Thursday, January 29, 2015

(( ချစ်ခြင်း ရဲ့ ပဉ္စလက်သခင်))182

့(( ချစ်ခြင်း ရဲ့ ပဉ္စလက်သခင်))
သတိရခြင်း
တမ်းတခြင်းက ပြောရုံမျှဖြင့်
မဆုံးချင်.........

လွမ်းနေရခြင်း
မှန်းဆခြင်းက ရေးပြနေရုံဖြင့်
မလောက်ချင်....
ချစ်နေရခြင်း
တွယ်တာခြင်းက ကဗျာစာဖွဲ့ရုံဖြင့်
မပြီးချင်....
အိမ်မက်အတွင်း
ပျော်ရွှင်ခြင်းက နိုးထရုံမျှဖြင့်
မပျောက်ချင်...
ချစ်သော မောင်ရေ......
အရာရာဖန်ဆင်း
ချစ်ခြင်းလက်နက်
ပဉ္စလက်ဖြင့်
လိုအင်ဟူသမျှ ပြည့်စုံရအောင်
ဖန်ဆင်း ဆောင်ကျဉ်းလှဲ့ပါ....နော်။
ရွှေပန်းချီ
— with Ko Zaw and 76 others. L

ကဗျာပိုင်စိုးမှုဧကရီ... (181)

ကဗျာပိုင်စိုးမှုဧကရီ...
နားကြားတော်မူပါသခင်
အို....ဧကရီသခင်
အရှင်မရေ.....
ခြေတော်ရင်းမှာ ဦးချဆံကိုခင်း
ဝပ်ဆင်းညွတ်တွားလျှောက်ထားပါရစေ...်

အရှင်မရေ....
သခင့်ပိုင်နက်အတွင်း ချင်းနင်းခစား
မော်ဖူးထားဖို့ အလွန်ခက်ခဲလှပါတယ်
ရင်တွင်းထိရောက် အမိန့်တော်ရောက်
တော်ကောက်ဖို့လဲ အမတန်တန်ဖိုးကြီးလှပါတယ်
ပြန်လည် ခံစား ထုဆစ်တင်သွင်း အလျဉ်း ရ ရန်လည်း သိမ်မွေ့နက်နဲလှပါပေတယ်....သခင်
အို....ဧကရီထိပ်တင်
အရှင်မရေ....
အမိရဲ့သားသမီးကျေးကျွန်တွေက
လူဆိုး သူခိုး ကြမ်းပိုးရုပ်နဲ့ နေချင်ကလည်းနေပါလိမ့်မယ်
လူကုံထံ ပညာတတ် လူချမ်းသာရုပ်နဲ့ နေချင်ကလည်းနေပါလိမ့်မယ်
ဒါပေမည့်လည်း.... ကဗျာရွတ်ကြတဲ့အသံ
ဘဝဂ်ညံ တစ်တောလုံးချိန်း တစ်တောင်လုံးပြို မီးလျှံသိမ်း ငြိမ်းချမ်းပန်းတွေ အသောင်းသောင်းပွင့် ကြမ်းတမ်းတဲ့နှလုံးသားတွေလွင့် အောင် စွမ်းဆောင်နိုင်ပါရဲ့...လေ
ကဗျာဧကရီလှထိပ်တင်
အို.....အရှင်မရယ်
ဒီတခါံတော့ ကဗျာကိုရင်း မာယာတသင်းနဲ့ ရင်တွင်းညှိးပုတ် နှလုံးသားအတုလုပ်ပြီး တကိုယ်စာကောင်းဖို့ အမည်သညာခိုးစား သူဖုန်းစားလို သားသမီးမမည် အမြှောင်ကပ်ပါး လူဝင်စားများ အရှင်မခြေရင်း ဝပ်ဆင်းခြင်းကြောင့်
မျက်နှာတော်ညှိး စိတ်တော်ဆိုးရင်
ရာဇသံပြင်း အမိန့် တစင်းနဲ့
ပစ်ခွင်းနှိမ်သတ်
ကဗျာနန်းရပ်မှ အပြီးတိုင် နုတ်ရှင်း
နှလုံးသား လောင်တိုက်သွင်းလို့ ဖယ်ရှားပေးတော်မူပါစေကြောင်း
လျှောက်ထား တောင်းဆိုအပ်ပါသည်
ကဗျာပိုင်စိုးမှုဧကရီ
အို....အရှင်မ...သခင်
ရွှေပန်းချီ
ရွှေရဲ့ခံစားမှုသက်သက်ကို ရေးတင်ခြင်းဖြစ်ပါတယ် ရှင်။ အဆင်မပြေမှုများရှိခဲ့ပါက ခွင့်လွှတ်ပေးပါရှင့် ။ံ
— with Thurainnaymin Kyauktaga and 86 others.

့((ချစ်ခြင်းငယ်ပြိုင်...နိုင်ချင်ပါရဲ့))180

့((ချစ်ခြင်းငယ်ပြိုင်...နိုင်ချင်ပါရဲ့))
နေရဉ္စာချောင်းနဘေး
ချစ်သူတေးသံ
သောင်း..သောင်းညံခဲ့........

ချစ်သူမျက်နှာ
စက္ကန့်မခြား
ပျောက်မသွားအောင်
မျက်ဝန်းတစိတ်
ခနမပိတ်ဘူး
သက်ပုံရွယ်စူး
အချစ်ထူးတဲ့
ကိန္နရာတို့ အချစ်လေး.....နော်
မိုးဝဿန်က
ကြည်စယ်ပြလို့
တညဥ့်တာလေး
ချောင်းဟိုဖက်ဝေး
နှစ်ပေါင်းခုနှစ်ရာ
ဆွေးကြာလို့ငိုရင်း
သူတို့ချစ်ခြင်း အပြစ်ကင်းလေရဲ့......
မောင်...ရေ
တညထက်များ ရက်ရှည်လသွား
နှစ်များသိုတိုင် အချစ်ခိုင်လေး
သူတို့နဲ့ အပြိုင် နိုင်ချင်သေးလို့..........
ဘယ်သို့ စခန်း
ဘယ်သို့တမ်း......
ဘယ်သို့ နွမ်း
ဘယ်သို့ လွမ်း.......
ဘယ်သို့ ချစ်ပုံ
ဘယ်သို့ ကုန်မလဲ
်ချစ်သူဖြေကြားပေးပါလားကွယ်။
ရွှေပန်းချီ
ရွှေချစ်သောသူငယ်ချင်းတို့အတွက် အချစ်ကဗျာ လေးရေးပေးလိုက်တယ်နေီာ
— with မိုး ဟိန်းကျော် and 82 others. L

မြတ်နိုးမိသော ကဗျာ(179)

                   မြတ်နိုးမိသော ကဗျာ
တွယ်တာမိသော ကဗျာ
လေးစားမိသော ကဗျာ
တန်ဖိုးထားမိသော ကဗျာ
ကဗျာ အတွက် ခေတ်အဆက်ဆက်
ရင့်သက်ကြွေသူ
ပင့်သက်ချွေယူ လဲ
ကမ်းလင့်လျက်ပါပဲ
ရွှေပန်းချီ
Unlike ·

ရွှေတို့ ပျော်နေတဲ့ အညာမြေ...ရှင့်(178)

