ရွှေရဲ့အလွမ်းဖျော့ဖျော့

တောင်နံရံတွေတံတိုင်းတွေမှာ တုန့်ပြန်သံတွေရှိတယ်......
ငါရဲ့ခေါ်သံတွေကို...ချစ်သူမကြားနိုင်တာဟာ...
မင်းနဲ့ငါရဲ့ကြား..ကာထားတဲ့အရာဝတ္ထုတိုင်းက.
အသံစုတ်ယူတဲ့..ဖျောက်ဖျက်ပစ်တတ်တဲ့..အကာအရံတွေလား...
သက်ရောက်မှုတိုင်းမှာ.တန်ပြန်သက်ရောက်မှုရှိတယ်..
ငါရဲ့ပေးဆပ်မှုတိုင်းကို..ချစ်သူမတုံ့ပြန်နိုင်တာဟာ...
မင်းနဲ့ငါရဲ့ကြား..ရှိတဲ့သက်ရောက်မှုအရာက..
ဟင်းလင်းပြင်ဖောက်တဲ့..ပုဝါပါးလား.....
ဒါပေမဲ့..
ခေါ်သံလွှတ်မြဲ..ပေးဆပ်ဆဲမို့
မောင်မသိလဲ.....ကျမဘဲသိတယ်
လွမ်းလောက်ရဲ့လား..ချစ်သူရယ်။။။။။။။။။။
No comments:
Post a Comment