ညဉ့်သခင်ရဲ့ နှင်းဆီဝိုင်
အဲဒီညကပေါ့. . . . . . ကောင်းကင်ကိုဖက်တွယ်ပြီး
ကြယ်တွေကို ရေတွက်ဖို့
နှင်းဆီတပွင့်ကိုင်ပြီး ခုံတန်းလေးမှာ. . ထိုင်မိတယ်။
အဆိပ်တွေပါတဲ့ နှင်းဆီမှန်းသိရင်
ကိုယ်မရည်စူးခဲ့ပါဘူး. . . .
အခုတော့ တို့ထိမိတဲ့ကြယ်တိုင်း
မျက်ရည်ဝိုင်းကျန်ခဲ့တယ်. . . . . . ငါ့နှလုံးအိမ်မှာလဲ ဖြေဆေးမရှိဘူးလေ။
ပစ္စုပ္ပန်မှာ တွေဝေမိုက်မဲမှုကြောင့်
အနာဂတ်မှာ အဖြေတွေမရေရာစေတဲ့
သံစဉ်အိုညည်းချင်းက ကြယ်ကြွေခြင်းကို လေညှင်းလိုသယ်ဆောင်လာခဲ့တယ်။
ရှိပါစေတော့ သခင်ရယ်
ပေးဆပ်ခဲ့တဲ့ချစ်ခြင်း ဓားအစင်းစင်းနဲ့ တထစ်ချင်းဖွင့်ပြနေရင်း
ကြယ်လေးတွေကိုတော့. .. ရေတွက်နေမိဆဲပါကွယ်. . . ။
ရွှေပန်းချီmdy
No comments:
Post a Comment