                 ရွှေတို့ ပျော်နေတဲ့ အညာမြေ...ရှင့်
အညာနွေပူပူ
ဖုန်ထူထူ လဲ
ရွှေတို့ ပျော်ခဲ့ပါတယ်.....ရှင့်။
အညာအလှအစုံ
ပြောလို့မကုန်
မြတ်တရားအလှ
သဘာဝအပြ
လှမျိုးစုသေး
မယ်လေးပါးပေါ်
သနပ်ခါးအဖော်ထိ
အေးချမ်းအလှစုံ
အဖုံဖုံမှာ ရွှေ တို့ပျော်ခဲ့ပါတယ်.....ရှင့်။
အညာသူစကား
ကြားသူများ
နားတွင်ချိုစေ
ယဉ်ကျေးလေ..လို့
ဖိုးဖွားအမှာတရား...လက်ကိုင်ထား ရှင့်။
ဒါမို့လေ
ဘယ်သူမပျော်ပျော် ရွှေတိုပျော်......
ဘယ်သူမမော်မော် ရွှေတို့မော်........
ဘယ်သူမခေါ် ခေါ် ရွှေတို့ခေါ်......
ဘယ်သူအဖိုးမထား ရွှေတို့ထား.......
အညာမြေက အလှတရား
အညာသူပါးက သနပ်ခါး.....ရှင့်။
ရွှေပန်းချီိ
အကိုစကားဝါမြေကဗျာလေး ဖတ်ရင်း ကော်မန့်မှာရေးလိုက်တဲ့ကဗျာလေးပါ
အဆင်မပြေရင်ခွင့်လွှတ်ပါရှင်
ရွှေတို့ကတော့ အညာကို ချစ်တယ်ရှင့်
— with Ko Htet and 91 others.
Li

့((ခင်မောင်ရင် ရဲ့......မယ် တက္ကသိုလ်သူ))177

့((ခင်မောင်ရင် ရဲ့......မယ် တက္ကသိုလ်သူ))
ပိုးဖဲဇာ အဖိုးမနည်းပါလည်း
အရိုးစွဲအောင်
ကြိုက်တဲ့.....ခင်
ဘီအေ ဆံတုံး
ထမီမှာ အထက်ဆင်ဆင့်ဖုန်းလို့
သိမ်းကျုံးအောင်
အလှရယ်.....ဆင်
်ဟန်ပန်ရယ် အလွန်မက်သမို့
သဇင်ခက်ရယ်တဲ့
ခေါင်းမှာ..တင်
စစ်ကြိုခေတ် ပျိုမဒီရယ်
ခင်မောင်ရင် ကျိတ်ပုန်းစိုက်အောင်
ပုသိမ်ထီးက
လက်ဝယ်....ယဉ်
မယ်မြန်မာတက္ကသိုလ် ကျောင်းသူတသိုက်
ဟန်မကိုဋ်က ကတော်ထိုက်တယ်ကွယ့်.....လေးး။
ရွှေပန်းချီ
ရွှေဒီပုံလေးကို မြန်မာ့စစ်ကြိုခေတ် ဓာတ်ပုံများထဲမှ ကြိုက်နှစ်သက်၍ ယူထားခြင်းဖြစ်ပါတယ်။
မြန်မာ မိန်းကလေးတွေ ခေတ်နဲ့အညီ ဝတ်စားခဲကြတာ ဟိုတုန်းကထဲကပေမယ့် မြန်မာ့ဟန်တော့ မပျောက်ခဲ့ပါဘူး နော်။
— with ချစ် စမ်းမောင် and 74 others.
L

့((((ဘဝအဆက်ဆက်ပေါင်းဖို့ရွယ်)))176

့((((ဘဝအဆက်ဆက်ပေါင်းဖို့ရွယ်)))
ရေစက်ဟောင်း ဖူးစာရှင်
ချစ်ကြင်အလှလေး။
တူနှစ်ကိုယ် ရွှေလက်တွဲလို့
ဘုရားပွဲ ကျောင်းပွဲတက်မယ်
သက်တိုင်မနှေး။

ဒွေးချိုးးး

ရွှေပန်းချီ

((မခွဲချင်ပေမယ့်...ဝေးတဲ့လက်ကလေးများ))175

((မခွဲချင်ပေမယ့်...ဝေးတဲ့လက်ကလေးများ))
with Myat Noo Khin and 87 others.


ဘယ်ကိုသွားသွား လက်တွဲထားလို့
သိပ်ချစ်ကြတဲ့ မောင်နှမလေး
အချိန်တန်အရွယ်ရောက် ကိုယ်လမ်းကိုလျှေက် တယောက်တဖက်အဖော်နဲ့ လက်ကလေးတွေ ဖြုတ်ခဲ့တယ်.........

ကျောင်းနေအရွယ်
ချစ်သူငယ်ချင်း အပေါင်းသင်းလေး
မုန့်တွေဝေစား နေများမကောင်းငို သံယောဇဉ်ပိုလဲ ရည်ရွယ်ချက်ပန်းတိုင် လှမ်းကိုင်နိုင်ဖို့ လက်ကလေးတွေ ဖြုတ်ခဲ့တယ်.........
ချစ်သူတွေဖြစ်
တကယ်ချစ်လို့ တွေ့လိုက်တိုင်းချွဲ တသက်မခွဲဘူး ယုယပိုလို့ မင်းလက်ကလေး အမြဲကိုင်ထွေးမယ် ပြောဘူးကြလဲ
ဒီကနေ့ချစ်သူ မနက်ဖြန်မုန်း တစိမ်းလုံးလုံးမို့  လက်ကလေးတွေ ဖြုတ်ကြတယ်...........
မိဘ မောင်ဖွား
ဆွေမျိုး သားချင်း
ငယ်ချင်း ချစ်သူ
သားသမီးသူတွေလဲ
တနေကွယ်ရိုး တမိုးချုပ်ရင် တဘဝနှင်လို့ ကိုယ့်ခရီးတကိုယ်စာ
်ကိုယ်သာတယောက်မသွေလျှောက်လို့
တွဲလက်အားလုံး ဖြုတ်ကြတယ်....နော်။
ရွှေပန်းချီ

Saturday, January 10, 2015

ရွှေပန်းချီ ရဲ့ ကဗျာ (၁၇၄)


ကဗျာလေး
ကဗျာ တဲ့
ကဗျာဆိုတဲ့ စကားလုံး
နှလုံးသားပြုံးတယ် ..........
ကဗျာ တည်ရာအရပ်
စိတ်ဝိဥာဉ် ခတ်တယ် .............
ကဗျာ ဖန်ဆင်း
ကမ္ဘာတခုတောင် လင်းသွားနိုင်တယ် ...
ကဗျာ ထိုးစစ်
အနုမြူတောင် ပစ်ခွင်းသွားမယ်.......
ကဗျာ အလှဆုံး
မယ် ဥမ္မာ ရှုံးသွားမယ်.......
်ကဗျာ သည်သာ ကဗျာ ပါနော်
ရွှေပန်းချီ

ကဗျာရဲ့ အပျော် ကမ္ဘာကျော်မယ်တဲ့ Jon Thuya က

ကဗျာ့ အရည်အချင်း goodကောင်းခြင်းတဲ့ ကိုကရင်လေးနဲ့ ဦးမိုးကျော်က

ကဗျာလူတွေရဲ့ စိတ်ကို နူးညံ့စေသော ကဗျာ ခံစားတတ်လာတဲ့ ကဗျာ သိမ်မွေ့လာတဲ့ ကဗျာ ပြိုင်ဆိုင်ခြင်းကင်းမဲ့တဲ့ကဗျာ ပြိုင်ဆိုင်ချင်တဲ့စိတ်ကို ဖျက်ပေးတဲ့ကဗျာ သဝန်တိုမှုတွေကင်းတဲ့ကဗျာ.တဲ့ကဗျာဆရာနွေဦး

