Tuesday, May 22, 2018
ဘဝတန်ဆာ...စာအလင်္ကာ
#ဘဝ တန်ဆာ..စာအလင်္ကာ
စာအုပ်စာပေထဲရှိ ဗဟု သုတ များကို
တကယ်လက်တွေ့ လူလောကတွင်
အသုံးချတတ်မှသာလျှင်
တကယ့်ပညာ ဖြစ်တယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
===============
စာကိုဖတ်မှ
ဖတ်သူရင်ထက်၊လျှပ်စုံပြက်
လက်တိုင်းမဲသစ် မြင့်ပေလိမ့်။
စာကိုဖတ်မှ
ဖတ်သူရင်ထက်၊သက်တံဆက်
လက်တိုင်းတွေးသစ် ဆင့်ပေချိမ့်။
(ဆရာ ဗန်းမော်ညိုနွဲ့)
====+=======
ထိတွေ့စေရာ...အလင်္ကာ
လက်ဖျားနှိုက်ပင်၊ နုသည့်သွင်တည့်
မြင်ရခိုက်ခါ၊မျက်လွှာသည်လည်း
မှုန်ဝါမထင်၊ဖြူသန့်စင်သည်
ကြာနွယ်ကြာပန်း၊ အသွင်တင့်ဆန်း
ပွင့်လန်းမွှေးမြသာလေသတည်း။
လေ့လာစရာ..စာပေသာ
တုပွားလိုက်နာ၊ မှတ်သညာ
ရှေ့သွားကြီးသူ၊ တွေ့ကြုံယူ
ဆင်ခြင်ဥာဏ်သတ်၊ ထပ်ဆင့်ခတ်
မငိုက်မတိမ်း၊ဘယ်မယိမ်းဘဲ
ထိမ်းသိမ်းလှပ မည်သာတည်း။
ဝိဇ္ဇာသိပ္ပံ၊ တန်ခိုးစံနှင့်
အလျှံကြီးထ၊ လူ့လောကမူ
မုဒိတာလွှဲ၊ ငါသာစွဲပြီး
တက်ခေတ်ကျမ်း၊ စက်အသစ်စမ်းတော့
ကိုင်ကြွထိုးဖောက်၊လောဘဆောက်လို့
တစ်ယောက်တက်၊တစ်ယောက်ဖျက်
လေးနက်ဆင်ခြင်၊မာန်စုံဝင်တော့
အာရုံမမွှေးမြနိုင်လေသတည်း။
ရွှေပန်းချီmdy
စာပေ ကဗျာ အလင်္ကာ အနုပညာသုခုမက ဘဝရဲ့ဖျော်ဖြေရေးအတွက်သာမဟုတ်ပါဘူးဆိုတာ ရွှေအမျိုးတွေ နဲ့ မောင်ငယ်ညီမငယိတိုတတွေ အသိဝင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှတ်တမ်းအတိုလေးနဲ့ ဆရာကြီးဗန်းမော်ညိုနွဲ့ရဲ့ စာဖတ်ပါ ကဗျာအပိုင်းအစလေးကို ထည့်သွင်းဖော်ပြလိုက်ပါတယ်ရှင်။
နှင်းဆီ စပါယ် ခံပွင့်...
#ခေတ်သစ် ပန်းချစ်သူ
#ဖြူ နှင်းဆီ
သီပေးမယ် လည်တွင်ဆွဲ
သည်းမွှာ အကြိုက်ရယ်မို့
ဆူး နွှင်လို့ပေး............၊
စိတ် အတွေးမယ်
လက် သွေးရယ်ခ,ပေ့စေ
နေလေတော့ ချစ်သူနှမ
လှ ပိုလို့ကဲ................ ၊
ကိုယ့် လက်ဆောင်
ဆင် အောင်ပ ရွှေလက်ကမ်း
လှမ်းမယူ မူမကျ
စံပယ် ခွေရစ်..ဆံကေသစ် ဝင့်ကာနွဲ့
ရိုင်း တယ် တဲ့ လေး....... ။
ချောချစ်ထွေး
#ခံ ပွင့် ငယ်
ဆင်သင့်ရွယ် ပေမယ့်
ခြေနဲ့သူ ဆွေညီမ
အလှရယ်က မငုံမငိုက် စိုးရွံ့နေခိုက်....
