
့(သို့)်ဒုတိယအကြိမ် အမုန်းသစ္စာဆိုပွဲ
့############$########
ဖူးလျှောက်ပါရစေ မောင်တော်မင်းရာမဘုရား...
မြသားစိမ်းရောင်နဲ့ ဘုန်းသမ္ဘာခေါင်ထွဋ်
လှလွန်းမွတ်လို့ သီတာဒေဝီရင်ထဲ
နှောင်ဖွဲ့တွဲတဲ့ နှမချစ်မိသူ မင်းတဆူရယ်ပါ မောင်တော်ရယ်.....
ဖူးစာဖက်မှန် တူပေါင်းရန်တဝ ဆုပန်သရတာလဲ
်ရွှေသားဘဝင် ကတုန်ကရင်နဲ့ သက်မတော်အခါခါချ
ရာဇအိနြေ္ဒပျက်ခဲ့ရပေါ့...မေ
ချစ်သူအပါး တဖဝါးမခွာ
နေချင်သူလေး နောက်တော်ဖေးမ
မှော်ရုံတောတန်း သမင်ဖမ်းတော့
သုံးတန်စည်းခြား နေကာထားလည်း
သဒ္ဒါစိတ်ဖြိုး လက်စုံမိုးလို့
ဆွမ်းကွမ်းလောင်းတင် လိမ်မိဆင်တာ
ခံခဲ့ရလို့ မချစ်သူထံလိုက်ပါစံရ
သီတာဘဝ အပြစ်ခပါသလား မော်တော်ရယ်.....
မုန်းသူတိုင်းပြည် မီးရှို့တည်ပြီး
ပြန်လည်ဆောင်သွင်
လူသူမင်းကြား ပမာထားဖို့
ပထမသစ္စာဆို ဖြူစင်လိုသမို့ မီးပုံသက်ဆင်း ယုံကြည်ခြင်းက ကြာပန်းခရင်း မီးငြိမ်းနှင်းတာ
သီတာအချစ်စစ် အနှစ် အနှစ်တွေပါ
မောင်တော် ရာမရယ်.....
ချစ်သားညီနောင် သန္ဓေဆောင်တော့
သားသည်မညီ မယုံကြည်လို့
နန်းတော်ကဆင်း အိမ်နိမ့်ခင်းမှာ
နေစေမိန့်ကြား ရက်စက်အားတဲ့ သံသယငြိုးစွဲ သီတာရင်ကိုကွဲစေခဲ့တာ
ချစ်ကြီးသူ မင်းရာမလို့တွင်
မောင်တော်သခင် သိပါလေစ....
သားညီနောင်လှ ဗီဇစွမ်းမှ
ငါ၏ရင်သွေး အထင်မသေးလဲ
ဒုတိယအကြိမ်မြောက်
သစ္စာဆိုရ သီတာရင်ဝ
သံသယလှံအစင်းစင်း ထုတ်ချင်းချင်းခခဲ့ရပြီမော
ပထမသစ္စာ......
မီးပုံခုန်ဆင်း ဆိုခဲ့ခြင်းက
ချစ်သစ္စာဖြူစင်ပါက မီးမခစေလို့
တောင်းဆုတဖြာ ကြာမိုးရွာခဲ့..........
ဒုတိယသစ္စာ.....ရင်တွင်းနာလိ
မီးခစေရန် ရင်မှာဆုတောင်း မီးစွဲကြောင်းမို့
ချစ်မုန်းမီးတစ ပြာကျပါရစေ.....
ချစ်မီးလျှံခွင်း မုန်းခြင်းမီးတောက် ပိုကြီးတောက်ပါစေ.......
အသက်ဇီဝိန် ပြတ်စင်း နောက်ဆုံးနှုတ်ဆက်ခြင်းမို့
သံသယရွှေနန်းတော်ထက် ပျော်ရွှင်စွာစံစား ပြုံးရစ်ပါစေသား...
သီတာဒေဝီချစ်သော ရာမသခင်
မောင်အရှင်ရယ်........။
ရွှေပန်းချီ
Like · Comment · Stop Notifications · Share
- Aung Phyo Phyo, Yatkan Chitthu, Ko Mg Myint and 276 others like this.
No comments:
Post a Comment