#ချစ်လို့ရယ်တဲ့..မကုန်
မောင်ကြီးက သာခင်
မယ်တင်က ကြိုက်မိတော့
အကြင်နာ ခေါင်ခိုက်လို့
စိုက်စိုက်ပါရော့။...
လယ်ရိုးက သံစာစာ
မလိုတမာ စောင်းခါချိတ်စေတော့
နွေကန္တာ ခြေဗလာတသိုက်နဲ့
လိုက်ရဲတယ်တော့။...
စပါးက ရွှေဝါဝါ
နေလာမှာ ယိမ်းကာနွဲ့တော့
သည်တစ်ဝါထွက် ကြင်ရာထားဖို့
အားစိုက်မယ်နော့။....
သို့ကလိုပေမယ့်...
အသစ်ကို တစ်ချုံရှာ
တစ်ရုံကွယ် တစ်မယ်မေ့ရင်
အထီးကျန် မျက်ရည်စငယ်နဲ့
(ကျုပ်) လွမ်းရမယ်လေး။...
😁😁ရွှေပန်းချီmdy
ပျော်စရာ ညနေခင်းလေးဖြစ်ပါစေ..ရွှေအမျိုးတို့ရေ
No comments:
Post a Comment