အချိန်ခါရ စံပယ်အလှငွေ
မဝင့်ထည်သေးခင်
စိတ်ဖြေထင်
သူဝင်အစားပါ့
ဆင်ယင်နေဆဲ.....။
မိုးနံ့စွဲ လေသင်းပြန်တော့
စံပယ်တခင်း
စုံညီလင်းပါပေါ့
ခံပွင့်ငယ် တစ်နယ်တိမ်းစေတော့လို့
စီမ်းမျက်နှာလွဲ..။
ရွှေပန်းချီ mdy
ရွှေပါရမီလမ်း
#ရွှေပါရမီ..လမ်း
တရားသံဝေ နယ်သို့
တစ်ပါး ဆံကေပယ်လို့
သံသရာရယ် တဖက်ကမ်းကို
လှမ်းချင်လှတယ်။
သဒ္ဒါရယ်ကြိုင်၊လှိုင်လှိုင်ပ လွန်မွှေး။
အာရုံထွေ မခင်လို့
တစ်ကိုယ်ထည်းသူ အစဉ်က
ထေရ်ရှင်ရယ် တောင်ယံဆီမှာ
ဇမ္ဗူနဒီထက် အေး။
ရွှေပန်းချီmdy
ဇမ္ဗူနဒီ...ဖွင့်ဆိုချက်
ဟိမဝန္တာတောင်နှင့်နီးကပ်သောဒေသမှာ မိုးကြီးမပြတ်ရွာသွန်းသောကြောင့် မဟာ ဇမ္ဗုသပြေပင်၏ခက်မ ငါးဖြာတစ်ခုဆီအရှည် ယူဇနာ ၅၀မှမိုးရေတို့သည် မြစ်အဖြစ်ကျဆင်းလေ၏ ဇမ္ဗုသပြေ သီးမှည့်တို့သည်လည်း ကြွေရာအရပ်၌ ရွှေညွှန့်အတိပေါက်ကုန်၏။ ထိုရွှေညွှန့်တို့ကိုမြစ်ရေဖြင့် ဆောင်၍ အစဉ်သဖြင့် စီးဆင်းလေ၏ ရွှေများမျောပါလာသော မြစ်တို့သည် ဇမ္ဗုသပြေပင်မှ ဖြစ်တည်လာသောကြောင့်( ဇမ္ဗူနဒီမြစ် )ဟုခေါ်ပြီး ရွှေများကိုတော့ ရွှေအမျိုးပေါင်း(၁၀)ထဲက
တစ်မျိုးအပါအဝင်..( ဇမ္ဗောနဒရွှေ) အဖြစ်ခေါ်ဝေါ်သတ်မှတ်ပါ၏
ဗဟုသုတ အဖြစ် ရွှေကအတိုချုပ်ရေးပြခြင်းဖြစ်ပါတယ်။အကျယ်ဖတ်ချင်ရငိတော့ မဃဒေဝလက်သစ်(မြစေတီဆရာတော် ခက်ဆစ်အဖြေ.. စာအုပ်ရဲ့စာမျက်နှာ၁၅) မှာ
ရေးသားထားပါတယ်ရှင်။
နွေဦးယဉ်စွန်းတန်းအချိန်
#နွေဦးယဉ်စွန်းတန်းအချိန်
ရင်ဘတ်ထဲ ထုဆစ်ထားတဲ့
ပုံဆောင်ခဲတစ်ခုက
အသက်သွင်း မင်းဖြစ်နေခဲ့တယ်...မောင်
တွေ့ခဲ့ကြတာ ခဏလေးပေမယ့်
ကမ္ဘာမှာ လ' နှစ်စင်းထွက်တောင်
ကျမရဲ့ချစ်ခြင်းက အံသြပြမှာ မဟုတ်ဘူး..
ပြန်ဆုံခဲ့ရင်ပေါ့လေ...
နွေဦးယဉ်စွန်းတန်းအချိန်လို
ကျမရဲ့ အချစ်နဲ့အလွမ်း တူညီစွာဖြတ်သန်း တမ်းတမှုတစ်ခုနဲ့ သက်သေပေါ့ကွယ်..
အခုတော့လေ...
မာနကို အရောင်ညီ
ရာသီဆန်စွာပေါက်ကွဲအားကောင်းတဲ့
တမ်းချင်းအသစ်များနဲ့....
ကျမ နှလုံးသားကို ဟန်ဆောင်နှစ်သိမ့် လိုက်အုန်းမယ်...မောင်။
ရွှေပန်းချီ(mdy)
Ps/ နွေဦးယဉ်စွန်းတန်းအချိန် ဆိုသည်မှာ
နေ့တာနဲ့ ညတာတို့တူညီနေသည့်အချိန်ကိုခေါ်ပါတယ်
Tuesday, March 27, 2018
ညှာလည်တံ မြရည်လိမ်းလို့ရယ် (2018)နွေ6
..
"ညှာလည်တံ..မြရည်လိမ်းလို့ရယ်....
......စိမ်းတာတဲ့လား''
#နွေပိတောက်တွေ.....
အကြိုထောက်ခဲ့ပေမယ့်
ပြန်ရောက်မလာတော့တဲ့..ချစ်သူရေ
#နွေပိတောက်ကြွေ.....
