်းက
စစ်ကိုင်းလို့ မည်မှတ်ကာ
တံတားညီနောင် ဦးခိုက်ပုံက
ဆန်းပါဘိလေး။
များလူထိုထိုနဲ့
အမယ်စုံ ကုန်ပစ္စည်းတို့
ရောင်းဝယ်ကာ ဖလှယ်လှုံ နယ်စုံလို့ကွဲ့လေး။
တောင်တန်းရယ်သာ
တံတိုင်းသဖွယ် မင်းဝံဆက်လို့
တောင်တခိုမှာ နေညိုဆင်းတော့
ခင်းသာတယ်လေး။
တရားသံရယ် စိုစိုနဲ့
လောကီဘောင် စွန့်ကာဝံ့လို့
တောရိပ်မှီ မဂ်ဖိုလ်မြန်းဖို့ရယ်
ရည်မှန်းချင်သေး။
ရွှေပန်းချီ(Mdy)
ီ
No comments:
Post a Comment