Friday, July 8, 2016
မိုးဥယျာဉ်လေး မိုးကဗျာ2016 အမှတ်စဉ်(9)
မိုးကဗျာ2016 အမှတ်စဉ်(9)
မိုး. . . ဥယျာဉ်လေး
ကျေးဇူး. . .ရှင့်
မိုးရာသီ
မယ့်ဥယျာဉ် စိုစိုလန်းပါဘိ
စံပယ်ပန်းစုံ ဇီဇဝါယှက်တွေနဲ့
မွှေးလျက် ဝေစီ။
ဖြူတျာတျာ သူ့အဆင်းရယ်နဲ့
သင်းပျံပျံ ရနံညီသွယ်
တွယ်တာမိ မယ့်နှလုံး။
''ချိန်ခါသီ ရာသီကိုက်တာမို့
ဆွတ်ခူးကာ ယူပန်ဆင်ပေါ့
သူ့နှုတ်တွင် ခွန်းဆက်သည်သို''့
ကဗျာစာဆို ဥာဏ်ပိုတွေးမိပေါ့
ထွေးပွေ့ သီကုံး။
ရွှေပန်းချီmdy
စေတနာတံတားလေး အလိုရှိပါသည်
စေတနာတံတားလေး အလိုရှိပါသည်
စာပေအကျိုး တို့အကျိုး
စာပေအသိ တို့တွေရှိ
စာပေအတတ် တို့ညှိကပ်
စာပေရှေ့ဆောင် လမ်းပြရောင်
စာပေအဆင့်အတန်း တို့ဆင့်တန်း
စာပေတတ်သင့် တို့အမျိုးမြင့် လို့
အသိပညာ ကိုယ်စီပါဖို့
ငယ်ကလေးလေး ညီမထွေးတို့
ကျောင်းတက်စာအံ ပျော်ကြမှန်လည်း
အညှာမြေသရက်မှာ ကျေးတိုင်ရွာ
စာပေသင်ရေး အလွန်ခက်သေး. . ရှင့်။
သဘာဝရာသီ လွန်စွာမညီလို့
မိုးဘေးရေဘေး အဆင်မအေးဘူး
မြစ်ချောင်းပြည့်လျှံ ရေပိုသန်သမို့
တဖက်ချောင်းဘေး ကျောင်းကလေးဆီ
အန္တရယ်မမှု အားအင်စုရင်း
အပြေးလှမ်းတက် အပြုံးမပျက်တဲ့
ဆရာမလေး ဖြူစင်သေး. . ရှင့်
မြင်သမျှလူ
ထိုထိုသည်ထဲ တတ်နိုင်ခဲက
စေတနာတံတား ဆက်ပေးထားအမြန်
ရည်သန်ဆုတောင်း ရွှေဆုတောင်းသည်
မနှေးအမြန် ပြည့်ပါရစေ. . .။
မကွေးတိုင်း သရက်မြို့နယ် ကျေးတိုင် ကျေးရွာက ကျောင်းတက်လာကြသည့် ဆရာမလေးနဲ့ မောင် ညီမလေးများ ဘေးဘယာကင်းကွာပါစေလို့ ရွှေပန်းချီဆုတောင်းပါတယ်ရှင်။
့
်
စာပေအကျိုး တို့အကျိုး
စာပေအသိ တို့တွေရှိ
စာပေအတတ် တို့ညှိကပ်
စာပေရှေ့ဆောင် လမ်းပြရောင်
စာပေအဆင့်အတန်း တို့ဆင့်တန်း
စာပေတတ်သင့် တို့အမျိုးမြင့် လို့
အသိပညာ ကိုယ်စီပါဖို့
ငယ်ကလေးလေး ညီမထွေးတို့
ကျောင်းတက်စာအံ ပျော်ကြမှန်လည်း
အညှာမြေသရက်မှာ ကျေးတိုင်ရွာ
စာပေသင်ရေး အလွန်ခက်သေး. . ရှင့်။
သဘာဝရာသီ လွန်စွာမညီလို့
မိုးဘေးရေဘေး အဆင်မအေးဘူး