ကဗျာဆို လူ့စဉ်းစားညာဏ်ရဲ့ ပဲ့တင်သံ ။အကိုအေးမင်း က

ကဗျာဆိုတာ စိတ်ခံစားမှု့ကို
အလှပဆုံးအသုံးအနှုန်း ထုဆစ်လို့သုံးစွဲ
စကားလုံးတွေနဲ့ရေးတဲ့ပန်းချ
ိသိသလောက်ရေးခဲ့တာပါ မပန်းချီရေ တဲ့ Ko Hla Lay Sein

ကဗျာဆိုလူ့ နှလုံးသားရဲ့ပဲ့တင်သံ.....တဲ့ Ko Sitsit Kyaw

စိတ်ခံစာSitsit Kyawရဲ့ ထွက်ပေါက်
ပေါ့နော် ညီမကတော့ ကဗျာတွေကို
နှစ်သက်တယ် ကြိုက်တယ်ရေးတတ်တဲ့
သူတွေကိုလည်း လေးစားတယ်
်တဲ့ ကဗျာချစ်သူညီမလေးကပြောတယ်

ကဗျာဆိုတဲ့စကားလုံးအပေါ်
ပိုင်းခြားဝေဖန်နိုင်တဲ့ အခြေအနေမဟုတ်ပေမယ့် ကဗျာနဲ့ကဗျာဆရာတွေအပေါ် လေးစားမှုအပြည့်နဲ့ အားပေးသူတစ်ယောက် တဲ့ အနှိုင်းမဲ့ မောင်လေးက

ကဗျာဆိုတာရင်ထဲကလာတဲ့ပဲ့တင်သံလို့ပြောယင်ရလားမမပန်းချီ တဲ့ ခွပ်ဒေါင်းနီလေးက

ကို Za Ya ကတော့
ကဗျာ ကဗျာ လှလိုက်တာ ကဗျာ တဲ့

Chit Min Myat ကတော့*ကဗျာ*ဆိုတာ---
နှလုံးသားက ပေါက်ဖွားလာတဲ့---
ပျော်ရွှင်မှု့ လွမ်းဆွေးမှု့ ဆိုတဲ့---
ခံစားချက်လေးတွေကို
ဖွင့်ဟရေးဖွဲ့တာလို့---
ယူဆထားပါတယ်---။

ကဗျာဆရာလေး ခိုင်မြဲသာကတော့
ကဗျာဆိုတာအသံတိတ် ငိုကြွေးခြင်း
အသံတိတ် ပျော်ရွှင်ခြင်းတို့
ကိုယ်စားပြုတဲ့ ခံစားမှုလည်း
ဖြစ်တယ်။ကဗျာဆိုတာ အနုပညာအား
လုံးကိုအုပ်စိုး သုခုမ ဘုရင် မျိုးပဲဖြစ်တယ်

ကဗျာဆိုတာ
နူးညံ့သိမ်မွေ့သော
နှလုံးသားရဲ့ပဲ့တင်သံလို့ပြောလို့ရမလားဟင်မမ
ပိုးအိကဗျာတွေကိုချစ်တယ်
ကဗျာချစ်သူတွေကိုလေးစားတယ်မမရေ
တဲ့ ချစ်သော မြမြက

ကိုရိုး ကိုရိုးကတော့
စိတ်ရဲ့ တံခါးတစ်ချပ်

Taylar Chitthu ကတော့
ကဗျာဆိုတာ နှလုံးသားရဲ့ပန်းတစ်ပွင့်ပါပန်းချီ ရေ...

Kapyar Ponna ကတော့ က ဗျာ တဲ့

ရွှေနန်းတော် သာမြေဘုံခန်း လှမ်းလာခဲ့ပါ 173


ရွှေနန်းတော် သာမြေဘုံခန်း
လှမ်းလာခဲ့ပါ

မန်းတောင်ဘွေ ၊ သာစခန်းမှာ
ကျုံးဘောင်ခွေ ၊ကလျာထပ်ပါလို့
ရွှေနန်းပြသာဒ် ၊ တံတိုင်းဆင်
နှိုင်းယှဉ်စရာ ၊ပမာပြောရရင်
သာယာပေါတဲ့ ၊တာဝတိံသာ
နတ်ဒေဝတာ ဖန်ဆင်းသို့ လေး။

အရှေ့တခို ၊ မှိုင်းစို့တဲ့ညို့ 
ဆိုင်းမို့မို့ကျင်းစေဆောင်
ရန်ကင်းတောင် ၊ပိတ်လှောင်ခပါလို့
စိမ့်မှောင်ကာ ပြန့်ပြော
အောင်ပင်လယ် မြေတကြောရယ်နဲ့
သာမောစရာပေါင်း ပန်းကြာစုံချောင်း။

အနောက်တခို ၊မင်းဝံညိုတို့
သွေစည်မကွာ ၊တပြေညီညာလှတဲ့
မင်းဧရာမဒီမြစ်က ၊ဝိုင်းပတ်လို့ရံ
ကိုင်းလက်သဏ္ဍန်စစ်ပင်မြို့ရယ်ကြောင့်
မင်းနှစ်မွှာ ခရီးပင်ဆက်ရတဲ့
အင်းဝ ရွှေတံတား ...။

တောင်ဖက်မှာ ၊ ဆောင်စက်ရာ
ဘုံကြငှန်းနဲ့ ၊စံမြန်းတဲ့ မုနိမဟာ
မြတ်ဘုရားရှင် ၊ကိုယ်ငွေ့သင်းတာမို့
သည်လူ့ပြည် ဘယ်နေရာဘုံဌာနနဲ့
နှိုင်းတင်စရာ ရှာမတွေ့ကွဲ့လေး။
ရွှေပန်းချီ
တတ်သိနားလည်သလောက်လေး
ရေးနေတာပါ လိုအပ်မှုတွေသည်းခံပေးပါနော်
— with Za Ya, Moesandar Shwemdy, အလင်း ခါး and 39 others.

့ (( မင်းကျန်စစ်ရဲ့ ....ပန်းမကိုဋ်သခင်))172


့ (( မင်းကျန်စစ်ရဲ့ ....ပန်းမကိုဋ်သခင်))

သခင်နဲ့မထိုက် ပန်းမကိုဋ်လို့
အဘယ်သူညွှန်ပြခဲ့သမို့
ခင်ဦးရင်တွင်း အသဲမြှားခွင်းခဲ့ပါသလဲ
အမောင်ရှင်.....

