Thursday, February 14, 2019

သစ္စာ မဏ္ဍိုင်


"သစ္စာမဏ္ဍိုင်...မြဲခိုင်လျက်မသွေ"

နန်းမူနွဲ့နွဲ့၊ ကမ်းယူလက်တင်
ဝန်းကြယ်ဂနိုင်၊ လှမျိုးပိုင်ကြွား
တင့်ခိုင်စိမ်းစို၊ ပညောင်ပျိုထက်
တေးဆိုသံဆင့်၊ တျာနှောဆင့်လျက်
တမ်းချင့်စဖွယ်၊ ကြင်ရေးသွယ် သည်
မွေ့ဖွယ်တမူ ရွှေကြက်တူ....

ရောင်စဉ်ပြဒါး၊ ပတ္တမြားသွေးသို့
မြမြစိမ်းဖောက်၊ လွန်းယှက်ရောက်လျှက်
မြင်ရမျက်ချယ်၊ လွန်တင့်တယ်သည်
တစ်ပင်ပျံကူး၊ တစ်ပင်လူး၍
ပွင်ဖူးစုံထွေ၊ သီးမှည့်ခြွေကာ
လျှံပယ်စားသုံး၊ ဤမြိုင်လုံး၌
မြကုံးတောင်ပံ၊ လေတွင်ဟန်ထား
မူသံကြူကြူ ရွှေကြက်တူ...

လောကသတ္တ၊ သူ့ဘာဝနှင့်
ဖိုမတူစုံ၊ ဆွေအင်ဆုံကြိုင်
မေတ္တာလှိုင်၍၊ နှစ်ခိုင်သစ္စာ
မြဲပါစေဟု၊ ကျွန်ဆုတောင်းရာ
တောင်းဆုထပ်တူ၊ မေ့အိမ်သူလျှင်
မကွာဝေးကြောင်း၊
ထပ်လောင်းဆူဆူ ရွှေကြက်တူ....ရှင့်။


ရွှေပန်းချီ

No comments:

Post a Comment