ရွှေရုပ်လွှာပန်းကလေးများ......
ချစ်စရာကလေးပါလာ့
ရုပ်ဆင်းငယ် ကြည်လို့ဝင်းတဲ့ပြင်
ဟန်ဆင်း မူယာထယ်နဲ့
ကြင်နာဖွယ် ချိုချိုပြုံးတာမို့
”အရုပ်ကလေးရယ် မက်လောက်စရာ“
ချိုလို့အေးပါတဲ့
ဆိုတေးတွေ ဝေေ၀မြိုင်တဲ့ရင်
ကကြိုးပြိုင် နှစ်ပါးဆိုင်လို့
ပြီမမီ နှုတ်ရွှေခွန်းတွေနဲ့
တုလွန်းအောင် တီတာကာမို့
“အရုပ်ကလေးရယ် ချစ်စရာ“
ကြန်အင်ထူးစွာနဲ့
ညွှတ်နူးဖွယ် ရောင်ဝါတို့ပြင်
မူယာပုံ ကော်ရုပ်ထက်ဆန်းပြန်တော့
တပြည်ရွာနေ သွေးမနှောပေမယ့်
ပန်ထွာထွာ လက်ပင်ကမ်းပါလို့
မက်မောစွာ သူခင်တွယ်ရတယ်
မြင်လေပေါ့ သစ်ဆန်း
မြန်မာ့ ရွှေရုပ်လွှာပန်း.....။ ။
ရွှေပန်းချီ(Mdy)
No comments:
Post a Comment