ချစ်ထုံးဖွဲ့ချည် မေတ္တာတည်မှ
အသဲကိုခင်း ပြည့်ဝမ်းတင်းဖို့
ပုဂံပြည်ထီး မင်းနန်းကြီးသို့
အကျွန် မိဘုရား လုပ်ရမယ်တဲ့လားလေ

သခင်သစ္စာ အကျွန့်မှာရောက်
အဖမင်းအတွက် သွေးကတိတည်ထောက်လို့
အသဲမာတဲ့ မင်းကျန်စစ်က
အချစ်ဦးကို ပစ်ခဲ့တာလား....အမောင်

သဲဖြူခင်း ရာဇမတ်ကာလို့ခေါ်
ရွှေရထားတော် ခြေခုံရင်း
ဝပ်စင်းကာ ဒူးထောက်
မဏိစန္ဒာဒေဝီ တော်ကောက်ရာသို့
လိုက်ပါပို့ဆောင် မင်းကျန်စစ်ရယ် အသဲမာအောင် နေနိုင်လွန်းပါဘိ...်

ရွှေဗဟိုစည်မောင်းသံ သုံးချက်ပြန်သား
မင်းရာဇာပလ္လင်မှာ ရွှေသခင်ထိပ်ထား
အိပ်ဖန်များလည်း ပျက်လှပါပေါ့
ဘဝဝဋ်ကံကြမ္မာထံ အပ်နှံရသစ္စာတခိုင်
ယိုင်နဲ့လို့ မရွှင်အား
မယ့် မောင်တပါး သိပါရဲ့လား......... ထီးလှိုင်ရှင်ရယ်။
ရွှေပန်းချီ

ရွှေကဗျာလေးကို ပုဂံနန်းသုံးစကားလုံးလေးတွေနဲ့ ရေးပြထားပါတယ် ရွှေတတ်သိသလောက်ကလေး မို့ အမှားများ လိုအပ်ချက်များ ရှိပါက ခွင့်လွှတ်နား လည်ဖတ်ပေးပါလို့ ပန်ကြားအပ်ပါတယ်ရှင်

ကဗျာလေးရေးဖို့ ပန်းချီကားလေးခွင့်ပြုပေးတဲ့ မချောချစ်ထွေး ရဲ့ ဖေဖေ့ Art Kyaw Kyaw့  ကိုလည်းကျေးဇူးအထူးတင်လျက်ပါရှင်
— with မမ မိုးလေး, နှင်းဆီ နှင်းဆီ, Aung Moe and 82 others.

((ပဒုမ္မာကြာရယ် ကျုပ်ရည်းစားနဲ့ ညားအောင်စောင့်အုံးကွယ်))

((ပဒုမ္မာကြာရယ် ကျုပ်ရည်းစားနဲ့
ညားအောင်စောင့်အုံးကွယ်))

ဝေးနေတာလဲ ကြာ
မေးနေရတာလဲ ကြာ ပေါ့

တွေးပူရတာလဲ ကြာ
ဆွေးသူသောကလဲ ကြာ ပေါ့

မမြင်တာလဲ ကြာ
မကြင်မှာစိုးစိတ်ကလဲ ကြာ ပေါ့

မျှော်ရေးကလဲ ကြာ
ခေါ်ရေးမသာတာလဲ ကြာပေါ့

ချစ်ရက်တွေလဲ ကြာ
သစ်မွေ့မှာဝန်တိုတာလဲ ကြာ ပေါ့

ကြာ ကြာ ကြာ
ကြာတာတွေများလို့
ကြာတာမများဖို့
ကြာတွေလှူရအောင်....နော်မောင်။
ရွှေပန်းချီ

(((အဇ္ဇျတ္တ ရဲ့ ပဋိပက္ခ)))

(((အဇ္ဇျတ္တ ရဲ့ ပဋိပက္ခ)))

ချစ်ခဲ့သူကဗျာလှလှတွေ
ငါကဖတ်တိုင်းအရမ်းလွမ်းတယ်လို့ နှလုံးသားလေးကပြောလိုက်ရင်
ပျက်လုံးတခုလို ဟားတိုက်ရယ်တာ
ဦးနှောဏ်ကပေါ့....
ဒိအခါ နှလုံးသားကလန့်ငို
နုတ်ခမ်းကလေးတုန်ရှိုက်
ငါကိုယ်၌ပဲ မျက်ရည်ကျပေးရတော့တယ်

ချစ်ခဲ့ကြသူ သစ္စာပျက်လို့
အချစ်သစ်ပန္နက်ချတာ
ငါမြင်တော့.........
ဦးနှောဏ်က နှလုံးသားကို
ခေါင်းလောင်းထိုး
မင်းယုံစားကိုးခဲ့သူတွေတဲ့
အဲခါကျရင် နှလုံးသားက ငါ့ကိုအပြစ်တင် နင်မကြည့်ရင်မမြင်ဘူးပြောတော့
နှုတ်ခမ်းလေးက သက်ပြင်းချ
ငါပဲတရားခံကျ ရတာပါပဲ.........

ဒီတခါတော့
သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦး
ရင်ခုန်စရာ အချစ်ပန်းတွေခူးပြီး
ရိုးမြေခ ပေါင်းဖော်ကြတာ
ငါကြည့်မိတော့.....
ဦးနှောက်ကတိတ်ဆိတ်
နှလုံးသားက အိပ်လို့
နှုတ်ခမ်းကလေးကတော့ သဲ့သဲ့ပြောတယ်
ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ပါစေ တဲ့

ငါဆိုတဲ့ မျက်လုံးလေး ကိုယ့်ဖာသာ အသာပိတ်တိတ်တိတ်ကလေးပဲ နေရတော့တာပေါ့.....ကွယ်။
ရွှေပန်းချီ

((မင်းလက်ကလေး.....ကိုင်ချင်လို့)

((မင်းလက်ကလေး.....ကိုင်ချင်လို့))


အသဲကျွမ်းမိသူ...ခင်
သည်....ရင်ခွင်မှာ
ဒဏ်ရာ ဗလပွမို့
ဖြေဆည်ရာ ခဏ
ဖွေရှာမောမိရပါတယ်.......မောင်

ဒီသံသရာ မြေတကြော
မျက်နှာစိမ်း.....ကမ္ဘာမှာ
ရင်ခွင်ညှာ ခင်....မလိုပါ..နော်
စေလိုရာသာ စေနိုင်ဖို့အတွက်
မောင့် ရဲ့ ....
မေတ္တာစွက်တဲ့
လက်ကလေးတဖက်သာ
ဖေးကူပါ.....မောင်။
ရွှေပန်းချီ

((( အဖြူရောင်...ဖဲကြိုးလေးတွေ ))


့((( အဖြူရောင်...ဖဲကြိုးလေးတွေ )))

ပန်းလေးတပွင့်မှ
ပင်များအပေါင်း
အသောင်းသောင်းကိုပွင့်စေ..သ

ပုခက်လွဲသော မေတ္တာရှင်
ကမ္ဘာတွင်အောင်ပေးဆပ်...သူ

နွေးထွေးအကြင်နာ
ရင်မှာအစဉ်သာရှိသော...သူ

သူဆိုသော
အဖြူရောင်ပန်းသခင် အမိနွယ်ဝင်
လူသားမိန်းခလေး နွမ်းမသွားရေး
ပေးစမ်းကာအတူ လက်တွဲကူစို့

အဖြူရောင် ဖဲကြိုးကလေး နုဖတ်
အရောင်ထပ်ဆိုး ပွဲမတိုးနိုင်
မဲညစ်စွန်းခ တဒင်္ဂနှင့်
ထာဝရအသက် မပျက်စေရေး ဝိုင်းထိမ်းပေးစို့

ှ်အဖြူရောင် ကလေးတွေအညွှန့်
ထပ် ထပ်လွန့်အောင်
ကူညီရအောင် .......သူငယ်ချင်း။

တဘဝတသက်မှာ စိတ်အနာမရဖို့
ကျွမ်းဝင်သာနှော ချစ်သူအပြော....နဲ့
ခင်မင်အားကိုး ရင်းနှီးသဘော...သူ
လူမမယ်အရွယ်မတန် ခလေးမှန်များ
သတိထားကာကွယ်
ကိုယ်သွေးသားနှယ်သို့
စာနာတရား အမြဲထားလို့
ကာကွယ်ပေးပါ.....သူငယ်ချင်း
ရွှေပန်းချီ

ရွှေတတ်သိသလောက်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်ရှင်။
အဖြူရောင် ဖဲကြိုးလေးလို အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကင်းစင်လွတ်မြောက်ကြ ပါစေနော်။
— with Hanhan Sane, Lwam Yin Mg, May Smile Lay and 79 others.

