Sunday, November 8, 2015

No.251 ရွှေပန်းချီ(သို့မဟုတ်) ကဗျာပန်းသည်လေး


ရွှေပန်းချီ
့(သို့မဟုတ်)
ကဗျာပန်းသည်လေး

တောင်ထက်တောတန်း၊ သီတန်းဝေဝေ
ပန်းမွှေးပန်းတင့်၊ တစ်ပွင့်တူပေ
စိမ်းစမ်းအိုင်မြ၊ အေးလှသလေ
ခင်မင်သူတိုင်း၊ မဆိုင်းစိတ်ရွှင်စေ...

လူသူအကြား၊ မခြားညီတူ
ပေးထားအရာ၊ မေတ္တာကူပါ
သူ့ဝန်သူထမ်း၊ သူလမ်းဖွေယူ
ပြုသမျှ ရှုပ၊ ဖြူစင်သူ...

စာ ကဗျာခရီး၊ မြှောက်ချီးတင်ထား
အများသူကို၊ ကောင်းပိုစေချင်
မနောသွင်ရောက်၊ စမ်းပေါက်လိုပင်
ကျွန့်ချစ်ပန်း တင့်ဆန်းရှိပါစေ...

အသက်သည်သာ၊ ခန္ဓာတည်သ၍
မွှေးကြူပျံ့လှိုင်၊ ပန်းမြိုင်ကဗျာမှာ
သီကာစီချယ်၊ နှမငယ်(ရွှေပန်းချီ)လည်း
ထုံသည့်သညာ၊ မပယ်စွာဖြင့်
အေးချိုရနံ့ ကမ်းလင့်...သာတည့်။
ရွှေပန်းချီ
ရွှေချစ်သော အကိုအမ မောင်လေး ညီမလေး သူငယ်ချင်းတို့ရေ မနက်ဖြန် တော်သလင်းလပြည့် နေ့ကနေလပြည့်ကျော် ၁၀ရက်လောက်ထိ FBကဗျာတောကို ခန နှုတ်ဆက်ပြန်ပြီနော်။
အေးချမ်းကြပါစေရှင်....

No comments:

Post a Comment