Sunday, November 8, 2015

No.259 အဖြူသက်သက်ရဲ့....... မနက်ဖြန်






အဖြူသက်သက်ရဲ့.......
မနက်ဖြန်

သူငယ်ချင်းဆိုတဲ့ကြိုးတချောင်းက
နင် နဲ့ ငါ့ကို
ကောင်းကောင်းချည်ထားခဲ့ပါရဲ့.....

အဖြူရောင်စည်းဝိုင်း ဖိတ်ခေါ်ပွဲမှာ
လက်ရေကျ အလှပြခဲ့တာမဟုတ်ဘူးလေ....

မတီးခတ်ရသေးတဲ့စောင်းကြိုးတွေမှာ ဂီတသံစဉ်ရှိနေသလို မပြီးသေးတဲ့ ပန်းချီကား
အဖျက်ရာတွေလဲ များနေတယ်....

တိမ်အပြည့်နဲ့ မိုးခေါင်နေသလို
မြူအဝေ့နဲ့လဲ ပူလောင်နေခဲ့တယ်......

်ရေမလောင်းပေါင်းမသင်တဲ့မြေမှာ
သစ်စေ့လေးဟာလည်း ပန်းပွင့်လေးကို သိုဝှက်ထားမှာပါပဲ....

သူငယ်ချင်းရေ...
ပြောချင်သလိုသာ ပြောလိုက်ကြပါစေတော့
အဖြူသက်သက်ရဲ့
မနက်ဖြန်မှာ....
တစ်စုံတစ်ရာတော့ ရှိနေတယ်....။
ရွှေပန်းချီ

— with Khin Ma, Thoon Sthan Kha, Yin Nyein Pwint and 42 others.

No comments:

Post a Comment