Sunday, October 8, 2017

လ..ဝှက်​ခြင်း ခံရ​သောကြယ်






#လ...ဝှက်​ခြင်း​ခံရ​သော ကြယ်

#မရခဲ့ဖူးတာနဲ
မရှိဘူ့းလို့်​ မငြင်းပါနဲ့.......

#မပိုင်​ဆိုင်​ခဲ့ဖူးတာနဲ့
မတန်​ဘူးလို့ ​ခေါင်းမခါပါနဲ့.........

"အမြူ​တေ ဆိုတာ
သိပ်​သည်းမှု​ကြောင့်​ ဖြစ်​တည်​လာတာပါ"

ငြိမ်​သက်​​နေတဲ့ ပင်​လယ်​ရင်​တွင်းမှာ
ကဆုန်​ဆိုင်း​နေတဲ့ မုန်​တိုင်းကို သိမ်းထားချင်​သိမ်းထားမယ်

စကား​လုံးတွေမမှီတဲ့ ​ကောင်းကယ်​အလယ်​မှာ
ကိုယ်​ပိုင်​အလင်းနဲ့ ​ငွေကြယ်​က​လေးကို
လမင်းဝှက်​​နေတဲ့အချိန်​လဲ ရှိတယ်

နှစ်​သိမ့်​ဆုတိုင်း တန်​ဖိုးမရိုင်းတာ
ရာဇဝင်​သမိုင်း​လေး လှပခဲ့တဲ့ မဏိစန္ဒာက​ပြောပြတတ်​မယ်

နေညိုချိန်​လမ်း အမှတ်​တမဲ့နင်​လှမ်းခဲ့​တော့
အချစ်​စစ်​တစ်​ခုကို ခလုပ်​တိုက်​မိခဲ့တာ
နင့်​ကိုယ်​နင်​ နာသွားမှန်း​တောင်​ သိမှာမဟုတ်​ဘူး..........

အင်း​ပေါ့​လေ.......
မျက်​ရည်​ကို ခဝါချ မှုံ့နံ့သာ မသတဲ့ပါးနဲ့
ကြုံလာသမျှ ​လောကဓံသစ်​အတွက်
အချစ်​ကို ​ဘေးလွယ်​အိပ်​ထဲထည့်
ရင့်​ကျက်​မှု တစ်​ခုအတွက်
နှလုံးသားကို ဘဝနဲ့ ရင်းနှီးပစ်​ခဲ့ပြီ......​မောင်​။

ရွှေပန်းချီ (mdy)
2082017

No comments:

Post a Comment