ရင်မှာပြိုကျတဲ့...မျက်ရည်
မောင်......
ကြင်နာသမျှ
တွယ်တာအစကို
ရင်မှာ ခဝါချလိုက်တော့မယ်လေ...
သံသယတခင်း
ဆုံတွေ့တိုင်းရှင်းနေရတာ
ခုန်နေတဲ့ချစ်ခြင်းတောင်ပျေ
ဦးစားပေးထားတိုင်း
အနိုင်နဲ့ပိုင်းနေတော့
ဆိုင်းသွယ်ထားတဲ့ သံယောဇဉ်ကြိုး
အစိမ်းလေတွေက တိုးတိုက်ခတ်တယ်
တကယ်ဆို
အရင်လူကို မနာလိုမဲ့အစား
နားလည်မှုတရားကို ဦးစားပေး
ပျော်နေရေးကို တွေးသင့်တယ်
သိပ်ချစ်လို့ သဝန်တိုစိတ်
ယိုဖိတ်နေပေမယ့်
သိက္ခာတရားရဲ့ကမ်းပါး ထိတိုက်စားတာများလာရင်
သမုဒယငြမ်းစင်လဲ ယိုင်နဲ့ချင်လာတယ်
ဒီတော့လေ......
တွယ်တာသမျှ
အကြင်နာတွေမပြ
ကွယ်ရာကသာ
လွမ်းလိုက်ပါရစေတော့....မော
ရွှေပန်းချီ်
Unlike · Comment · Stop Notifications · Share
- You, Moe Moe Phyu Phyu, ချစ်စမ်းမောင် ဥယျဉ်မှူး, Myo Thet Naing and 287 others like this.
No comments:
Post a Comment