ရွှေပန်းချီပါးကလေးမေမေမွှေးတယ်..

ရွှေနှမလေးညိုယဉ်လေးမို့......အလှအပကြိုက်ပါသည်။
မနိုင်တတ်သေး..လက်ခလေးနှင့်
သနပ်ခါးတုံးတင်..သွေးတတ်သည်။
သနပ်ခါးအနှစ်..ပါးပေါ်ချစ်လျက်
အဖြစ်မြောက်အောင်..လိမ်းတတ်သည်။
သနပ်ခါးအဖွေးသား..မျက်နှာကြားကို
မေမေကချစ်..နမ်းကာပစ်တော့
မျက်ရည်ဝဲစို...ရှက်စိတ်ပိုခဲ့
အော်လျက်ငိုသာငိုခဲ့သည်။
မျက်ရည်ယိုဖိတ်.....အငိုတိတ်အောင်
မေမေချော့တေး...ဆိုကာပေးတော့
မေဘရဏီနှုန်း...ရွှေပန်းချီရှုံးအောင်
သက်လုံးပုံပြီး..လှပါသည်....တဲ့။ ။ ။ ။ ။ ။ ။ ။ ။
အမျိုးအစား: ရွှေကဗျာ၅
No comments:
Post a Comment