### အမုန်းမဲ့ဒေသသို့. . ရွက်လွင့်ခြင်း##
(အချစ်ရှိရာအရပ်ဒေသကို မျက်နှာမူဖို့
်ကိုယ်. . ကျန်းမာချင်ပါတယ် လို့
ကဗျာဆရာ ခွန်းညိုသွေးက ရေးခဲ့တယ်)
ကောင်းကင်သို့ မာနနဲ့ ဆတ်ကနဲ မော့ချင်ကြည့်ချင်သောနေ့ရက် များမှာ ရင်ဘတ်တနေရာမှ
စီးဆင်းနေတဲ့ခွင့်လွှတ်ခြင်း စမ်းရေအေး ထဲပန်းဖြူဖြူကလေးတွေ ချွေချနေမိတယ်
အတိတ်နဲ့ ပစ္စုပန်စီးချင်းထိုးတဲ့နေရာ ရဲ့အလယ်
ဘယ်လိုမှအမြစ်မတွယ်နိုင်သော
ကျောက်သားထက်မှာ မျှော်လင့်ခြင်း သစ်ပင်ကို စိုက်မိသွားတယ်
နားလည်ပေးခြင်းက လမင်းဖြစ်မယ်ဆိုရင်
ကန်ရေပြင်ထက်က အရိပ်ကိုဖမ်းယူထားပါလို့ ပြောမိခဲ့လေသလား
အလွမ်းတွေကမိုးနှောင်းလက်ကျ န်အဖြစ်
တစ်ဘဝလုံး ထစ်ချုန်းခဲ့တယ်ဆိုစေအုန်းေ တာ့ မယုံကြည်ခြင်း သံသယအစိုင်အခဲဖွဲ့တည်ထားတဲ့ မိုးရေဟာ ကိုယ့်ကိုကိုယ် မထိခိုက်ဖို့တော့တွေးကြမှာပါပဲ
မပိုင်ဆိုင်ခြင်းတွေ ကြီးစိုးနေတဲ့ ဒီသံသရာမှာ
လက်တစ်ဆုပ်စာ ပိုင်လိုခြင်းအတွက်
အဖူးအငုံဘဝနဲ့ ထုံကူးပေးခဲ့ဘူးပါတယ်
မင်းအတ္တတွေနဲ့ မတွေ့ခင်ထိပေါ့
အခုတော့လေ. . .
ဘယ်အရာမှကိုယ်လက်ထဲအမြဲမပို င်ပါဘူးတွေးရင်း
အေးချမ်းစေတဲ့မိုးရေစက်များ ကြားထဲမျက်ရည်ပွင့်လေး နှစ်စက်တော့ရောပါသွားလေရဲ့
တခါကဖတ်ဖူးတဲ့ စာကဗျာရှင်ကတော့
''အချစ်ဆိုသောအရာက မျက်မမြင်ဆင်စမ်း သလိုကိုယ်ယုံကြည်ရာအမှန်ထင် တဲ့ ရှုထောင့်ကျဉ်းထဲကနေတခြားသူရဲ့ ကိုယ်ပိုင်အတ္တနဲ့ ရန်ဖြစ်ရန် စိတ်အရှုပ်ခံ အဖော်ညှိနေခြင်းမျှသာဖြစ် ပါတယ်''' တဲ့
ကဲ. . ချစ်သူရေ
ကျမလဲလေ
အချစ်ရှိရာဒေသကို မျက်နှာမူဖို့
ကျန်းမာချင်ပါတယ်လို့. . . နော်။
ရွှေပန်းချီmdy
(အချစ်ရှိရာအရပ်ဒေသကို မျက်နှာမူဖို့
်ကိုယ်. . ကျန်းမာချင်ပါတယ် လို့
ကဗျာဆရာ ခွန်းညိုသွေးက ရေးခဲ့တယ်)
ကောင်းကင်သို့ မာနနဲ့ ဆတ်ကနဲ မော့ချင်ကြည့်ချင်သောနေ့ရက်
စီးဆင်းနေတဲ့ခွင့်လွှတ်ခြင်း
အတိတ်နဲ့ ပစ္စုပန်စီးချင်းထိုးတဲ့နေရာ
ဘယ်လိုမှအမြစ်မတွယ်နိုင်သော
ကျောက်သားထက်မှာ မျှော်လင့်ခြင်း သစ်ပင်ကို စိုက်မိသွားတယ်
နားလည်ပေးခြင်းက လမင်းဖြစ်မယ်ဆိုရင်
ကန်ရေပြင်ထက်က အရိပ်ကိုဖမ်းယူထားပါလို့ ပြောမိခဲ့လေသလား
အလွမ်းတွေကမိုးနှောင်းလက်ကျ
တစ်ဘဝလုံး ထစ်ချုန်းခဲ့တယ်ဆိုစေအုန်းေ
မပိုင်ဆိုင်ခြင်းတွေ ကြီးစိုးနေတဲ့ ဒီသံသရာမှာ
လက်တစ်ဆုပ်စာ ပိုင်လိုခြင်းအတွက်
အဖူးအငုံဘဝနဲ့ ထုံကူးပေးခဲ့ဘူးပါတယ်
မင်းအတ္တတွေနဲ့ မတွေ့ခင်ထိပေါ့
အခုတော့လေ. . .
ဘယ်အရာမှကိုယ်လက်ထဲအမြဲမပို
အေးချမ်းစေတဲ့မိုးရေစက်များ
တခါကဖတ်ဖူးတဲ့ စာကဗျာရှင်ကတော့
''အချစ်ဆိုသောအရာက မျက်မမြင်ဆင်စမ်း သလိုကိုယ်ယုံကြည်ရာအမှန်ထင်
ကဲ. . ချစ်သူရေ
ကျမလဲလေ
အချစ်ရှိရာဒေသကို မျက်နှာမူဖို့
ကျန်းမာချင်ပါတယ်လို့. . . နော်။
ရွှေပန်းချီmdy
No comments:
Post a Comment