Wednesday, October 26, 2016

မပြည့်တဲ့. . . စကား နာကြားပေးပါ

 
မပြည့်တဲ့. . . စကား
နာကြားပေးပါ

အို. . .ခက်. .ခက်နိုင်ရော့မလား။
လူ့လောက သံသရာနယ်၊ခန္ဓာသည်ဒုက္ခ
ဆရာ့ ဆရာတွေပြသော်လဲ၊ ငါစွဲကလေးက မခွာချင်။

 
နိဗ္ဗာန်သာ သံဝေတေးတွေနှင့်၊
ဖန်ဆိုပေး မလွယ်ထင်
ီဘဝကို ခင်တွယ်မိသူဖြင့်၊ အသိဥာဏ်ဆိုက်မပွားနိုင်ဘု့ တရားကမခင်။

အိုလေး လေ့. . မုန်း. . မုန်းနိုင်ရော့လား။
တသက်မမုန်းပါဘု၊ ဘုန်းမောင့်ဆွေ အညာပလီစကားတွေက၊ နာဆီနားလွင့်ပါ
လေယူရာပျော်ပျော်နွဲတာကြောင့်
ပုထုဇဉ် မေခင် ကျမမှာဖြင့်
နွယ်မိတဲ့ သံယောဇဉ်၊ ဘဝင်တွင်စိတ်ပြေး။

အိုလေးကွယ်. . ရုန်း. .ရုန်းနိုင်ရော့လား။
လောကီသားပေမို့၊ ကိုယ်စိတ်လှေ ကိုယ်ထိုးလို့ထွက်ကန်လဲ်
အသက်ဆွေရယ် ရက်နေမကြာရှည်ပါနဲ့
မှာတထွေ စာရှည်ထပ်ပါးပြန်တော့
ဤလူ့ဘောင် ဝဲသြဂမှာ
ပတ်ချာလည် အဘယ်မှာ ရုန်းနိုင်ပါ့
ကြည်မဂ္ဂင် ရေချိုအိရယ်
ဝေးပြန်ပေါ့လေး။
ရွှေပန်းချီmdy
ရွှေ တရားစခန်းထွက် အမှတိတရ ရှေးတုန်းကပုံစံလေး ရေးကြည့်တာပါ။ အဆင်မပြေပါက ခွင့်လွှတ်ပါရှင်

No comments:

Post a Comment