Tuesday, February 23, 2016

ကြွမြန်းတော်မူပါ့ နွေသခင် 2016 နွေ ၁



                                         2016 နွေ(1)

ကြွမြန်းတော်မူပါ့ နွေသခင်

ရွှန်းတင့်ကြည်လင် လန်းလန်းရွှင်သည်
သခင့်မျက်နှာ ပြုံးဝင့်ဝါလျှင်
ဖန်ဝါ နေခြည်သွင်းသို့လေး. . .

ပြစ်မြူမထင် ကျွမ်းတဝင်သည်
သခင့်စကား နှုတ်သံကြားလျှင်
နွေတမြူ ရေကူ ဆင်းတယ်လေး. . .

နွေမွတ်ကြည်စင် အလှဘုရင်ရယ်
မေတ္တာညွှန့်ညွန့်
လျှမ်းလျှမ်းကွန့်လျက်
အပါးတော်မြဲ
လက်စွဲသံခေါ် နွေတဖော်နဲ့
ဥသြစေတမာန် အသာခြံလို့
ကြွလှမ်းခဲ့ပါ
နွေဦးသခင် မှုးထွဋ်တင် ရယ်ကွဲ့လေး .။

No comments:

Post a Comment