(((မာနဒေဝီရှင်.....အလှသခင်))


(((မာနဒေဝီရှင်.....အလှသခင်))

ဒုဋ္ဌဝတီအမည်ပြောင်းစီး
မြစ်ငယ်ချောင်းကြီးနဲ့
မြစ်မင်းဧရာဆုံရာဌာနေ
ကြက်လျှာစွန်းထွက် မြေနုကျွန်းစက်
အင်းဝနေပြည် ရွှေနန်းထီးထီး
တဖန်ပြန်တည်ထောင်
ဘကြီးတော်မင်းခေါင် ရဲ့
တောင်ညာစံဒေဝီ မာနမိဘုရား
လွန်ကျော်ကြား၏
ရာဇဝင်စာစကား တဆင့်ပါးသော်.........

အမရထီးနန်း....တဖက်ကမ်းတွင်
ပြည်သစ်တည်စ.....အခါကာလ၌
ပြည့်မြောက်အရပ်စီ.....ထဘီနီစွန်ချီဝဲ
ပြည်တဘောင်.....တုန်လျက်ကဲချိန်
ရွှေအိနြေ္ဒပျက်ရအောင်....ဖြစ်ရပ်ထဲမှ
နုလေးခင်နှမ.....ကံဇာတာတက်ရတယ်
ပြောစမှတ်တွင်.....ရှင့်။

အမရပူရတည်....ဘိုးတော်ဗဒုံမင်းဆီမှ
ဥာဏ်အမြှော်မြင်နဲ့.....နန်းတော်ဝင်
အပျိုစင်ဘဝ ..အရှင်မွေးလို့ နေ့ခြင်းကြီး
မာနတော် အလွန်ထီးသတဲ့

မြေးတော်သူ....စစ်ကိုင်းမင်းက
ရည်စူးချက်မှန်....ချွှေခူးရက်သန်လို့
စုလျားရစ်သစ်.....အချိန်မနှစ်ခင်
စစ်ကိုင်းမင်းအိမ်ရှေ့စံ ဘကြီးတော်ဘွဲ့ခံ
နုထိပ်တင်....တောင်ညာစံ ဘိသိက်ခံရတယ်......ရွှေမြင့်စံလေး။

အချောအလှရယ်....နာမည်ကြီးသလို
မာန်မာနရယ်....အလွန်တောက်တာမို့
မင်းနားဝကို....အခါခါလျှောက်တွန်း
့နန်းဦးလွင်....သစ္စာဖောက်ရယ်လို့ အပြစ်တော်မြင်....အချစ်ပြင်ချက်မို့
ဘဝနေဝင်ချိန်.....မလှပရှာတယ်
မာနသူ....မင်းမယ်နုဒေဝီ
အင်းဝပြည်.....ရာဇဝင်တွင်ကျန်တဲ့
ဘုရားအုတ်ကျောင်းတကာမရယ်လို
ပြောစမှတ်အပေါင်း....ရှင့်။

မာနတံခွန် ....မင်းမျက်လွန်၍
သေလွန်အံ့ဆဲ ....ခဏထဲဆီ
ဦးဗုဓ်မည်ပေ .....ကဝိထေရ်ထံ
ယူစေသြဝါ ...တောင်း၍ခံသော်
သူ့ကြွေးတော်ကား ကျေသော်ကောင်း၏
ကျေအောင်ဆပ်ပါ ....တစ်ခွန်းသာပြ
ဒီမျှသာတည့် ....မာနသခင်
ဒေဝီရှင်၏ ....ရင်ခွင်နောင်တ
သံဝေဂကား ....နောက်ကျမသွေ
မြေခလေသို့ ....ညီရင်းနောင်ဆွေ
သင်တို့တွေလည်း ....မစေမာန
ဖယ်ခွါကြ၍ မြေမခ....ခင်
ကုသိုလ်ထင်၍ ရှေ့တွင်အောင်ပန်း
ဆက်ကာလှမ်း----ရှင့်။

ရွှေပန်းချီ
အထက်ပါစာလေးများကို ဆရာကြီး ပါရဂူ၏ တောင်ညာစံ အခန်းဆက်ဝထ္တု ရှည်ကြီးထဲမှ ကောက်နုတ်ရေးချယ်ခြင်း ဖြစ်ပါသည်။ လိုအပ်သည်များရှိပါက ခွင့်လွှတ်ပေးပါရန်တောင်းပန်အပ်ပါသည်ရှင့်။
— with La Yeik, Taylar Chitthu, Chaw Chit Htway and 89 others.
စောမွန်လှဟာ ရှမ်းပြည်နယ်သူ စယ်လန့်ဇာတိဆိုတာ ခိုင်မာတဲ့ သက်သေ အထောက်အထားများ ယနေ့တိုင် ရှိနေသေးတာကို စယ်လန့်ကို ရောက်ဖူးခဲ့ရင် တွေ့ရှိရမှာဖြစ်ပါတယ်။ စယ်လန့်ရွာဟာ ရှမ်းပြည်နယ်က မူဆယ်မြို့နဲ့ နမ်းခမ့်မြို့အကြားမှာ တည်ရှိနေတဲ့ရွာဖြစ်ပြီး စယ်လန့်သူတွေဟာ အင်မတန် ချောမောလှပတယ်လို့ ခုချိန်ထိလည်း နာမည်ကြီးပါတယ်။ ဒီအဆိုစကား မှန်မမှန် ပုဂံရာဇဝင်ကို နောက်ပြန်လှန်လို့ ကြည့်ကြမယ်ဆိုရင် အသားအရေ ဖြူစင်ဝင်းနှစ်ပြီး ပါးအို့လေးများ နီစွေးနေတဲ့ မောပျိုဖြူ မင်းသမီးလေးကို အနော်ရထာမင်းက တော်ကောက် သိမ်းပိုက်ခဲ့တာဟာဖြင့် ရှမ်းမင်းသမီးလေးရဲ့ လှပချောမောမှုက ထိပ်ဆုံးကပါဝင်ပါလိမ့်မယ်။ ရှမ်းမင်းသမီးလေး စောမွန်လှနဲ့ ပုဂံပြည့်ရှင် အနော်ရထာမင်းတို့ရဲ့ မေတ္တာဇတ်လမ်းလေးကို နောက်ပြန်လို့ သွားကြည့်ကြရအောင်လားရှင်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ခရစ်သက္ကရာဇ် ၁၀၀ လောက်ကတည်းက ရှမ်းလူမျိုးတို့ဟာ ရွှေလီမြစ်ဝှမ်း တစ်လျှောက်မှာ တိုင်းပြည်တည်ထောင်ပြီး ရှမ်းစော်ဘွားများက စိုးမိုးအုပ်ချုပ်နေခဲ့ပြီ ဖြစ်ပါတယ်။  ရှမ်းတို့ရဲ့ တိုင်းပြည်တည်ထောင်ချိန်ဟာ ပုဂံနေပြည်တော်ကြီးကို တည်ထောင်ချိန်နဲ့ တစ်ပြိုင်တည်း ကျတယ်လို့ ဆရာကြီး ဘီအေဦးဘသန်း ရေးသားပြုစုတဲ့ မြန်မာရာဇဝင်ကျမ်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ မြန်မာသက္ကရာဇ် ၃၀၀ကျော်ခန့်အချိန်ဟာ မောရှမ်းတို့ရဲ့ ပြည်နယ်ကိုးခုကို အုပ်ချုပ်တဲ့ ရှမ်းစော်ဘွားကြီး စဝ်ဆေခန်ဖဟာ စယ်လန့်လို့ ယခုတိုင်ခေါ်ဆိုဆဲဖြစ်တဲ့ ဒေသမှာ ထီးနန်းစိုက်ကာ စိုးစံနေတဲ့အချိန် ဖြစ်ပါတယ်။ စော်ဘွားကြီး စဝ်ဆေခန်ဖ နတ်ရွာစံပြီး နောက်မှာတော့ သားတော်ဖြစ်သူ စဝ်ဆေဟုံဖက ဆက်လက်အုပ်ချုပ်ပါတယ်။ စော်ဘွားကြီး စဝ်စေဟုံဖနဲ့ မိဖုရား အဂ္ဂမဟေသီဒေဝီတို့ကနေ သက္ကရာဇ် ၃၉၅မှာ သမီးတော်လေး စောမွန်လှကို မွေးဖွားခဲ့ပါတယ်။