သူ, ရောက်သင့်ပါရဲ့လေ..လို့
မျှော်ထောက်ဆင့်တိုင်း
ကျွန်မလေ..ဥသြလေးကို ခိုင်းခဲ့ပါရဲ့.....
#နွေပိတောက်ဝေ....
တစ်ယောက်ဆွေရေ
ဝင်နှောက်နေတဲ့ အလွမ်းလှိုင်းက
ရင်ခွင်ရိုင်းကို မညှာတာတော့....
ကျွန်မလေ..
#နွေပိတောက်ခိုင်းလို့...
မျက်ရည်ဝိုင်းရပြန်ပေါ့....ချစ်သူရယ်။
ရွှေပန်းချီmdy
နွေ 6(၂၀၁၈)
ပန်းစင်္ကြာမှန်ပြောက်းထဲက..ပန်း
#ပန်းစင်္ကြာမှန်ပြောင်းထဲက...ပန်း
ချစ်သူရေ..
ချစ်တဲ့လက်တွေတွဲပြီး....
ရင်ဘတ်ခြင်းညီတဲ့ သံယောဇဉ်လမ်းကိုလျှောက်ဖို့ဆိုရင်....
နှလုံးသားရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်က အရေးကြီးတာပေါ့......
ပြောင်းလဲခြင်းတွေ မရောက်လာသေးတဲ့
အခိုက်အတန့် ကြားမှာ....
ဆန္ဒတွေကိုယ်စီ ပိုင်ဆိုင်ဖူးခဲ့ကြပေမယ့်...
နိယာမဆိုတာ.. ပန်းသီးတစ်လုံးလေထဲက
အလိုလိုကျလာတဲ့အရာမဟုတ်ပါဘူး....
ယုံကြည်မှုတစ်ခုနဲ့တော့ အကျွမ်းဝင် ကြည့်ခဲ့ကြဘူးပါတယ်လေ....
ဂန္ဓဝင်တွင်တဲ့ဒဏ္ဍာရီအဟောင်းတွေရဲ့ပြု
စားမှုကြောင့် ခံစားမှုမဲ့တဲ့ ရပ်ဝန်းမှာ
မာယာတိမ်ညိုတွေ ပြိုကျနေခဲ့ကြပေမယ့်....
အနာဂတ်ကိုကြိုမမြင်နိုင်အောင်
လှည့်စားချက်က....
ပန်းစင်္ကြာမှန်ပြောင်းထဲက ပန်းပွင်ပုံများလိုပါပဲ..
အသွင်သဏ္ဍန်များနေတယ်လို့..
ထင်ရပေမယ့်....
တကယ်တော့..တစ်ဘဝဆိုတာ
..........ပန်းတပွင့်သာပါပဲ...ချစ်သူရယ်
ရွှေပန်းချီ
ဒိုးပလေးရဲ့နွေ (2018) နွေ ၅
#ဒိုးကလေးရဲ့..နွေ
==============
(ကလေးအတွေး..)
နွေလယ်စပယ်မြူးပေမယ့်
ဆောင်းလေက ထွေကူးတော့
မိစပယ်လဲ ငုတ်တုတ်ဖူးနေတယ်.....
တပေါင်းကတလည်
အကြောင်းမငယ်တော့
ဆောင်းခလယ်ကိုရောက်နေသလိုပဲ...
တပေါင်းရက်စုံ ဆောင်းမကုန်လို့
ည သန်းကောင်ပုံ
စောင် ဖမ်းကာခြုံနေရတယ်.....
နဘေ တေးထပ် ဖွေကာတေးစပ်လို့
Hartထိအောင်ချွဲ မိဥသြလဲ
ငိုပွဲမဆင် အသံဝင်နေတယ်....
တစ်နှစ်တွင်တလ ပွင့်ခသည့်ပန်း
စာတင်ဆန်းသည့်
ဟို.ပိတောက်ပန်းလည်း
ပူအေး ချမ်းများ ရာသီဖျားမှာ
ရွက်ကြား ပုန်းနေရလေတယ်....
နွေပါဟဲ့..လို့
ဖြေပါတဲ့ပြီး အတင်းရွက် ခါ ခြွေ
အမယ်မင်း...သစ်ပင်အိုရယ်
အခုအခါမှာ အဝတ်ရယ် ဗလာမို့
နွေတစ်ညအလည်မှာ ရွှေသည်းညှာ
ခိုက်ခိုက်တုန်လို့ရယ်
မင်း ချမ်းစေအုန်း။....
ကလေးအတွေးဖို့ ကလေးလေးရေးတာလို့မှတ်ပြီး ဖတ်ပေးနော်.။
ရွှေပန်းချီmdy
Subscribe to:
Comments (Atom)

