#နေဉ္စရာချောင်းတဖက်မှာ....
အမှန်တရား သစ္စာစကားမို့..
နှလုံးသားနဲ့ နာကြားလိုက်ပါ..ချစ်တဲ့သူ
ကျမ...ရင်ဝှက်ပန်းဖူး
ချစ်သူ..ခူးလေမှ
ပွင့်ဖတ်ဝတ်ဆံ ထုံသင်းလျှံ....
ဧကန်ပြီးပြည့်စုံပါစေ...
ကျမ..ရင်ဖြစ်ကဗျာတေးတပုဒ်
ချစ်သူနှုတ်က ဖွဖွညင်ကာ သံသာရွတ်မှ...
ကောင်းခြင်းဧကန် နားဝင်ပီယံ ညီသံညွှတ်နူး
ဘဝင်ထူးပါစေ...
ကျမ..အနာဂတ်လမ်း
ချစ်သူ...လက်ကမ်းမှ
ဘဝလမ်းကြမ်းခရီး မငြီးမငြူ
ဖေးကူအတူ လျှောက်ပါရစေ...
မှန်သောသစ္စာ မျှားပမှာသို့
ချစ်သူရင်ခွင်း သက်ဆင်းခဲ့ရင်..
ဟို..တောင်တောတန်း..
မိုးညိုမသန်းခင်.....
အရောက်လှမ်းခဲ့ပါ....
နေဉ္စရာချောင်းတဖက်...
ကျမ ရပ်စောင့်နေလျက်ပါ......ချစ်တဲ့သူ။
ရွှေပန်းချီmdy
No comments:
Post a Comment