Friday, July 8, 2016

စေတနာတံတားလေး အလိုရှိပါသည်

စေတနာတံတားလေး အလိုရှိပါသည်

စာပေအကျိုး တို့အကျိုး
စာပေအသိ တို့တွေရှိ

စာပေအတတ် တို့ညှိကပ်
စာပေရှေ့ဆောင် လမ်းပြရောင်

စာပေအဆင့်အတန်း တို့ဆင့်တန်း
စာပေတတ်သင့် တို့အမျိုးမြင့် လို့
အသိပညာ ကိုယ်စီပါဖို့
ငယ်ကလေးလေး ညီမထွေးတို့
ကျောင်းတက်စာအံ ပျော်ကြမှန်လည်း
အညှာမြေသရက်မှာ ကျေးတိုင်ရွာ
စာပေသင်ရေး အလွန်ခက်သေး. . ရှင့်။

သဘာဝရာသီ လွန်စွာမညီလို့
မိုးဘေးရေဘေး အဆင်မအေးဘူး
မြစ်ချောင်းပြည့်လျှံ ရေပိုသန်သမို့
တဖက်ချောင်းဘေး ကျောင်းကလေးဆီ
အန္တရယ်မမှု အားအင်စုရင်း
အပြေးလှမ်းတက် အပြုံးမပျက်တဲ့
ဆရာမလေး ဖြူစင်သေး. . ရှင့်

မြင်သမျှလူ
ထိုထိုသည်ထဲ တတ်နိုင်ခဲက
စေတနာတံတား ဆက်ပေးထားအမြန်
ရည်သန်ဆုတောင်း ရွှေဆုတောင်းသည်
မနှေးအမြန် ပြည့်ပါရစေ. . .။

မကွေးတိုင်း သရက်မြို့နယ် ကျေးတိုင် ကျေးရွာက ကျောင်းတက်လာကြသည့် ဆရာမလေးနဲ့ မောင် ညီမလေးများ ဘေးဘယာကင်းကွာပါစေလို့ ရွှေပန်းချီဆုတောင်းပါတယ်ရှင်။

No comments:

Post a Comment