့ မိုးကဗျာ 2016အမှတ်စဉ် (၆)
မိုးနတ်ဣန္ဒာခင်
ခြောက်ရွာနတ်ထံ၊ ဘုံကျမှန်သို့
ရည်လျှံဝင်းနု ၊ ကျွန့် မျက်ရှုအား
ဟေမမိုးခါ ၊ ဖူးဆုံလာ၍
မသိ နေ့ည ၊ မကြုံ ဘွဲ့ထူး
ထွဋ်ခေါင်မှုးသည်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။
ဝဿန်ပက်ခွင်း၊ မာန်ကြိုးညှင်းသော်
ဆူထန်ပူငွေ့ ၊ သက်လျှင်ကြွေ့သို့
ညှိးသွေ့ရီရော်၊ စက်မပျော်ပ
ရွှေပေါ်မြတင် ၊ ပြာသာဒ်ပင်ထက်
ဝတ်ဆင်ဖူးခက် ၊ ထူးထူးလက်သည်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။
မိုးကျွန်းဟေမန်၊ တန်ခိုးလျှံသာ
မူယာထက်ခင်း ၊ ပပဝင်း၏
သည်းထန်မဆဲ၊ ဖြိုးဖြိုးဝဲသော်
ချစ်မဲ့ဗျာပါ၊ ပြေစိမ့်ငှာလျှင်
ချိုသာမြသီ ၊ နှုတ်ဖူးဆီမှ
ရိပ်ခြည်မြချူ ၊ ဖေးမကူသည်
မိုးနတ်ဣန္ဒာ. .နွယ်သခင်။
ရွှေပန်းချီ. . .mdy
No comments:
Post a Comment