မြစ်ချောင်းပြည့်လျှံ ရေပိုသန်သမို့
တဖက်ချောင်းဘေး ကျောင်းကလေးဆီ
အန္တရယ်မမှု အားအင်စုရင်း
အပြေးလှမ်းတက် အပြုံးမပျက်တဲ့
ဆရာမလေး ဖြူစင်သေး. . ရှင့်
မြင်သမျှလူ
ထိုထိုသည်ထဲ တတ်နိုင်ခဲက
စေတနာတံတား ဆက်ပေးထားအမြန်
ရည်သန်ဆုတောင်း ရွှေဆုတောင်းသည်
မနှေးအမြန် ပြည့်ပါရစေ. . .။
မကွေးတိုင်း သရက်မြို့နယ် ကျေးတိုင် ကျေးရွာက ကျောင်းတက်လာကြသည့် ဆရာမလေးနဲ့ မောင် ညီမလေးများ ဘေးဘယာကင်းကွာပါစေလို့ ရွှေပန်းချီဆုတောင်းပါတယ်ရှင်။
့
်
ပဒုမိနီ ကညာ
ထူးစွဣထ္ထာ. . . ပဒုမိနီကညာ
ထူးသည့်တံထွာ
မိန်းမတို့မှာ ၊ ဆင်းသူဇာသို့
ဖြူပြာညက်စင် ၊ လှမှုန်ခင်လည်း
ပွားထမေတ္တာ၊ ရှိစေရာ၏။
မကောင်းမှုရှက်၊ ပညာသက်၍
ပဒုမ္မာနံသင်း၊ ကိုယ်ခံတွင်း. . .ရှင့်
မြတ်သည့်မိန်းမ၊ ခင်အလှကား
ရူပါရုပ်ရည်၊ ပဝင်းကြည်လျက်
ကောင်းမွန်သားရေ၊ ရွှေသားစေသို့
ညိုရောင်တောက်ရွှန်း၊ လှမျက်ဝန်း
ကြည်ထဝိုင်းလုံး၊ ရှုမဆုံးတည့်။
လည်ရေးသုံးတန်၊ သံသာမှန်လျက်
ပခုံးကားကျယ်၊ ခါးလျမူသွယ်
နုသားရွှန်းစို၊ ညိုသည့်ဆံရောင်
ပိတုန်းတောင်သို့ ၊ ပုံဆောင်တပါး
သွားလည်းညာစီ၊ ပုလဲသီ သို့
ရွှေစာမရီ၊ ပုံနှိုင်းညီ တည့်။
ဤသို့မိန်းမ၊ ကောင်းခြင်းခသော်
မျိုးကားဆွေညာ၊ နိမ့်ပါးသာလည်း
ကျက်သရေရှိလတ်၊လွန်လျောက်ပတ်၍
မျိုးမြတ်သလူ၊ အကြင်သူတို့
သက်ဆုံးတမျှ၊ ပေါင်းထိုက်စွ. . . ရှင့်
မိန်းမမြတ်လေးမျိုးထဲမှ ပဒုမိနီမိန်းမ(မာဃဒေဝလက်သစ် ခက်ဆစ်အဖြေစာအုပ်)
မှအချက်အလက်များယူလျက် စာဖွဲ့ပါသည်။
ရွှေပန်းချီmdy့ 
ထူးသည့်တံထွာ
မိန်းမတို့မှာ ၊ ဆင်းသူဇာသို့
ဖြူပြာညက်စင် ၊ လှမှုန်ခင်လည်း
ပွားထမေတ္တာ၊ ရှိစေရာ၏။
မကောင်းမှုရှက်၊ ပညာသက်၍
ပဒုမ္မာနံသင်း၊ ကိုယ်ခံတွင်း. . .ရှင့်
မြတ်သည့်မိန်းမ၊ ခင်အလှကား
ရူပါရုပ်ရည်၊ ပဝင်းကြည်လျက်
ကောင်းမွန်သားရေ၊ ရွှေသားစေသို့
ညိုရောင်တောက်ရွှန်း၊ လှမျက်ဝန်း
ကြည်ထဝိုင်းလုံး၊ ရှုမဆုံးတည့်။
လည်ရေးသုံးတန်၊ သံသာမှန်လျက်
ပခုံးကားကျယ်၊ ခါးလျမူသွယ်
