သိခဲ့ပြီ
လျှပ်တပျက်တခဏလူသားတစ်ယောက်ဘဝ
ကြီးကျယ်မြင့်မြတ်သော တန်ခိုးကို ငါသိခဲ့ပြီ
အကျိုးမဲ့ နေထိုင်တဲ့နေ့တွေနဲ့
အကျိုးပြု နေထိုင်တဲ့နေ့တွေလဲ အသက်ရူ
ရှင်သန်နေထိုင် နေကြတာပါပဲ
သို့သော်
ငါ့လက်များအတွင်းမှ ပေးစေနိုင်သော
အလင်းတခု
ငါသိခဲ့ပြီ။
ခက်ခဲတဲ့ အသက်ရှုသံ
တွယ်ဖက်နေသေးတဲ့
ဘဝတဏှာလူသားတစ်ဦး
အမှောင်ညများအတွင်း
သေမင်းနဲ့စစ်ခင်းသော သူအား
ကဗျာရေးတဲ့ ငါ့လက်
လူ့အသက်တဖက်ကို ဆွဲဆုတ်နိုင်ခဲ့တယ်။
ငါ့နှလုံးသားထဲက သွေးတစ်စုနဲ့
ကမ္ဘာမြေကြီးက ထမ်းပိုးထားတဲ့ကျေးဇူး
အနည်းငယ်မျှ ပြန်ဆပ်နိုင်ခဲ့ပြီလေ. . .
ငါ. . . သိခဲ့ပါပြီ
ရွှေပန်းချီ
No comments:
Post a Comment