၄၁၈ခုနှစ်ရောက်တဲ့အခါ ပုဂံနေပြည်တော်ကို  စိုးစံတော်မူတဲ့ အနော်ရထာမင်းဟာ ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည်ကို သွားရောက်ပြီး  မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်ဖြစ်သော ဗုဒ္ဓမြတ်စွယ်တော်ကို  ဖူးမျှော်ပါတယ်။ တရုတ်မင်း ဥတည်ဘွားက လက်ဆောင်ပေးလိုက်တဲ့ မြဘုရားတစ်ဆူကို ပင့်ဆောင်ပြီး တရုတ်ပြည်က အပြန်မှာ စယ်လန့်နေပြည်တော်နဲ့ မဝေးလှတဲ့ ရွှေလီမြစ်ကမ်းက ဟိုလောင်းရွာကလေးမှာ စခန်းချနေပါတယ်။ အဲဒီလို စခန်းချ နားနေစဉ်မှာ ရှမ်းတို့ရဲ့ ဥသျှောင် စယ်လန့်စော်ဘွား စဝ်ဆေဟုံဖနဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဖြစ်ကြပါတယ်။ ဘုရင် မင်းဧကရာဇ်များရဲ့ထုံးစံ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် လက်ဆောင်ပဏ္ဍာ ပေးဆက်ကြရိုး ထုံးစံရှိကြရာ ရှမ်းမင်းသမီးလေး စောမွန်လှဟာလည်း ပဏ္ဍာ ဆက်ခံရတဲ့မင်းသမီး ဖြစ်လာပါတယ်။ အနော်ရထာမင်းကြီး ပုဂံပြည်ပြန်အကြွမှာတော့ စောမွန်လှ မင်းသမီးလေးကို စုလျားရစ်ပတ် လက်ထပ်သိမ်းမြန်းလို့ ရွှေနန်းတော်ကြီးဆီ ခေါ်ဆောင်သွားပါတော့တယ်။
ပန်းချီဆရာ မောင်ကျော်ညွှန့်၏လက်ရာ မိဖုရားစောမွန်လှ
အသားအရေ ဖြူစင်ဝင်းပကာ ချောညက်လှပသူ မင်းသမီးလေး စောမွန်လှဟာ ရုပ်ရည်တင်မက နှလုံးရည်လည်း ပြည့်စုံကောင်းမွန်တဲ့ မိန်းမမြတ်တစ်ဦး ဖြစ်ပါတယ်။ နက်မှောင်သန်စွမ်းလွန်းတဲ့ စောမွန်လှမင်းသမီးရဲ့ ဆံကေသာဟာ ဖြန့်များချထားခဲ့ရင် မြေကြီးနဲ့ထိလုနီးပါး ရှည်လျားလှတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ မင်းသမီးဟာ ရှမ်းပြည်နယ်မှာ နေထိုင်ခဲ့စဉ်ကတည်းက ဗုဒ္ဓဘာသာကို နှစ်သက်ကြည်ဖြူစွာ ကိုးကွယ်ယုံကြည်ခဲ့သူဖြစ်ပြီး မြတ်စွာဘုရားရဲ့ ဓာတ်တော်များကိုပင် သူမရဲ့ နားတောင်းအတွင်းမှာ ဌာပနာပြီး ကိုးကွယ်ပူဇော်ထားခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို အလွန် ကြည်ညိုကိုးကွယ်တဲ့ မင်းသမီးဟာ ပုဂံနေပြည်တော်ကို ရောက်ရှိစဉ်မှာလည်း ပုဂံပြည်ကြီးကို ဗုဒ္ဓသာသနာ စတင်ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့တဲ့ ရဟန်းတော် ရှင်အရဟံ အစရှိသော သံဃာတို့ကို ဆွမ်းကွမ်းမပြတ်အောင်  သူကိုယ်တိုင်ဦးစီးကာ နန်းတော်တွင်းမှာ ချက်ပြုတ် လှူဒါန်းပါတော့တယ်။ သံဃာတော်များရဲ့ တရားတော်ကိုလည်း အမြဲတမ်း နာယူလေ့ရှိပြီး သူမကိုယ်တိုင်လည်း တရားဓမ္မတို့ကို နေ့စဉ် ရွတ်ဆိုပူဇော်ကာ နန်းတွင်းသူ နန်းတွင်းသားများကိုပါ ဗုဒ္ဓဘာသာကို နက်နက်နဲနဲ ကိုးကွယ်တတ်လာစေရန် တိုက်တွန်း အားပေးခဲ့တယ်လို့ သိရပါတယ်။
အနော်ရထာမင်းကြီးမှာ မိဖုရား၊ မောင်းမိဿံ အခြွေအရံပေါများလှပေမဲ့ စိတ်နှလုံး ဖြူစင်ပြီး ဘာသာရေးကိုလည်း အလေးအနက် ကိုးကွယ်ဆောင်ရွက်နေတဲ့ တောင်တန်းဌာနေသူ ရှမ်းမင်းသမီးလေး စောမွန်လှကို တစ်နေ့ထက်တစ်နေ့ အချစ်ပိုပြီး အများနဲ့မတူ  မြတ်နိုးသဒ္ဓါ ထူးခြားစွာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွှေစည်းခုံစေတီတော်ကြီး တည်ထားရာသို့ပင် မိဖုရားစောမွန်လှကိုသာ မင်းကြီးအနော်ရထာက ခေါ်ဆောင်သွားလေ့ ရှိခဲ့ပါတယ်။ သို့သော်လည်း ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးရာများကြားမှာ မင်းသမီးလေးစောမွန်လှ ကံမကောင်းခဲ့ရှာပါ။ မင်းတရား အနော်ရထာရဲ့ ချစ်ခင်လေးမြတ်ခြင်းကို ပြိုင်ဘက်ကင်းစွာ ရရှိခဲ့ပေမဲ့ မင်းတရားကြီးရဲ့ ချစ်ခင်မြတ်နိုးခြင်း၊ အစစ ဦးစားပေးခြင်း၊ အလေးအနက် ထားခြင်းတို့အပေါ် မလိုမုန်းထားရှိခဲ့သူက မိဖုရားခေါင်ကြီး သီရိမာလာဒေဝီကိုယ်တိုင်၊ မိဖုရားကြီးရဲ့ အမှုထမ်းများနဲ့ နန်းတွင်းသူအချို့ပါ။
မင်းသမီး စောမွန်လှအပေါ် မကျေနပ် မနာလိုတဲ့ အမုန်းမီးတောက်တွေ လောင်မြိုက်နေတဲ့ မိဖုရားခေါင်ကြီးက နန်းတွင်းသူ၊ နန်းတွင်းအရာထမ်းများကို သူ့ဖက်ပါအောင် သိမ်းသွင်းပြီး စောမွန်လှကို အရှက်တကွဲဖြစ်အောင် အမျိုးမျိုး ကြံဆောင်ကြပါတော့တယ်။ မင်းသမီးစောမွန်လှက မိဖုရားခေါင်ကြီးနဲ့ ထိပ်တိုက်မတွေ့ရလေအောင်  ဘယ်လိုပင်ရှောင်ပေမဲ့ အငြိုးကြီးတဲ့ မိဖုရားကြီးက နည်းမျိုးစုံနဲ့ စောမွန်လှ နာမည်ပျက် အရှက်ရအောင် လုပ်တော့တာပါဘဲ။ ကိုယ်တိုင်ထိခိုက်စော်ကားလို့ အားမရ မင်းတရား အနော်ရထာထံ ဝင်ရောက်ခစားပြီး တောင်ပေါ်သူ ရှမ်းမင်းသမီး စောမွန်လှဟာ ၁၂ကြိုး ကဝေ စုန်းအတတ်ကို တတ်မြောက်သူ စုံးမဖြစ်တဲ့အကြောင်း ဂုံးတိုက်ချောစား လုပ်ပါတယ်။
စောမွန်လှကို ချစ်ခင်မြတ်နိုးပြီး ယုံကြည်ကိုးစားတဲ့ မင်းကြီးဟာ မိဖုရားခေါင်ကြီးနဲ့ အဖွဲ့ရဲ့ ဂုံးတိုက်စကားကို ဘယ်လိုမှ မယုံကြည်ခဲ့ပါဘူး။ သို့သော်လည်း တစ်ညမှတော့ ဆီမီးအလင်းရောင်များ ငြိမ်းနေပေမဲ့ မင်းသမီးလေး စောမွန်လှအခန်းမှာတော့ တလက်လက်နဲ့ တောက်ပနေတဲ့ အရောင်များထွက်နေတာကို မင်းကြီးကိုယ်တိုင် တွေ့မြင်နိုင်အောင် မိဖုရားကြီးအဖွဲ့က တိုးတိုးတိတ်တိတ် ခေါ်ပြပါတော့တယ်။ ဘုရင် အနော်ရထာက နောက်တစ်နေ့မှာတော့ မင်းသမီးလေးကို ညသန်းကောင် မီးရောင်တစ်လက်လက် ဖြစ်ရတဲ့ကိစ္စ မေးမြန်းပါတော့တယ်။ တကယ်တမ်းတော့ စောမွန်လှရဲ့ အခန်းထဲက တောက်ပနေတဲ့အရောင်များဟာ မင်းသမီး ဘုရားရှိခိုးချိန်မှာ နားတောင်းအတွင်းမှ ဌာပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်များမှ ရောင်ခြည်တော် ကွန့်မြူးတာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကိုလည်း မင်းသမီးစောမွန်လှက မြတ်စွာဘုရားနဲ့ ရဟန်းသံဃာ၊ ရတနာ သုံးပါးကလွဲလို့ အခြားဘယ်လို ကိုးကွယ်မှုမျိုးကိုမှ မယုံကြည် မကိုးကွယ် လက်မခံခဲ့ကြောင်း မင်းတရားကို အခိုင်အမာ ရှင်းပြခဲ့ပါတယ်။ ပြီးတော့လည်း “သူမကို မယုံကြည်ဘူးဆိုခဲ့ရင် နန်းတော်ကနေ ထွက်ခွာခွင့်ပြုပါ၊ သူမ မရှိခဲ့ရင် နန်းတော်တွင်းမှာ ပိုပြီးငြိမ်းချမ်းပါလိမ့်မယ်။ မွေးရပ်ဌာနေ မောရှမ်းမြေကို ပြန်ပါရစေ”လို့ အနော်ရထာ မင်းကြီးထံ ခွင့်တောင်း အသနားခံပါတယ်။
Image Hosted by PicturePush - Photo Sharing