နုသားရွှန်းစို၊ ညိုသည့်ဆံရောင်
ပိတုန်းတောင်သို့ ၊ ပုံဆောင်တပါး
သွားလည်းညာစီ၊ ပုလဲသီ သို့
ရွှေစာမရီ၊ ပုံနှိုင်းညီ တည့်။
ဤသို့မိန်းမ၊ ကောင်းခြင်းခသော်
မျိုးကားဆွေညာ၊ နိမ့်ပါးသာလည်း
ကျက်သရေရှိလတ်၊လွန်လျောက်ပတ်၍
မျိုးမြတ်သလူ၊ အကြင်သူတို့
သက်ဆုံးတမျှ၊ ပေါင်းထိုက်စွ. . . ရှင့်
မိန်းမမြတ်လေးမျိုးထဲမှ ပဒုမိနီမိန်းမ(မာဃဒေဝလက်သစ် ခက်ဆစ်အဖြေစာအုပ်)
မှအချက်အလက်များယူလျက် စာဖွဲ့ပါသည်။
ရွှေပန်းချီmdy့ 
တော်. . .စဉ်းစားနော်
တော်. . .စဉ်းစားနော်
မိုးအဖွဲ
တမျိုးကဲတဲ့ ပုန်းညှက်စီ။
နယုန်ပြန် တစ်ဝါချဉ်းပါပေါ့
ကျုပ်လူမောင် သဒ္ဒါလွှတ်ပုံက
သျှောင်စောင်းငယ် ပယ်ကာသတ်လို့
ထေရ်အရှင် အသွင်ကောင်း
ကျောင်းတက်ချင်ပီ။
ဘာဝနာ ခါခါမှတ်ခါပ
နောင်သံသရာ ပယ်ခွာလွတ်ရေး
ခွင့်ပေးကွဲ့ ချစ်သူဆီ
ဝါမီ ခွင့်တောင်း။
သည်တစ်ဝါကုန် ပေါင်းဖက်စုံဖို့
ရွှေဖူးစာ အခါတော်ပေးရင်ဖြင့်
ရှင်လူပျို ဆံပင်တိုငေါက်တက်နဲ့
ရှက်ဖို့ ရယ်ကောင်း။
မိုးအဖွဲ
တမျိုးကဲတဲ့ ပုန်းညှက်စီ။
နယုန်ပြန် တစ်ဝါချဉ်းပါပေါ့
ကျုပ်လူမောင် သဒ္ဒါလွှတ်ပုံက
သျှောင်စောင်းငယ် ပယ်ကာသတ်လို့
ထေရ်အရှင် အသွင်ကောင်း
ကျောင်းတက်ချင်ပီ။
ဘာဝနာ ခါခါမှတ်ခါပ
နောင်သံသရာ ပယ်ခွာလွတ်ရေး
ခွင့်ပေးကွဲ့ ချစ်သူဆီ
ဝါမီ ခွင့်တောင်း။
သည်တစ်ဝါကုန် ပေါင်းဖက်စုံဖို့
ရွှေဖူးစာ အခါတော်ပေးရင်ဖြင့်
ရှင်လူပျို ဆံပင်တိုငေါက်တက်နဲ့
ရှက်ဖို့ ရယ်ကောင်း။
မနက်ဖြန်ရဲ့ နောက်တနေ့
Poem to Relate to
(မနက်ဖြန်)
မနက်ဖြန်ဆိုရင်. . . ကိုယ်စိုက်ပျိုးသလောက် ပြန်မဖူးပွင့်တဲ့သံယောဇဉ်စိုက်ခင်း
ကျိုးပဲ့ခြင်းတွေ ဖြစ်နေလိမ့်မယ်. . .
မနက်ဖြန်ဆိုရင်. . . ကိုယ်သွန်းဖြိုးသလောက်
ပြန်လည်မစိုစွတ်ခဲ့တဲ့အခါလွန်မိုးကြောင့်
ရာသီဥတုကပိုပူလာလိမ့်မယ်. . .
မနက်ဖြန်ဆိုရင်. .. ကိုယ်လောင်မြိုက်ခံခဲ့သလောက်
မလင်းလက်တဲ့ မင်းရင်ဘတ်ကမီးအိမ်လေးအလင်းရောင် ခပ်ဖျောဖျော့သာကျန်လိမ့်မယ်. . .
