#နွေ..စေရာ..သို့
နွေဦးဟာ..သူ့သစ်ရွက်တွေ၊ပန်းပွင့်တွေနဲ့အတူ ကျွန်မဆီကိုရောက်လာခဲ့တယ်..မောင်
မနက်ခင်း နေခြည်မရောက်သေးခင်မှာပဲ ဟိုး..အဝေးက လက်ပံပွင့်တွေ စီးချင်းထိုးနေကြတယ်.......
လေပြန်တွေဆော့မြူးလို့ ချာလည်စွာမူးနေတဲ့ သစ်ရွက်လေးတွေက အရိပ်တွေနဲ့ ဆော့ကစားနေကြတယ်...
ကျွန်မ မျက်ဝန်းအစုံမှာတော့..နွေကခန်းကို ဘယ်ဖက်ရင်အုံထဲက ရသတစ်ခုကြောင့်
အပူငွေ့ငွေ့တော့ သန်းနေလေရဲ့...မောင်
"အဆုံးမဲ့ နေ့ရက်တွေထိ ချစ်ကြမယ်နော်"..တဲ့။
မေတ္တာစမ်းရေတွေ ခမ်းခြောက်နေတဲ့ ...
ကျွန်မဘဝ ကမ်းခြေတလျှောက် အလွမ်းပွင့်တွေ ကောက်နေဆဲပါလေ...
နှောင်ကြိုးမဲ့တဲ့ ချမ်းမြေ့မှုမျိုးနဲ့ စိတ်တံခါးကို ထ,ဖွင့်ကြည့်လိုက်ပါ..မောင်
သည်တစ်နွေတစ်ရာသီကတော့ ပြောပြနေပါလိမ့်မယ်လေ....
နွေအပူက ရင်ကိုဆူစေလဲ...
ဘဝရဲ့ မနေမနား တောင်းဆိုမှုတွေကြောင့် လိုအပ်ချက်တွေက တောင်ပံခတ်ဆဲမို့..
မောင်..ရေ
ဒါတွေကို မင်းကလွဲလို့ ဘယ်သူများ..ကြားသိနိုင်မှာလဲကွယ်။
ရွှေပန်းချီmdy
နွေ..၃(၂၀၁၈)
pls...ရွှေအမျိုးတို့ရေ ဒီကဗျာလေး နဲ့ နှုတ်
ဆက်ပါတယ်ရှင့်။
မနက်ဖြန်တပေါင်းလပြည့်နေ့ကစလို့ ဆယ်ရက်လောက်တော့ လိုင်းနားပါအုန်းမယ်နော်...အေးချမ်းကြပါစေရှင်
No comments:
Post a Comment