ဆရာမောင်ကျော်ညွှန့်၏ သရုပ်ဖော်ပန်းချီထဲက မိဖုရားစောမွန်လှ

မင်းသမီးလေးကို စုန်းကဝေမလို့ ယုံကြည်သွားခဲ့တာကြောင့်လား၊ သို့မဟုတ် နန်းတွင်းမှာ ဆက်နေမယ်ဆိုရင် စောမွန်လှမင်းသမီးလေး ပိုပြီး စိတ်ညစ်ရမှာကို စိုးရိမ်တာကြောင့်ဘဲ ပြည်တော်ပြန်ခွင့် ပြုခဲ့တာလား ဆိုတာကျုတော့ မင်းတရားအနော်ရထာ ကိုယ်တိုင်သာ အသိဆုံး ဖြစ်ခဲ့မှာပါ။ ချစ်သူမျက်နှာ တစ်ရွာမှတ်ကာ နောက်တော်ပါးသို့ လိုက်ပါခစားခဲ့ပေမဲ့ ကံတရားက ဖန်လာတာကြောင့် ပြည်တော်ကို ပြန်ချိန်ကျပြီလို့ ဆုံးဖြတ်မိတဲ့ စောမွန်လှမင်းသမီးဟာ မင်းတရားအနော်ရထာကို နောက်ဆုံးဖူးမျှော်ခြင်းနဲ့ ဦးတိုက်ရှိခိုးကာ နှုတ်ဆက်ပါတယ်။ ရွှေနန်းတော်ကြီးကနေ လှမ်းမြင်နေရတဲ့ မပြီးသေးသော ရွှေစည်းခုံစေတီကြီးကိုလည်း မျှော်ရည်မှန်းဆကာ ဦးချလိုက်ပါသေးတယ်။ ပြီးတော့မှ ပုဂံနန်းတော်ကြီးနဲ့ မင်းတရားအနော်ရထာကို မျက်ရည်ဝေသီ ဆို့နင့်ကြေကွဲစွာ နှုတ်ဆက်လို့ စိတ်နှလုံး ညိုးချုံးနွမ်းနယ်စွာနဲ့ ရွှေနန်းတော်ကနေ သန်မြန်စွာဆင်ကြီးကိုစီးကာ ထွက်ခွာခဲ့ပါတော့တယ်။
သို့သော်လည်း ကံခေလွန်းရှာတဲ့ ရှမ်းမင်းသမီးလေး စောမွန်လှဟာ သူမရဲ့ မွေးဖွားရာဇာတိ စယ်လန့်နေပြည်တော်ကိုတောင် မရောက်နိုင်ဘဲ လမ်းတစ်ဝက် သီပေါမှာတင် ကံတော်ကုန်ခဲ့ရှာပါတယ်။ဗုဒ္ဓဘာသာကို မြတ်နိုးကိုးကွယ်ခဲ့သူ မင်းသမီးစောမွန်လှဟာ ပုဂံနေပြည်တော်မှ ရှမ်းတောင်တန်းများဆီ ပြန်အလာ လမ်းတစ်လျှောက်မှာ စေတီပုထိုးတို့ကို တည်ထားခဲ့သူလည်း ဖြစ်ပါတယ်

((ချစ်သူ့ .....ပါရမီဖြည့်ဖက်ကလေး)


့((ချစ်သူ့ .....ပါရမီဖြည့်ဖက်ကလေး))

ချစ်သူရေ........