မနက်ဖြန်ဆိုရင်. . . ကိုယ်နှလုံးသွေးကိုဖျော်စပ်
ပန်းချီကားတချပ်ရေးဆွဲခဲ့သလောက်
ဆေးသားမထင်ပဲလွင့်ပြယ်လိမ့်မယ်
မနက်ဖြန်ဆိုရင်. . . .့ 
ကိုယ့်နဲ့ရင်ဘတ်တူသူလို့
ယူဆထားတဲ့ လူတစ်ယောက် အဝေးဆုံးကို ထွက်ခွာသွားလိမ့်မယ်
အော်. . .
မနက်ဖြန်များရဲ့ နောက်တစ်နေ့မှာ
ပြန်လာတန်ကောင်းပါရဲ့ကွယ်. . ။
(မနက်ဖြန်)
မနက်ဖြန်ဆိုရင်. . . ကိုယ်စိုက်ပျိုးသလောက် ပြန်မဖူးပွင့်တဲ့သံယောဇဉ်စိုက်ခင်း
ကျိုးပဲ့ခြင်းတွေ ဖြစ်နေလိမ့်မယ်. . .
မနက်ဖြန်ဆိုရင်. . . ကိုယ်သွန်းဖြိုးသလောက်
ပြန်လည်မစိုစွတ်ခဲ့တဲ့အခါလွန်မိုးကြောင့်
ရာသီဥတုကပိုပူလာလိမ့်မယ်. . .
မနက်ဖြန်ဆိုရင်. .. ကိုယ်လောင်မြိုက်ခံခဲ့သလောက်
မလင်းလက်တဲ့ မင်းရင်ဘတ်ကမီးအိမ်လေးအလင်းရောင် ခပ်ဖျောဖျော့သာကျန်လိမ့်မယ်. . .
မနက်ဖြန်ဆိုရင်. . . ကိုယ်နှလုံးသွေးကိုဖျော်စပ်
ပန်းချီကားတချပ်ရေးဆွဲခဲ့သလောက်
ဆေးသားမထင်ပဲလွင့်ပြယ်လိမ့်မယ်
မနက်ဖြန်ဆိုရင်. . . .့ 
ကိုယ့်နဲ့ရင်ဘတ်တူသူလို့
ယူဆထားတဲ့ လူတစ်ယောက် အဝေးဆုံးကို ထွက်ခွာသွားလိမ့်မယ်
အော်. . .
မနက်ဖြန်များရဲ့ နောက်တစ်နေ့မှာ
ပြန်လာတန်ကောင်းပါရဲ့ကွယ်. . ။
အဖြူရောင်ဖိနပ်တစ်ရံနဲ့လိပ်ပြာလေး
အဖြူရောင် ဖိနပ်တစ်ရံနဲ့ လိပ်ပြာလေး
ညီမလေးရယ်
ဟိုးး အဝေးဆုံးကိုပျံသန်း
မာယာတစ်ထောင် သူဆောင်ယောင်ထားတဲ့ အချစ်ကို ညီမလေးကိုးကွယ်သတဲ့လား
ရင်ခွင်ကိုထိုးဖောက် ဟင်းလင်းပေါက်ဗလာနဲ့ ညီမလေးရဲ့ အနက်ရောင်ဝိဥာဏ်လိပ်ပြာလေး ချုံးပွဲချ ငိုခဲ့ရပါသလား
ဘဝတခု အချစ်ရွှေပြည်တော်က
ကိစ္စဆိုးတွေကို ပေသီးလိုတွက်
လိုတိုးပိုပြန်နှုတ် ခပ်မဲ့မဲ့အပြုံးတခု
လက်ဆောင်ပေးမယ်ထင်ခဲ့သလား
ညီမလေးရေ
မျှော်လင့်ချက် အချစ်တိုင်းပြည်ကို
သိမ်းပိုက်ဖို့ ချစ်ဖူးသူ ချစ်ခံရသူများ
ဤမြေကြီးပေါ်က ခဏသာယာမှုနဲ့ထားသွားကြ
အားမကျလိုက်လေခြင်းကွယ်
ညီမလေးရေ
ဟိုးးရှေ့မှာ့ အောင်မြင်ပြည့်စုံတဲ့ ရွှေတိုင်းပြည်ကို လှမ်းမဲ့ ခြေတစ်စုံအတွက် ဖြူစင်တဲ့ ဖိနပ် အချစ်အနားသတ်သွေဖီလို့
သခင်မဲ့ နေလေရဲ့. . .
