မိုးကဗျာ အမှတ်စဉ်(၂)2016 လေးကို ရွှေက ဘဝပုံရိပ်ဖမ်းလို့ ဖြစ်ရပ်မှန်ကဗျာလေး ရေးပြချင်လို့ပါနော်။ပုံကတော့ အစစ်မဟုတ်ဘူးနော် မရိုက်ရက်လို့ပါ။
မိုး.ကျောင်းကလေးတက်နေပီ. . .အဖေ
ရိုးပြတ်လယ်ကသင်းကန်ရိုးတလျှောက်
် ရေတွေဖွေးဖွေးကြား ခေါင်းလောင်းသံများနဲ့
မိုးကျောင်းကလေး
ဟိုး အဝေးက မြင်နိုင်တယ်လေ
တမြန်နေ့တွေဆီတုန်းက
အုန်းအုန်းထ ဖုံလမ်းမမှာ
သူတို့တတွေနဲ့ကျနော်
အတူပျော်ခဲ့ဘူးတာပေါ့
လယ်ထဲချောင်းထဲ တသွေးသားမြဲ
ငါးပက်ဖားရှာ စားစရာတွေဝေငှရင်း
တောတန်းထိပ်က ညောင်ညိုပင်ရိပ်နဲ့ စိုက်ခင်းစိုစို ယိုင်ဆွေးပြိုလယ်တဲကလေးထဲ
အတူအိပ်ခဲ့ ကြဘူးတယ်
ဟော. . . အခုတော့ သားတယောက်
ပျောက်သောအဖေ မမာအမေနဲ့
ငိုအီညီမထွေး အသေးလေးရယ်
ရွာလည်အိမ်ပေါက် ရှာစားမလောက်ငှ
နုံလှတဲ့ ဘဝပေး လွယ်အိပ်ဆိုတာဝေးပါသေးရဲ့
သား. ကျောင်းမတက်နိုင်ဘူး. . အဖေ
ဖြူစိမ်းဝတ်ထား ပျော်ပါးနေတဲ့ သားသူငယ်ချင်း ရောင်းရင်းတွေကို အသာချောင်းကြည့် မျက်ရည်အိရင်း
သားလဲ. .
မိုး. . . ကျောင်းကလေးတက်ချင်တယ် အဖေ။
ရွှေပန်းချီ(Mdy)
No comments:
Post a Comment