ချစ်ခရီးလမ်းလေး.....
အတူထွေးလို့
ပန်းမွှေးသောလမ်းလဲ
လျှောက်ပါ့မယ်

ဘဝကြမ်းခရီး........
ဆူးတွေပြီးလည်း
မငြီးသဘော.....
အားမာန်နှောဖို့ 
ရင်ဆိုင်နွဲလို့လျှောက်ပါ့မယ်

ကံကြမ္မာဆိုးကောင်း....
သွဲ့သွဲ့ပြောင်းလည်း
မနှောင်းနောင်တ
ရင်မှာခလို့
မောင့် လက်ကိုတွဲ လိုက်ပါ့မယ်

မယိုင်ကျောက်တိုင်.......
စိုက်ထူနိုင်ဖို့
တူညီတွဲဖက်......
ပြုံးထားလျက်နဲ့လိုက်ပါ့မယ်

မောင်ကအဖြူဆို.....
ဘယ်မငြူသေး
ဘော်သာခွာဖွေး....
ထပ်တူတွေးလို့ထားပါ့မယ်

ဘယ်သောင် ဘယ်ကမ်း
ဘယ်သို့လှမ်းစေ
ကြင်နာမြတ်နိုး.....
ဆယ်ဆတိုး
သစ္စာနွယ်ယှက်....
မေတ္တာဖက်လို့
မခွဲတမ်းသာ လျှောက်မယ်...နော်။
ရွှေပန်းချီ

((ရင်နင့်မိုးရေစိုသည်....ပန်းနှင်းဆီ)


((ရင်နင့်မိုးရေစိုသည်....ပန်းနှင်းဆီ)))

ဖြေပေးလှဲ့ပါ.......ပန်းနှင်းဆီ

့်မိုးရေတွေစိုစွတ်နေတဲ့ ပန်းနှင်းဆီ
အဆင်းကလဲကြွယ် အနံ့ကလည်း ထယ်လို့မို့
မြင်မြင်သူတွေ လိုချင်မက်မောရလေသလားနော်

ပန်းနှင်းဆီလှတာ အပြစ်လို့မဆိုရက်ပါဘူးလေ
ပျားလေးတွေသောက်သုံးဖို့ ဝတ်ဆံဝတ်ရည်လဲ ကြည်ဖြူစွာပေးတတ်ပါရဲ့
ပတ်ဝန်းကျင် လှအောင်လဲ ကြိုးစားပွင့်ရှာသနဲ့
သူ့ကြောင့်လဲ အများအလယ် ဂုဏ်လဲထည်ခဲ့ပါတယ်

ဒါပေမယ့် ......
ပန်းနှင်းဆီ သခင်ရယ်
အပင်ဖျက်ပိုး က ကိုက်
တစိမ်းလက်တွေက ချိုး
မလိုမုန်းတဲ့ အက်စစ်မိုးကြောင့်
မျက်ရည်ကျလောက်အောင် ငိုနေရတာကို ကြည့်မြင်နေတာ ရင်မှာမချိလို့
မလှပါနဲ့တော့လို့ ပြောရမလား....????

လှနေတဲ့ပန်းနှင်းဆီကို ဆက်လက်
လှနေအောင် မစွမ်းဆောင်နိုင်တဲ့ ကျနော်တို့လက်တွေပဲ အပြစ်ဖို့ရမလား...????

ဖြေပါ.......
ဖြေပေးပါ.......ပန်းနှင်းဆီ

အော်
အမိမြေနဲ့တူသော ပန်းနှင်းဆီရယ်
ရင်နင့်မိုးရေစိုနေရှာတဲ့ ပန်းနှင်းဆီရယ်.....ကွယ်
ရွှေပန်းချီ

((နှင်းဆီတို့ရဲ့......ချစ်သခင်)))


 
့(((နှင်းဆီတို့ရဲ့......ချစ်သခင်)))

နှင်းဆီ အသွေး
နှင်းဆီ အတွေး
နှင်းဆီ အလှပ
နှင်းဆီ သခင်မ........

နှင်းဆီ ရဲ့ မာန်
နှင်းဆီ ရဲ့ ဟန်
နှင်းဆီ သဏ္ဍာန်ပ
နှင်းဆီ သခင်မ........

နှင်းဆီ ရဲ့ ဆူး
နှင်းဆီ ရဲ့ ထူး
နှင်းဆီ ကိုခူးသူစိတ်ကြမ်း
နှင်းဆီက တန်ပြန်လှမ်းခ
နှင်းဆီ သခင်မ.....

နှင်းဆီ ပုံပြတွေနဲ့
နှင်းဆီ ကဗျာရေးဖွဲ့ပါသော
နှင်းဆီနဲ့တူ လှပသောအရှင်
နှင်းဆီ သခင်ရေ.......
နှင်းဆီ ကဗျာလက်နဲ့
နှင်းဆီ ကဗျာတသက်တိုင်ပါစေ....နော်
ရွှေပန်းချီဲ

(((ရွှေဗဟိုစည်တော်သံ ကြားစေသောဝ်)))


 
 
့(((ရွှေဗဟိုစည်တော်သံ ကြားစေသောဝ်)))

ရတနာပုံရွှေနန်း တခို
ရွှေဗဟို စည်မောင်းသံဟိန်း
တိုင်း..ချိမ့်..ချိမ့်...ချိန်းံ
လှိုင်း..သိမ့်..သိမ့်..သိမ်းတုန်အောင်သာပ
မှန်မှန်ကာ လွဲသာထုတော့တယ်
နောင်...နောင်...နောင့်...ဒိန်းးး

တက်နေပမာ
အရှေ့ဆီမှာ ရောင်နီလာတော့
နရီစည်းချက်သံနဲ့
ဆွမ်းချက်ကြရန်ဖြင့်
အာရုဏ်ခံ ရိုက်သံဆော်တယ်
ရွှေစည်တော်....ယွန်းးးး

နေ့ဆီနော်
ဆွမ်းကွမ်းသော် တခါပြီးပြန်သမို့
စာဝါခင် လူရှင်ရဟန်းတို့
မြတ်စာပေ တက်ခါဆောင်ဖို့
နေ့စည်တော် တခါထွန်းတယ်
ရိုက်ခတ်သံ......ယွန်းးး

ညနေခင်းအခါ
အမှုအဖြာဖြာ ကိစ္စပြီး
စိတ်တွင်းငြိမ်းစီးစေရန်
မြတ်ဘုရားထံ ရေတော်တလီ
ပန်းတော် ဆီမီး ရယ်နဲ့
ဝတ်တက်ညီတစ်သင်း
ညနေခင်း
စည်တော်ယွန်း သလေး..လေး့း

တိုင်းပြည်ကြီးဂုဏ်အင်္ဂါ
စည်ကြီးအပါ အမှတ်သညာ မို့ 
မုနိမြတ်မဟာ လက်ဝဲယာက
ခန့်ညားစွာ တည်ထားပါလို့
ရွှေဗဟို စည်သံဟိန်းတယ်
မန်းရွှေပြည် ငြိမ်းစေသားးးးးးရှင့်
တိုင်းမြန်ပြည် အေးစေသားးးးရှင့်။
ရွှေပန်းချီ

ရွှေက fb ကနေ ၂၈ရက်နေ့ကထဲက ထွက်ခွာသွား
တာမို့ အခု မနက်မှ ချစ်ခင်သူတွေ မြတ်နိုးရတဲ့ကဗျာတွေ ရှိရာ FB ကဗျာတိုင်းပြည်ကို ပြန်ဝင်တဲ့ စည်တော်သံလေးမို့
ရွှေပန်းချီ ပြည်တော်ဝင်ခန်းပေါ့ နော
— with Win Khine, KP Aung, အရိန္န မာ and 32 others.