ဒီနေ့တော့ အဝေးကအသံတွေ ရိုက်ခတ်လာတယ်
အချစ် ပေါ်ရွာချလိုက်တဲ့
ဆွတ်ဆွတ်ဖြူ ခြင်း ရနံ့လေးကြောင့် အသက်ရူမဝ လိုက်လေခြင်းကွယ်. . .
ရွှေပန်းချီ
ရွှေဒီကဗျာလေးကို မနက်သတင်းဖတ်ရင်း ဆယ်တန်းကျောင်းသူလေး အချစ်ကြောင့် ရေထဲခုန်ချအဆုံးစီရင်သွားတဲ့ သတင်းကြောင့် ရွှေနှမြောစွာရေးမိခြင်းဖြစ်ပါတယ်ရှငိ
ပုံတွေကိုစာနာလို့ ပြန်မတင်ချင်ပေမယ့် ဒီဖိနပ်လေးပုံကကတော့ ရင်ကိုတကယ်ထိစေခဲ့လို့ပါရှင်
ပွင့်သောပန်းတိုင်းလန်ဖြာပါစေနော်
ညီမလေးရယ်
ဟိုးး အဝေးဆုံးကိုပျံသန်း
မာယာတစ်ထောင် သူဆောင်ယောင်ထားတဲ့ အချစ်ကို ညီမလေးကိုးကွယ်သတဲ့လား
ရင်ခွင်ကိုထိုးဖောက် ဟင်းလင်းပေါက်ဗလာနဲ့ ညီမလေးရဲ့ အနက်ရောင်ဝိဥာဏ်လိပ်ပြာလေး ချုံးပွဲချ ငိုခဲ့ရပါသလား
ဘဝတခု အချစ်ရွှေပြည်တော်က
ကိစ္စဆိုးတွေကို ပေသီးလိုတွက်
လိုတိုးပိုပြန်နှုတ် ခပ်မဲ့မဲ့အပြုံးတခု
လက်ဆောင်ပေးမယ်ထင်ခဲ့သလား
ညီမလေးရေ
မျှော်လင့်ချက် အချစ်တိုင်းပြည်ကို
သိမ်းပိုက်ဖို့ ချစ်ဖူးသူ ချစ်ခံရသူများ
ဤမြေကြီးပေါ်က ခဏသာယာမှုနဲ့ထားသွားကြ
အားမကျလိုက်လေခြင်းကွယ်
ညီမလေးရေ
ဟိုးးရှေ့မှာ့ အောင်မြင်ပြည့်စုံတဲ့ ရွှေတိုင်းပြည်ကို လှမ်းမဲ့ ခြေတစ်စုံအတွက် ဖြူစင်တဲ့ ဖိနပ် အချစ်အနားသတ်သွေဖီလို့
သခင်မဲ့ နေလေရဲ့. . .
ဒီနေ့တော့ အဝေးကအသံတွေ ရိုက်ခတ်လာတယ်
အချစ် ပေါ်ရွာချလိုက်တဲ့
ဆွတ်ဆွတ်ဖြူ ခြင်း ရနံ့လေးကြောင့် အသက်ရူမဝ လိုက်လေခြင်းကွယ်. . .
ရွှေပန်းချီ
ရွှေဒီကဗျာလေးကို မနက်သတင်းဖတ်ရင်း ဆယ်တန်းကျောင်းသူလေး အချစ်ကြောင့် ရေထဲခုန်ချအဆုံးစီရင်သွားတဲ့ သတင်းကြောင့် ရွှေနှမြောစွာရေးမိခြင်းဖြစ်ပါတယ်ရှငိ
ပုံတွေကိုစာနာလို့ ပြန်မတင်ချင်ပေမယ့် ဒီဖိနပ်လေးပုံကကတော့ ရင်ကိုတကယ်ထိစေခဲ့လို့ပါရှင်
ပွင့်သောပန်းတိုင်းလန်ဖြာပါစေနော်