#မင်္ဂလာရှိသော..မနက်ခင်း
နေမင်းရယ် ထွက်ချိန်ခါ
လောကသာယာ။
တိမ်အလွှာ ရောင်ခြည်ဖြန့်
ရှေ့ခွင် အနှံ့။ ။
လိပ်ပြာကလေးတွေ အစီရီ
ပျံဝဲ ဟန်ချီ။
ဟိုသည်ဆီမှ ကူးလို့ပဲ
ပန်းလေးရှက်ဆဲ။ ။
ခေါင်းငြိမ့်တတ်တဲ့ ကိုအဝှါ
သစ်ပင်ထက်မှာ။
ရှဥ့်ညိုပြာ..အတူစုံတွဲ
ပြေးဆော့နေမြဲ။ ။
ဆွမ်းတန်းထိတ်က ဖိုးသူတော်
ကြေးစည် ထုကာအော်။
ဒူဝေ ဒူဝေ အသံများ
သောင်းထိုက်ကကြား။ ။
မယ်လေးချက်တဲ့ ဆွမ်းဖြူဖြူ
သဒ္ဒါစိတ်လေးတူ။
သာသနာဝင် အနွယ်များ
ဝမ်းငြိမ်းစေသား။ ။
အေးချမ်းသာယာ သည်မနက်မှာ
ခွန်းဆင့်သံသာ..သာ
မင်္ဂလာပါ..
ဆိုသည့်စကား
နှလုံးသားမှာထား။ ။
No comments:
Post a Comment